Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

  Рет қаралды 457,531

Khit Thit Media

Khit Thit Media

Күн бұрын

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် မြိုင်မြို့နယ်က မိဘတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်က ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ဌေးနိုင်ဟာ ခွင့်ယူပြီး ပြန်မလာတော့ဘဲ ထွက်ပြေးနေတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ပြည်နယ် ၊ လိုင်ဇာမှာရှိတဲ့ စစ်ရှောင် စခန်းက ကလေးသူငယ်တွေအပါဝင် အရပ်သားပြည်သူ ပေါင်းများစွာကို ဗုံးကျဲတိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကနေ စစ်ကောင်စီကို အရေးယူပေးဖို့ ကရင့်အမျိုးသား အစည်းအရုံး-KNU နဲ့ ချင်းအမျိုးသားတပ်ဦး-CNF တို့ကနေ တရားဝင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေသွားတဲ့အပြင် ၊ ၃ ဦး ဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

Пікірлер: 217
怎么能插队呢!#火影忍者 #佐助 #家庭
00:12
火影忍者一家
Рет қаралды 44 МЛН