Рет қаралды 966,767
Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က အေလာ လေတပ်ထဲကို ဒီကနေ့ မနက်ပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတွေရှိထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံက လွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးအပါအဝင် နိုင်ငံပေါင်း ၉၀ ကို ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုတဲ့ အမိန့်ကို ထိုင်းအစိုးရက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကျဲတာတွေ ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီး တာတွေ ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် ၊ စစ်သားစုဆောင်းတာတွေနဲ့ အကြမ်းဖက်နေ တာတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံပေါင်း ၃၇ နိုင်ငံရဲ့ ကုလသမဂ္ဂ သံအမတ်တွေ ပူးတွဲ ကြေညာချက် ထုတ်ပြီးတောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။