mass များတဲ့အရာတွေကဆွဲအားပိုကြီးတယ်လေ။ mass နည်းနည်းလေးကွာလာတာနဲ့ ဆွဲအားကကွာလာတာပေါ့။ mass မတူတဲ့အရာနှစ်ခုက တစ်ခုခုကိုပြိုင်ဆွဲတဲ့အခါ mass များတဲ့အရာကပဲရတာပေါ့။
@Pwintsoe221Күн бұрын
မျော်နေတာဗျာ❤
@tharthar9556Күн бұрын
👍
@MercyOnEarth8816 сағат бұрын
အချက်တော်တော်များများသဘောတူပေမဲ့ 80-20 Hypothesis(Not a theory) ကိုနေရာတိုင်းဆွဲသုံးတာတော့ Subjective thinking ဘက်ပိုရောက်သွားတယ် (လို့ယူဆပါတယ်)။ ကွန်မြူနစ်စနစ်ကစာအုပ်ထဲပဲအလုပ်လုပ်တယ်ဆိုတဲ့အချက်ကစငြင်းပါရစေ။ လူ့အဖွဲ့အစည်းမှာ ကွန်မြူနစ်စနစ်ကိုသုံးခဲ့ပြိးအသုံးဝင်တဲ့သမိုင်းတွေရှိပါတယ်။ ပြောချင်တာကွန်ကြောင်လေးတွေရဲ့ယွရှားတွေ စိနတွေမဟုတ်ပါဘူး။ ရှေးဦးခရစ်ယာန်ဘုံအဖွဲ့အစည်းတွေ၊ Hunter-Gatherer Civilization လောက်ကလူတွေဟာ တကယ့် Commune တွေနဲ့နေနိုင်ခဲ့ပါတယ်။ စာမတတ်ပေမတတ်တော်တော်များများက နိုင်ငံရေးသိပ္ပံကိုလေ့လာရကောင်းမှန်းစသိချိန်ဆို Wealth Creation အပိုင်းပဲရှိတယ်ထင်ကြတာ။ တကယ်အရေးကြီးတာ Wealth Distribution ဆိုတာကို Scholar အဆင့်ရောက်မှ ရေးရေးသဘောပေါက်သလိုရှိလာကြတာပါ။ အဓိကပြောချင်တာကတော့ Manifesto ဖတ်ဖူးရုံ၊ ချီကွေးဗားရားကြိုက်လို့ ကွန်မြုနစ်ကွ ဆိုတဲ့ကွန်ကြောင်လေးတွေရှိသလို၊ Des Capital ကို Original Ver ဖတ်နိုင်တဲ့လူတွေလဲရှိပါသေးကြောင်း။ (ဗြိလိုညှပ်သုံးတာ ငပေါလေးတွေအထင်ကြီးစေရန်မဟုတ်၊ ဘာသာပြန်ရင်လိုရင်းမရောက်လို့) ကဲ… ဆဲစေဗျား fanboy လေးများ
@RamblingsbyHein14 сағат бұрын
ကွန်မြူနစ်စနစ်က small scale society တွေမှာ အလုပ်ဖြစ်နိုင်တယ်ဆိုတာ လက်ခံပါတယ်။ အခုခေတ် Hunter Gatherer Society တချို့တောင် အကုန်ဘုံအဖြစ်သုံး၊ အမဲလိုက်၊ မိတာ လူစေ့မျှဝေစားဆိုတော့ commune ဆန်ဆန်ပဲ။ မိသားစုထဲမှာဆို အလုပ်ပိုလုပ်နိုင်တဲ့ လူကြီးေတွက မလုပ်နိုင်တဲ့ လူအိုတွေ လူငယ် တွေကို ပြန်မျှပြီး From each according to his ability to each according to his need နဲ့ပဲ သွားရတာပဲလေ။ ဒါပေမဲ့ လူရာဂဏန်း ထောင်ဂဏန်းလောက် ဖြစ်လာပြီဆိုရင် အလုပ်မဖြစ်တော့ဘူး။
@MercyOnEarth8810 сағат бұрын
@RamblingsbyHein အခုလို Agree to disagree mindset ထားနိုင်တာကိုပထမဆုံးချီးကျူးပါရစေ။ ကျွန်တော့်အမြင်ကတော့ Capitalism ဆိုတာ အများယူဆသလို Industrial Revolution နဲ့မှတွဲပေါ်လာတာမဟုတ်ဘူး၊ Sapien/Netherdral တယောက် လောက်က "ဒါ ငါ့ဟာ!"ဆိုပြီး စလုပ်ခဲ့ထဲက Capitalismစတာပါ။ သက်ရှိတိုင်းမှာ အသက်ရှင်ရခြင်းအတွက်အတ္တပါးပါးလေးတော့ရှိရစမြဲဖြစ်ပေမဲ့ လူတွေလိုတော့ Capital စုဆောင်းတာမျိုးတော့မရှိဘူးလေ(for example, ပျားတွေ၊ Polar bear တွေဆောင်းခိုဖို့စုတာမျိုး) ကွန်မြူနစ်စနစ်က small scale ပဲအလုပ်လုပ်တယ်ဆိုတာ အဲ့ဒီအချက်ကြောင့်ပါ။ အလွယ်ပြောရရင် စနစ်ကကောင်းတယ်၊ လူကမကောင်းတာဆိုမျိုးပေါ့။ ဒါပေမဲ့ Nordic Countriesတွေလို Welfare State ဆိုတာတကယ်စဥ်းစားကြည့်ရင် ကွန်မြူနစ်စနစ်ကို Liberal elections နဲ့ကျင့်သုံးနေတာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာက ကွန်မြူနစ်ကြောက်ရောဂါကြီးခေတ်အဆက်ဆက်အရိုက်သွင်းခံခဲ့ရတော့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်ကတောင်ကွန်မြူနစ်ဆိုမုန်းတယ်ဆိုတာလဲအမှန်ထင်နေကြတော့🙃 သူ့ဘကြီးပါတီဗျာ သူ့အဖေသံယောဇဥ်အထားဆုံး၊ အယုံကြည်ဆုံးလူတွေရှိတဲ့ပါတီဗျာ