ကံအကြွေး (ဆန်းကျော်စွာဝင်း)
  Рет қаралды 3,164
Our Victory
Our Victory
Күн бұрын
ကံအကြွေး
-----------
အရှင်ဘုရား.....
ဒီတိုင်းပြည်မှာ တော်ရုံဝဋ်ကြွေးနဲ့တော့
လူမဖြစ်တန်ကောင်းဘူး ဘုရား။
လူငယ်တွေရဲ့ လက်ဖျံရိုးကို မီးဖိုပြီး
ဆီဦးထောပတ်စားတဲ့ အကျင့်ဟာ
ပဒေသရာဇ်ခေတ်တည်းက အကျင့်ပါလာပုံရတယ် ။
ဒီကမ္ဘာမှာ ဖြစ်သမျှ စစ်ပွဲတိုင်း
လူကြီးတွေ စားပွဲဝိုင်းမှာ လက်မှတ်တစ်ချက်ထိုးကြဖို့
လူငယ့်ဦးခေါင်းခွံတွေ ဘယ်လောက်များများ
နင်းဖြတ်ကြလဲ ။
ဒီစစ်ပွဲကြီး ပြီးတဲ့အခါ
အဖေဆုံးရှုံးရသူ ကလေးငယ်ဟာ စင်မြင့်ပေါ်မှာ
သူ့အဖေကို လွမ်းကြောင်း စာစီကုံးခွင့်ရမလား
ဒီစစ်ပွဲကြီး ပြီးတဲ့အခါ
ရှိသမျှ ဆုံးရှုံးသွားသူ စစ်ရှောင်တစ်ဦးဟာ
မီဒီယာရှေ့မှာ
သူ့ပင်ပန်းဆင်းရဲမှုတွေအကြောင်း ပြန်ပြောခွင့်ရမလား
အရာရာစွန့်လွှတ်ပြီး
သုညဘဝကို ခံယူသွားတဲ့ လူတွေရော
ရှိဖူးခဲ့တဲ့ မာန်မာနကို
မေးကြောထောင်အောင် ပြောခွင့်ရမလား
ဒီစစ်ပွဲကြီး ပြီးတဲ့အခါ
တောခိုသွားတဲ့ လူငယ်အချို့ကို
စင်မြင့်ထက်မှာ စကားပြောခွင့်ပေးကြမလား
မသေချာပါဘူး....
စစ်ကြီးအတွင်း နေသာသလို ငုပ်လျှိုးသွားတဲ့
နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ
တေးရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင်
အစရှိသဖြင့်
စကားပြောကောင်းသူတွေပဲ
စင်ပေါ်မှာ အာပေါင်အာရင်းသန်သန်နဲ့
သူတို့တကယ်မကြုံဘူးတဲ့
စစ်ကြီးအကြောင်း ပြောကြလိမ့်မယ် ။
ကြားဖူးနားဝ အခက်ခဲတွေကို ပြောကြလိမ့်မယ် ။
မစိုက်ပျိုးဘဲ ရိတ်သိမ်းချင်သူတွေ
ရေမလောင်းဘဲ ခူးဆွတ်ချင်သူတွေ
ဒီလိုလူတွေက နေရာတိုင်းမှာ ရှိပါတယ် ။
အရှင်ဘုရား.....
ဒီနိုင်ငံကိုက မြေမသန့်ခဲ့တာ ထင်တယ်။
လူဖြစ်လာတဲ့ ခဏ
အမေ့ဗိုက်ထဲမှာတည်းက
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရ
မွေးဖွားပြီးနောက် မယ်လမင်းပါတဲ့နို့မှုန့်နဲ့ ကြီးခဲ့ရ။
ကလေးဘဝ
အကောင်းဆုံးမုန့်ဟာ ထက်ထက်မိုးဦးကြေငြာတဲ့
ဇီးထုပ်လောက်ပဲ ရှိခဲ့ကြ။
ဘီစကစ်နဲ့ နို့ဆီဆိုတာ နာဖျားမှ စားခွင့်ရတဲ့
ကမ္ဘာ့အလယ် အကျဥ်းကျနေတဲ့နိုင်ငံကြီး ။
လူငယ်ဘဝမှာလည်း
ဘောလုံးကွင်းကို အကွက်ရိုက်ရောင်း
အားကစားချိန်မှာ အမှိုက်ကောက်ခဲ့ရတဲ့ ဘဝနဲ့
" မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ”
သံပြိုင်အော်ခဲ့ကြ ။
မီးမလင်းတဲ့ ဓါတ်တိုင်တွေအောက် ဂစ်တာတီးရင်
မှောင်ရိပ်ခိုမှုနဲ့ ဖမ်းခံရတဲ့ လူငယ်ဘဝ။
တရုတ်ထုတ်ဆိုင်ကယ်တွေ ဝင်လာမှ
ဇိမ်ခံပစ္စည်းရယ်လို့
Kenbo ဆိုင်ကယ်လောက် ပိုင်ဆိုင်ခဲ့ကြတဲ့ လူငယ်တွေ။
ကမ္ဘာကြီးဟာ ရွာကြီးဖြစ်ချိန်မှာ
မျက်လုံးပွင့်မယ်ရှိသေး
အမှောင်ထုထဲ ပြန်ဆွဲချသွားတယ် ။
လူငယ်တွေ ဘာမှားခဲ့လဲ
လမ်းဘေးမှာ ဘေထုပ်ဝယ်သလို
ကိုယ်မွေးမယ့်နိုင်ငံ ကိုယ့်စိတ်ကြိုက်မှရွေးခွင့်မရှိတာ။
ဒီနိုင်ငံမှာ မွေးလာတယ်
ဒီနိုင်ငံက လူကြီးတွေအချင်းချင်း
အာဏာ၊ ပါဝါ၊ စည်းစိမ်၊ ရာထူး လုကြရင်း
နာတာရှည်ရောဂါကြီးလို ဖြစ်နေတဲ့စစ်ပွဲထဲ
ဘဝတစ်လျှောက်လုံး ပိတ်မိနေကြတယ် ။
ကိုယ်မွေးမယ့်နိုင်ငံ ကြိုရွေးခွင့်ရှိရင်
ဒီဒုက္ခတွေ ခံရမယ် မထင်ဘူး ။
ပုဂံရှိတယ်
မြောက်ဦးရှိတယ်
ဧရာဝတီရှိတယ်
ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးရှိတယ်
ရှမ်းရိုးမ၊ ချင်းတောင်တန်းရှိတယ်။
ဒါလေးတွေကြောင့်သာ ဒီနိုင်ငံကို ချစ်ခဲ့ရတာ
တကယ့်တကယ်ကျ မွေးကတည်းက
အရာရာချို့တဲ့ ပြည်သူတွေ ။
အမိမြေက လှပါတယ်
မလှတာက လူကြီးတွေရဲ့အတ္တတွေ
ဗုဒ္ဓကို ကိုးကွယ်တာလည်း သူတို့ထိပ်ဆုံး
ဗုဒ္ဓပြောတဲ့ ငါစွဲ မပယ်နိုင်တာလည်း သူတို့ထိပ်ဆုံး ။
အရှင်ဘုရား......
တကြိမ်တခါဖြစ်ဖြစ်
တရားချချ
တန်ခိုးပြပြ
လူကြီးတွေ အသိတရားဝင်အောင်
လမ်းပြတော်မူပါ ဘုရား
လူငယ်တွေမှာ
ကိုယ့်ဓါးကိုယ်ထမ်း ကိုယ့်လမ်းကိုယ်ဖောက်ရင်း
ဖနောင့်မှာ ဆူးချက်တွေ များလှပေါ့ ။
Пікірлер: 54
@Eithu34
@Eithu34 3 ай бұрын
မောနင်း❤❤❤❤
@PyaePhyoe-br8il
@PyaePhyoe-br8il 3 ай бұрын
ကဗျာလေးအတွက်ကျေးဇူးပါ❤
@khinnangsumon1001
@khinnangsumon1001 3 ай бұрын
It's perfectly great.More than l can say like it.Appretiate for sharing.
@goddess7002
@goddess7002 3 ай бұрын
👍👍👍
@Bamagi37
@Bamagi37 10 күн бұрын
😢😢😢😢😢😢
@tintinkhaing3841
@tintinkhaing3841 3 ай бұрын
Thanks your reading and sharing good poem.
@MyaThuzar-kt1cx
@MyaThuzar-kt1cx 3 ай бұрын
💞💖💕💕
@truelove-y7v
@truelove-y7v 3 ай бұрын
❤❤❤❤❤
@kachin-j3c
@kachin-j3c 3 ай бұрын
🥰🥰🥰🥰🥰
@Han-ye-seul
@Han-ye-seul 3 ай бұрын
ဒါနောက်ဆုံးကံကြွေးဖြစ်ပါစေ
@user-sv9uw4yr8j
@user-sv9uw4yr8j 3 ай бұрын
အတ္တ😢😢😢😢😢
@thitlwin9965
@thitlwin9965 3 ай бұрын
ရင်ထဲထိပါတယ်❤❤❤❤❤
@lifenetmc7443
@lifenetmc7443 2 ай бұрын
Thank for reading the unlucky people.💪.
@moonshine990
@moonshine990 3 ай бұрын
Thanks O V M
@aungmin-z3j
@aungmin-z3j Ай бұрын
❤❤❤အသဲပေးယုံနဲ့မလုံလောက်ပါဘူး
@niniwinniniwin1792
@niniwinniniwin1792 2 ай бұрын
ပန်း​တွေပွင့်လို့​ပျော်❤❤❤
@user-zi3hv4ye7j
@user-zi3hv4ye7j Ай бұрын
🎉🎉🎉❤❤❤🎉🎉🎉
@soezoe-mk2hq
@soezoe-mk2hq 3 ай бұрын
😢
@happier919
@happier919 Ай бұрын
💔💔😢
@Eithu34
@Eithu34 3 ай бұрын
🎉🎉🎉🎉
@kotharwin4959
@kotharwin4959 3 ай бұрын
📢
@KOlay-ve7dw
@KOlay-ve7dw 3 ай бұрын
@Jack007-sl5is
@Jack007-sl5is 3 ай бұрын
အရမ်းကောင်းပါတယ်ခင်ဗျာ ရင်ထဲထိတယ် တစ်ခုလေး အကြံပြုချင်ပါတယ် နောက်ခံ background music အသံလေးနည်းနည်းလောက် လျော့လိုက်ရင် ကဗျာဖတ်သူရဲ့အသံကို ပိုမိုပေါ်လွင်စေမယ်လို့ ထင်ပါတယ်
@Sandar-f8w
@Sandar-f8w 3 ай бұрын
လေးစားပါတယ်ကဗျာဆရာ🙏🙏🙏👍👍👍💯💯💯
@truelove-y7v
@truelove-y7v 3 ай бұрын
ကံအကြွေး - ဆန်းကျော်စွာဝင်း ကဗျာလေးရင်ထဲထိမိလွန်းတယ် ❤
@khinzunchanmyae128
@khinzunchanmyae128 3 ай бұрын
ပြောစရာဘာမှမကျန်အောင်ကောင်းလွန်းပါတယ်၊အရမ်းကြိုက်တယ်၊ရေးသူရော၊မျှဝေပေးတဲ့သူရောကျေးဇူးတင်ပါတယ်။
@myomyo628
@myomyo628 3 ай бұрын
Sharing Thanks 👍🏼
@mathetmon76
@mathetmon76 3 ай бұрын
ကောင်းလိုက်တဲ့ ကဗျာ 👍
@HlaingMoeh
@HlaingMoeh Ай бұрын
မှန်လိုက်တာ 😢
@nantelmardar8053
@nantelmardar8053 3 ай бұрын
ကောင်းလိုက်တဲ့ကဗျားလေး အမြဲ ထိမိပါတယ် ❤❤❤
@PwinPhyu-w5i
@PwinPhyu-w5i 2 ай бұрын
အရမ်းကောင်းပါတယ်ရှင့် ရင်ထဲအရမ်းထိ
@FamilyMobile-b8r
@FamilyMobile-b8r 3 ай бұрын
လူကြီးတွေ ငါစွဲကတော့... ငါမှငါ... ငါတို့ပဲအစိုးရ...ငါတို့ပဲ သူခိုးဓါးမြ...ငါတို့ပဲ...ငါတို့ပဲ အခုချိန်ထိ ခိုးမဝဖြစ်နေတုန်း...
@KhinYuMon-xz4le
@KhinYuMon-xz4le 3 ай бұрын
ရင်ထဲထိပါတယ် ဆရာ😢
@DAUNGMa-zh6yd
@DAUNGMa-zh6yd 3 ай бұрын
ပထမနားထောင်သူ ❤
@myintmyintkyi7352
@myintmyintkyi7352 3 ай бұрын
တန်ဖိုးရှိတဲ့ကဗျာအမှန်တွေပါမျှဝေပေးလို့ကျေးဇူးအများကြီးတင်ပါတယ်❤❤
@myatnoomaung-m92
@myatnoomaung-m92 3 ай бұрын
မင်္ဂလာပါ😍😘
@saihtoo-le1yf
@saihtoo-le1yf 3 ай бұрын
😄
@goodheart3412
@goodheart3412 3 ай бұрын
မျှဝေပေးပါ၍ကျေးဇူးတင်ပါသည်ခင်ဗျာ။ကငရပါ၏။
@thetthetaung6200
@thetthetaung6200 3 ай бұрын
လူကြီးတွေရဲ့အတ္တ ငါစွဲမဖြုတ်နိုင်တာလည်းထိပ်ဆုံး မှန်ပါပေ့ Screen play ထားတဲ့ ပန်းချီတွေလှလိုက်တာ ကဗျာရွတ်သူကလည်းတော်လိုက်တာ မျှဝေပေးလို့ကျေးဇူးတင်ပါတယ် our victory ရေ
@winwinmar6966
@winwinmar6966 3 ай бұрын
အမှန်တွေပါဘဲ save ထားလိုက်p
@maykhalartoe2203
@maykhalartoe2203 3 ай бұрын
အမှန်​တွေပါပဲ 😢😢😢😢
@MaSwe-tr3eh
@MaSwe-tr3eh 3 ай бұрын
အင်မတန်ကောင်းတဲ့ကဗျာလေးပါပဲ။ လေးစားပါတယ် ကဗျာဆရာ။
@hlaphyunwe-oi3sk
@hlaphyunwe-oi3sk 3 ай бұрын
စိတ်ဓာတ်တွေကြောင့်သာ ပြိုလဲဖို့ဆိုတာအလွယ်ဆုံးနိုင်ငံ😢😢ကဗျာကောင်းလေးတွက် ကျေးဇူးပါရှင့်❤❤
@GD_GH_5
@GD_GH_5 23 күн бұрын
d154🍇🍇🍇
@user-ed4td9eb9w
@user-ed4td9eb9w 3 ай бұрын
ဆဌမမြောက်နားဆင်သူ။Downloadယူထားသည်။
@prettyeye322
@prettyeye322 3 ай бұрын
🌹🍀💜🎸🎼🎻💙🌷🍁🌹💛🌼🌸
@kokhant-zt3ju
@kokhant-zt3ju 3 ай бұрын
❤❤❤❤❤
@user-mt9kz9bv2o
@user-mt9kz9bv2o 3 ай бұрын
👍👍👍👍
@user-nm8gx5yu6b
@user-nm8gx5yu6b 3 ай бұрын
😢😢😢😢😢😢
@Eithu34
@Eithu34 3 ай бұрын
မောနင်း❤❤❤❤❤
@sandaraung2374
@sandaraung2374 3 ай бұрын
ဒါနောက်ဆုံးခွေးတွေမောင်းထုတ်တဲ့ပွဲဖြစ်စေရမယ်✊✊✊
@Sanaylay2507
@Sanaylay2507 3 ай бұрын
❤❤❤
@Cathy982
@Cathy982 3 ай бұрын
❤❤❤❤
@HlaingMoeh
@HlaingMoeh 3 ай бұрын
အမှန်တရားတွေ
ထိုးဇာတ် (ဟာသ ဝတ္ထုတို)
10:59
Шок. Никокадо Авокадо похудел на 110 кг
00:44
Amazing Parenting Hacks! 👶✨ #ParentingTips #LifeHacks
00:18
Snack Chat
Рет қаралды 19 МЛН
သို့ မမနုကြည်
17:12
Aung Nay Myo
Рет қаралды 11 М.
Шок. Никокадо Авокадо похудел на 110 кг
00:44