Рет қаралды 611,229
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသက ကျေးရွာတွေကို လာရောက်ပစ်ခတ်တဲ့ စစ်တပ်ရဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်နဲ့ ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ကန့်ဘလူမြို့နယ် သတင်းနှင့်ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
ကရင်နီပြည်၊ ဘောလခဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ Jammer စက်တစ်လုံးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
-ကရင်နီပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်ခံနေရမှုတွေ အဆုံးသတ်ရေးအတွက် စစ်အုပ်စုကို နိုင်ငံတကာစစ်ခုံရုံးတင်ကာ စစ်ဆေး အပြစ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ထိရောက်တဲ့အကူအညီတွေ ဆက်လက်ပံ့ပိုးပေးရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ - IEC က တိုက်တွန်းတောင်းဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။