Рет қаралды 783,003
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့
အရှေ့တီမော နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ဆက်ဆံရေးရုံးကို တရားဝင်ဖွင့်လှစ်လိုက် ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
-ပဲခူးတိုင်းတိုင်းအစပ်မှာ အာရက္ခတပ်တော် AA က သိမ်းပိုက်ထားတဲ့ ပန်းတောင်မြို့နယ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ဆိုပြီး စစ်ကောင်စီတပ်က အင်အား ၁ ထောင်ဝန်းကျင်နဲ့ စစ်ရေးပြင်နေပြန်သလို ၊ သာယာဝတီခရိုင်ထဲက ပျူစောထီးတွေကိုပါ လက်နက် တပ်ဆင်ပေးနေပြီး စစ်ကူပို့ဖို့ အသင့်ပြင်ခိုင်းထားပြန်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ပြည်နယ်မှာ မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး မြန်မာကျောင်း ဆရာ နဲ့ ဆရာမ ၄ ဦးကို ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။