Рет қаралды 695,147
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မန္တလေး PDF တပ်ဖွဲ့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းထားရှိရာ အချုပ်ဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားတဲ့အပြင် ၊ နောက်ထပ် အယောက် ၆၀ ဝန်းကျင်က ဒဏ်ရာတွေ ရထားတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပဲခူးတိုင်း ၊ ရွှေတောင်မြို့နယ်မှာ "PDF ကို မကြောက်လို့ တစ်ယောက်တည်းသွားလာနေတာကွ" ဆိုပြီး ကြွေးကြော်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်/စာရေး အေးမင်းနိုင်ဆိုသူ စစ်မှု ထမ်း တပ်သားသစ် စာရင်း လာကောက်တဲ့အချိန် PDF တပ်ဖွဲ့တွေကပဲ ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်း ပြီးကို သေသွားပြီလို့ ၃၆၀၁ PPDF တပ်ရင်း တာဝန်ခံ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံထက် ဖွံဖြိုးမှု နောက်ကျခဲ့တဲ့ ကုန်းတွင်းပိတ် လာအိုနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်ဖို့ စစ်ကောင်စီနဲ့ လာအိုနိုင်ငံကြား သဘောတူ ခဲ့ပြီးတဲ့နောက် MOU စနစ်နဲ့ မြန်မာအလုပ် သမားတွေ စတင် လွှတ်တော့မှာဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် တစ်ဦးကို ငွေကျပ် ၁၀ သိန်း အနေနဲ့ အေဂျင်စီတွေက သတ်မှတ်ရယူတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။