Рет қаралды 686,837
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားပေးဖို့ တရုတ်နိုင်ငံကို အကူညီတောင်းထားပေမယ့် KIO ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရ အကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် KIO ထိန်းချုပ်နယ်မြေအတွင်းက တရုတ်-မြန်မာနယ်စပ် ဂိတ်တွေ အားလုံးကို တရုတ် နဲ့ KIA တို့က ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ လိုင်ဇာအခြေစိုက် KIO သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်က ရေလာလေးကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ အပြင် နောက်ထပ် စစ်ကောင်စီဝင် ၇ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားသလို ၊ လက်နက် ၁၈ လက်နဲ့ ကားတစ်စီး ၊ ငွေကျပ် ၁၄၅ သိန်းအပါအဝင် ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေကိုပါ သိမ်းဆည်း ရရှိထားတယ် လို့ PDF အမှတ် ၈ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းမှာ ကျန်းမာတဲ့ လူငယ်မှန်သမျှကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲခေါ်ယူမှုဟာ စစ်မှုထမ်းဥပဒေ နဲ့ ညီတယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား လာတဲ့အပြင်၊ လူငယ်မှန်သမျှကို မည့်သည့်နေရာ ၊ မည်သည့်အချိန်မှာမဆို လိုအပ်ရင် စစ်မှုထမ်းဖို့ ခေါ်ယူနိုင်တယ်ဆိုပြီးတော့ကို တရားဝင် ညွန်ကြားလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။