Рет қаралды 119,968
ဝေသာလီပြည်မှာ ကပ်ကြီးသုံးပါးကျရောက်စဥ်က မြတ်စွာဘုရားရှင်က
ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် နှင့် နိဗ္ဗာန်ဂုဏ်ရည်တို့အား သစ္စာဆိုပြီး ရွတ်ဆိုရသည့် ဤ ရတနသုတ်တော်ကို ရှင်အာနန္ဒာအားသင်ပေး၍ ဝေသာလီပြည်တံတိုင်း ၃ထပ်ကြားတွင် ညည့်သုံးယံလုံး ရွတ်ဆိုစေခဲ့ပါသည်။
ယခုလိုကပ်ဆိုးကြီးတွေကျရောက်နေစဉ်မှာ ရတနပရိတ်၊ ဓာရဏပရိတ်တို့အားရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကပ်ကြီသုံးပါးမှကျော်လွှားနိုင်ကြပါစေ။
ဓမ္မမိတ်ဆွေများအားလုံး ကျေးဇူးရှင်ဆရာတော်ကြီးများ၏တရားများကိုနာယူကြ၍ စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပြီးလျင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာဖြစ်သော မဂ်ဥာဏ်၊ဖိုလ်ဥာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ခန္ဓာအရှိ၊ ဥာဏ်အသိဖြင့် ကိုယ်တိုင်ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်သော သူတော်ကောင်းများဖြစ်ကြပါစေ။
Dhamma Teachings- ဆရာတော်ဘုရားကြီးများ၏အဆုံးအမများ Channel ကို 2021 August လတွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများ၊ အဝေးရောက် မြန်မာနိုင်ငံသူ/သားများ အားလုံး အန္တရာယ်ကင်း ပရိတ်များ၊ ပဌာန်းများနှင့်ဆရာတော်ဘုရားကြီး၏တရားများကို တစ်နေထဲတွင်သီးသန့်နာယူလိုစေခြင်းငှာရည်ရွယ်ပါတယ်။