ကိုးရီးယားသမိုင်း (သုံးပြည်ထောင်ပေါင်းစည်းခြင်း)

  Рет қаралды 44,532

KT Media (Myanmar)

KT Media (Myanmar)

Күн бұрын

ကိုးရီးယားရှေးဟောင်းသမိုင်းထဲမှာ ဒီဘုရင့်နိုင်ငံ သုံးခုဟာ တစ်ခုနဲ့တစ်ခု ခေတ်ပြိုင်တွေ ဖြစ်ကြပါတယ်။ ဒီဘုရင်နိုင်ငံသုံးခုက (ဘက်ဂျေ / ဆီလာ နဲ့ ဂိုဂူ ယီအို) တို့ဖြစ်ကြပါတယ်။ Baekje (18BC-660AD)/ Silla (57BC-935AD Goguryeo (37BC-668AD) တို့ဖြစ်ကြပါတယ်။ ဂါယာဆိုပြီးတောင်ဘက်စွန်းမှာ နောက်ထပ်တစ်ခု ရှိပါသေးတယ်။ သူက Gaya Confederacy (42AD-562AD) က Confederation ဖြစ်လို့ သက်ဦးဆံပိုင် ဘုရင်နိုင်ငံလို့ မဆိုနိုင်ပါ။ ဒီ တိုင်းပြည်တွေဟာ ကိုးရီးယားကျွန်းဆွယ်မှာ ရာစုနှစ်ပေါင်းများစွာ အခြေတကျ ရှိနေခဲ့ကြတာဖြစ်ပါ တယ်။ တိုင်းပြည်တစ်ခုနဲ့တစ်ခု နိုင်ငံရေးအရ ပါဝါအာဏာလွှမ်းမိုးနိုင်ကြဖို့ အားပြိုင်ကြရင်း တစ်ခုနဲ့တစ် ခု စစ်ရေးအရပါ တစ်ချိန်လုံး တိုက်နေခိုက်နေ ကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်ဘက်က တရုတ်ဧကရာဇ်တိုင်းပြည် နဲ့ အရှေ့တောင်ဘက်က ဂျပန်တို့ရဲ့ (ဝ) ဘုရင်နိုင်ငံတွေ ကို ယှဉ်ပြိုင်နိုင်ကြဖို့ ဒီတိုင်းပြည်သုံးခုလုံး နိုင်ငံရေး နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
အမှားပြင်ဆင်ခြင်း
============
Goguryeo ရဲ့ ခေတ်အပိုင်းအခြားကို ( 37BC - 668 AD) ကအမှန်ဖြစ်ပါတယ်။
(668BC) လို့ ဗွီဒီယိုထဲဖော်ပြထားခြင်ဟာ Typing Error သာဖြစ်ပါတယ်။
_____________________________________________
Music By: Blue Creek Trial - Dan Lebowitz
Ref: Epimetheus
/ epimetheus1776

Пікірлер: 73
@ktmediamyanmar
@ktmediamyanmar Жыл бұрын
အခုတင်ပြထားတဲ့ ကိုးရီးယားသမိုင်းဟာ ဘီစီ(၁) ရာစုကနေ အေဒီ (၈)ရာစုလောက်ထိ နှစ်ပေါင်း (၉၀၀) ‌လောက် သမိုင်းခရီးဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုရဲ့ နှစ်ပေါင်း(၉၀၀) လောက်သမိုင်းရှည်ကြီးမှာ ပြောစရာအဖြစ်အပျက်တွေ တစ်ပုံတစ်ခေါင်း စီစီရီရီ ရှိနေမှာပါ။ စာမျက်တွေလည်း ထောင်သောင်းမက ရှိနေပါလိမ့်မယ်။ ဒီသမိုင်းရှည်ကြီး / စာမျက်နှာ ထောင်သောင်းမက ရှိနေတာကို A4 စာမျက်နှာ (၈) / (၁၀) မျက်နှာလောက်၊ မိနစ်(၂၀) လောက်နဲ့ ရှင်းလင်းတင်ပြရတာ တင်ပြထားသူ မူရင်းသမိုင်းပညာရှင်တစ်ယောက်အဖို့ သာမညောင်ည ကိစ္စတစ်ခုတော့ မဖြစ်နိုင်ပါ။ ကျွန်တော့ ပုရိသတ် အတွက် မှတ်သားရ ဆည်းပူးရ လွယ်ကူဆုံးဖြစ်ဖို့နဲ့ အဓိက ပါသင့်တဲ့အချက်တွေကို ဦးစားပေး တင်ဆက်ခြင်း ဖြစ်တယ်လို့ နားလည်ပေးစေလိုကြောင်း KT Media ကနေ အကြောင်းကြားအသိပေးလိုပါတယ်။ ဒီ ကိုးရီးယားသမိုင်းမှာ အခြားသမိုင်းတွေထက် ကျွန်တော်တို့ မြန်မာပုရိသတ် ဆွေးနွေးနိုင် ပြောနိုင် ဆိုနိုင်ကြတာ တွေ့ရတာမို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။
@khansteven8969
@khansteven8969 Жыл бұрын
ဂိုဂူလျော(ဆိုဆောနိုသခင်မရဲ့ အထောက်အပံ့နဲ့ ဂျူမုံမင်းသားက တည်ထောင်နိုင်ခဲ့)။ ဘက်ဂျယ်(ဂိုဂူလျောမှ ဆိုဆောနိုသခင်မရဲ့သားဖြစ်သူ အငယ်ဆုံး ဂျူမုံဘုရင်နဲ့ရတဲ့သားက တည်ထောင်နိုင်ခဲ့)။ ဆိုဆောနိုရဲ့ ကြွယ်ဝမှုနဲ့ ဂျူမုံရဲ့သြဇာတိက္ကမကြီးမားတဲ့ဗီဇတွေနဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ သုံးပြည်ထောင်ထဲမှာ နှစ်ပြည်ထောင်ဟာ ဂျူမုံနဲ့ဆိုဆောနိုတို့ရဲ့ ပရောဂမကင်းခဲ့။ ဂိုဂူလျောနဲ့ ဘက်ဂျယ်ဟာ ဇာမဏီငှက်ပုံအမှတ်တံဆိပ် တူညီကြပါတယ်။ ဆိုဆောနိုနဲ့ ဝူထယ်ကုန်သည်တို့ကနေရတဲ့ သားအကြီးက လက်ရှိခေတ် အင်ချွန်းမြို့နဲ့ အနီးတဝိုက်မှာ မြို့ပြနိုင်ငံလေးတစ်ခု တည်ခဲ့ပါတယ်(ကြာကြာတော့မခံပါဘူး)။ ရှီလာ(သူကတော့ ဂိုဂူလျောနဲ့ ဘက်ဂျယ်တို့ထက် အရင်ပေါ်ခဲ့တယ်၊ တောင်ပိုင်းကဒေသတွေကို စုစည်းနိုင်ခဲ့ပြီး တည်ထောင်နိုင်ခဲ့တဲ့နိုင်ငံတစ်ခု)။ သုံးပြည်ထောင်မှာ ရှီလာ(အရင်ဆုံးပေါ်)၊ ဂိုဂူလျော(ဒုတိယမြောက်)၊ ဘက်ဂျယ်(နောက်ဆုံးပေါ်)။ ဒီသုံးပြည်ထောင်ဟာ နောက်ဆုံးပေါ်နိုင်ငံကနေစပြီး ပျက်သုန်းခဲ့ပါတယ်။ အစဉ်တိုင်းဆိုရင်တော့ ဘက်ဂျယ်အရင်ပျက်၊ ဂိုဂူလျောဒုတိယပျက်၊ ရှီလာ နောက်ဆုံးမှပျက်။ ဂျူမုံဘုရင်ရှိချိန်မှာတော့ ဘုံရန်သူဟာ ဟန်နိုင်ငံဖြစ်လို့ သုံးပြည်ထောင်ဟာ စစ်ဖြစ်တာကို အတတ်နိုင်ဆုံးရှောင်နိုင်ခဲ့ပါတယ်။ နောက်မှာတော့ ချလိုက် တည့်လိုက် ထပ်ချလိုက်နဲ့ဘဲပေါ့။
@myatminnkhant606
@myatminnkhant606 Жыл бұрын
သျှီလာ ၊ဘတ်ဂျယ်၊ဂိုဂူလျော❤❤❤❤
@ukhunmgthan3527
@ukhunmgthan3527 Жыл бұрын
ကိုးရီးယား ရှေးခေတ်သမိုင်းကြောင်း စိတ်ဝင်စားလို့ နှစ်ခါပြန်ကြည့်မိပါတယ်။ နောက်ခံရှင်းပြနေတဲ့ အသံကိုက ခပ်အေးအေး ခပ်မှန်မှန် ပြောနေတာမို့ နားကိုသက်တောင့်သက်သာဖြစ်စေပါတယ်။ အတော်များများ စူးရှဆူညံသံတွေလိုဖြစ်နေလို့ မနည်းနားထောင်ယူရပါတယ်။ သုသေတသနပြုတင်ဆက်ပေးသူကို အလွန်ကျေးဇူးတင်ပါတယ်။ ဆက်လက်အားပေး ကြည့်ရှုနေဦးမှာပါ။
@MungSan-er5ty
@MungSan-er5ty 6 ай бұрын
လက်ရှိမြန်မာ့အရေးအကြောင်းတင်ပြပေးပါအုံး ဆရာ
@athenaminkhaung4303
@athenaminkhaung4303 Жыл бұрын
လီဆွန်းရှင်း အကြောင်းတင်ပေးပါ
@thantzin9692
@thantzin9692 4 ай бұрын
အင်းဝ၊ံဟသာဝတီ၊ တောင်ငူ၊ ပြည် မြန်မာ့ လေးပြည်ထောင် ခေတ်
@phoemyint6676
@phoemyint6676 Жыл бұрын
Sui emperor wenကဂိုဂူလျောကိုကျူးကျော်ခဲ့ပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ပိုင်းမှာemperor wenကိုသူ့သားYangကလုပ်ကြံခဲ့ပါတယ်။ Yangဟာemperorဖြစ်လာခဲ့တဲ့နောက်ဂိုဂူလျောကိုအကြိမ်များစွာစစ်သည်တစ်သန်း‌ေကျာ်နဲ့ထပ်မံကျူးကျော်ခဲ့ပါတယ်ဒါပေမဲ့ဂိုဂူလျောစစ်သူကြီးUjimundeokကအောင်မြင်စွာတားဆီးနိုင်ခဲ့ပါတယ်။emperor Yangဟာလည်းLi shimin ရဲ့ပုန်ကန်မှုမှာကျဆုံးခဲ့ပါတယ်။သမိုင်းမှတ်တမ်းတွေအရတော့လည်ပင်းကိုအ၀တ်နဲ့ဆွဲကြိုးချသေတယ်လို့ပြောပါတယ်
@baumar9691
@baumar9691 5 ай бұрын
အသံထွက်တွင်ဘဲနဲနဲမှားနေတယ် ကျန်တာတော့ အားပေးတယ်
@paingphyo7217
@paingphyo7217 Жыл бұрын
ကိုရီးယားက ဘာသမိုင်းမှ ကြီးမားတာမရှိပါဘူး စော်ဘွားသာသာအဆင့်တွေပါ သမိုင်းအစဉ်အဆက် သူများဘုတာ ခံရတဲ့ကောင်တွေပါ
@myatminnkhant606
@myatminnkhant606 Жыл бұрын
ဂျင်းဟွန်းဘုရင်၊ဂျင်းဖျောင်းဘုရင်၊ဆွန်းဒေါ့ဘုရင်မ၊ဂျင်းဒေါ့ဘုရင်မ၊ဂင်ချွန်းချူ
@phoemyint6676
@phoemyint6676 Жыл бұрын
ဂျင်းဟွန်းမရှိတဲ့နောက်ဂျင်းဂျီဘုရင်ဆက်ခံပါသေးတယ်သူကဂင်ချွန်းချူရဲ့အဖိုးပါနောက်ပိုင်းမှာဂျင်းဂျီဘုရင်နန်းချခံလိုက်ရပြီးဂျင်းဖြောင်းကိုနန်းတင်ခဲ့ပါတယ်အဲ့ဒီတုန်းကဂျင်းဖြောင်းကကလေးရှိပါသေးတယ်။
@myatminnkhant606
@myatminnkhant606 Жыл бұрын
@@phoemyint6676 Queen Sado
@phoemyint6676
@phoemyint6676 Жыл бұрын
@@myatminnkhant606 yes.
@UUttra
@UUttra 2 ай бұрын
Thank you.
@ginto4532
@ginto4532 Жыл бұрын
ဂွမ်ဂတ်တိုကစစ်သူကြီးမဟုတ်ပါဘူး ဘုရင်ပါ ဂိုဂူလျောရဲ့ရွှေခေတ်လို့တောင်တင်စားကြပါတယ်။ ဂွမ်ဂတ်တို စိုက်ထူခဲ့တဲ့ကျောက်တိုင် မြောက်ပိုင်းမှာရှိတယ်လို့ကြားဖူးတယ်
@utheinsu5256
@utheinsu5256 Жыл бұрын
😊❤ 0:08 0:08
@khansteven8969
@khansteven8969 Жыл бұрын
ဘုရင်စနစ်ဖြစ်တဲ့အတွက်ရော ဂိုဂူလျောရဲ့အုပ်ချုပ်ရေးစနစ်အရရောဆိုရင် ဂွမ်ဂတ်ထိုက စစ်သေနာပတိဖြစ်ရမယ့် မင်းသားတပါးပါ။ သူ့ရဲ့အကို ဥပရာဇာသေသွားတော့ သူက ဥပရာဇာဖြစ်သွားပါတယ်။ အဲ့နောက်ကနေ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဥပရာဇာမဖြစ်ခင်က သူဟာ တော်ဝင်မျိုးရိုးစစ်သူကြီးပါ။ သူ့ရဲ့ သြဇာတိက္ကမကြီးမားစပြုချိန်ဟာ စစ်သူကြီးနေရာမှာဘဲ ရှိနေပါသေးတယ်။ နောက်မှ သူ့အကိုသေသွားချိန်မှာ ရုတ်တရက် အိမ်ရှေ့စံဖြစ်သွားရပါတယ်။
@phoemyint6676
@phoemyint6676 Жыл бұрын
Gwangaetoကဂိုဂူေလျာဘုရင်ပါ။
@ktmediamyanmar
@ktmediamyanmar Жыл бұрын
ဟုတ်၊ "စစ်သူကြီးဆိုပေမယ့် ကိုးရီးယားကျွန်းဆွယ်ရဲ့ ဧကရာဇ် တစ်ဦးပါ" လို့ပြောထားပါတယ်။
@waiyanthetpaing7610
@waiyanthetpaing7610 Ай бұрын
ဂိုဂူယောပါ ဆရာ
@Mintmadlow
@Mintmadlow 4 ай бұрын
အရိုင်းအစိုင်းတွေက လူတွေကိုသတ်ပီး အိမ်တွေကိုမီးရှို့တယ်ဆိုတော့ အခုလက်ရှိဖက်ဆစ်ခွေးဗမာတပ်လဲ ထိုနည်း၎င်းပဲပေါ့
@legendk8118
@legendk8118 Жыл бұрын
ရှင်းလာနိုင်ငံ ဘတ်ဂျဲနိုင်ငံ ဂိုဂူလျောနိုင်ငံပါ .... နောက်ဆုံးက ဂိုလျောနိုင်ငံ
@htoiAwng-ty9vz
@htoiAwng-ty9vz Жыл бұрын
ကျေးဇူးတင်ပါတယ်
@WinMyatThet-r2q
@WinMyatThet-r2q 11 ай бұрын
မြန်မာပြည်နဲ့ပတ်သက်တဲ့ အကြောင်းလေး တင်ပေးပါအုံး 😊
@lahpaiduwazaunong3056
@lahpaiduwazaunong3056 Жыл бұрын
ရှိန်နူ လို့ အသံထွက်ပါတယ် ဆရာလုပ်ဒါ မဟုတ်ပါ ကျနော်က XiongNu ဖြစ်နေလို့ ပြောပြဒါပါ
@ktmediamyanmar
@ktmediamyanmar Жыл бұрын
အခုလိုဆွေနွေးတင်ပြတာကျေးဇူးပါ။ ဒါလေးမျှဝေပေးပါရစေခင်ဗျာ- စကားလုံးတစ်လုံးတည်းကို လူမျိုး၊ ဒေသ၊ ဘာသာစကား ကွဲပြားခြားနားမှုပေါ်မူတည်ပြီး အမျိုးမျိုး အသံထွက်နေကြတာ ရှေးပဝေဿဏီကတည်းကနေ ဒီနေ့ထိဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံ နဲ့ အသံထွက်ကို တိတိကျကျပြဌာန်းသတ်မှတ်ထားပြီးဖြစ်တဲ့ အင်္ဂလိပ်ဝေါဟာ တစ်လုံးတည်းကိုပဲ ခြား နားတဲ့ အင်္ဂလိပ်ဘာသာစကားပြောတိုင်းပြည်တွေမှာ ခြားနားတဲ့လေယူလေသိမ်းပေါ်မူတည်ပြီး အမျိုး မျိုး အသံထွက်နေကြပါတယ်။ ဒါ- ဘာသာစကား၊ စာပေရဲ့ သဘာဝဖြစ်ပါတယ်။ မြန်မာစာ၊ စကားမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ နိုင်ငံခြားဘာသာစကား၊ စာပေ တစ်ခုကို မြန်မာဘာသာသို့ဘယ်လိုအသံဖလှယ်ရမယ်၊ ဘယ်လို စာလုံး ပေါင်းရမယ်လို့ သတ်မှတ်ပြဌာန်းထားတာမျိုး မရှိသေးတဲ့ စကားလုံးတိုင်းအတွက် ဒီအခက်အခဲရှိနေပါတယ်။ ဒီအခက်အခဲကို ဘာသာစကား၊ စာ‌‌ပေနဲ့အလုပ်လုပ်နေကြသူတိုင်း သူ့နည်းသူ့ဟန်နဲ့ အသီးသီး ကျော်ဖြတ်နေကြပါတယ်။ ဒါကြောင့် မူရင်းစကားလုံးကို ဖော်ပြပေးခြင်းနဲ့ ကိုယ်တာဝန်ယူခဲ့သမျှ ကျေပွန်အောင် ထမ်းဆောင်နေကြပါတယ်။
@bushcrabandish3772
@bushcrabandish3772 Жыл бұрын
အနောက်က တီးလုံးကြီးမထည့်ထားရင် ပိုကောင်းပါတယ်
@phoemyint6676
@phoemyint6676 Жыл бұрын
Gojoseon kingdom Buyeo kingdom Gorguyeo empire Three kingdoms age Silla empire and Balhae Goryeo Yuan dynasty mongol empire Goryeo Joseon Qing dynasty china controll Great korea empire Japan colonie Korea Republic Korea civil war Nort and South korea
@sithusanmyint6337
@sithusanmyint6337 Жыл бұрын
ကျေးဇူးတင်ပါတယ်ဗျာ🧡🤍❤️
@cutebabegirls3457
@cutebabegirls3457 Жыл бұрын
ဂျူမုံ ( ဂိုဂူလျော ) နဲ့ ဆွန်ဒေါ့ - ဒုံမန် ( ရှီလာ ) အဲ့ဇာတ်ကားတွေကြောင့် သုံးနိုင်ငံသမိုင်းကို စိတ်ဝင်စားတာ
@phoemyint6676
@phoemyint6676 Жыл бұрын
Pyongyang ကအခုမြောက်ကိုရီးယားရဲ့မြို့တော်ပါ။
@phoemyint6676
@phoemyint6676 Жыл бұрын
ပြည့်ပြည့်စုံစုံပြောပါဗျ Baekje နောက်ဆုံးဘုရင်ကbaekjeရဲ့၃၁ယောက်မြောက်Uijaဘုရင်ပါ။ Sillaဘုရင်၂၉ယောက်မြောက်Taejong muyeolလက်ထက်မှာBaekjeကျပါတယ်။ Gorguyeo ကတော့sillaဘုရင်Muyeolရဲ့သားMunmuလက်ထက်မှာgorguyeoရဲ့၂၉‌ေယာက်‌ေမြာက်ဘုရင်Bojangလက်ထက်မှာအမက်ချုပ်Yeongaesomun မရှိတဲ့နောက်ကျဆုံးပါတယ်။
@SangHatlangh
@SangHatlangh Жыл бұрын
ရုပ်ရှင်ထဲက ဂျိုဆွန်းခေတ်ကသမိုင်းမှာမပါတာလား
@HlaPhone-z2t
@HlaPhone-z2t Жыл бұрын
အခုဗီဒီယိုမှာ ဂိုလျောခေတ်အစပိုင်းလောက်ပဲ ပါပြီးပြီးသွားတယ် ဂိုလျောပြီးမှ ဂျိုဆွန်းခေတ်ရောက်မယ်
@yeminnyunt8379
@yeminnyunt8379 Жыл бұрын
ဂျိုဆွန်းက ကိုးရီးယားနောက်ဆုံးမင်းဆက် ဂိုလျောပြီးမှလာတာ အခုကဂိုလျောထိဘဲပြောသွားတာပါ
@elni9899
@elni9899 Жыл бұрын
မြန်မာ့ အနော်ရထာမင်းရှိချိန် တစ်ချိန်တည်းkorea ဘုရင် ဘယ်သူလဲ ?
@khaingzin379
@khaingzin379 9 ай бұрын
ကိုရီးယားနိုင်ငံရဲ့ နန်းတော်အစစ်ကတောင်ကိုရီးယားဘက်မှာလား မြောက်ကိုရီးယားဘက်မှာလားသိချင်ပါတယ်❤
@santinoo1276
@santinoo1276 4 ай бұрын
အစစ်ကလား မြန်မာပြည်လိုထင်ပါတယ်
@grayson1868
@grayson1868 24 күн бұрын
ကိုးရီးယား သမိုင်းမှတ်တမ်းအများစုက မြောက်ကိုးရီးယားဘက်မှာလို့ ထင်တယ်
@zahidahmad3081
@zahidahmad3081 10 ай бұрын
South Korea belo phiyt paw la thalay?
@francis7470
@francis7470 2 ай бұрын
ကွန်ဖက်ဒရိတ် ကွန်ဖက်ဒရေးရှင်းဆိုတာကို တင်ပြထားပြီးပြီလားခင်ဗျ။ဘယ်ခေါင်းစဥ် ဘယ် Video မှာလဲခင်ဗျ။သိပါရစေ🙏🏻
@ktmediamyanmar
@ktmediamyanmar 2 ай бұрын
@@francis7470 မတင်ပြရသေးပါ။((( နိုင်ငံရေးဒဿနပညာအခြေခံကျမ်း- မင်းခက်ရဲ ))) ဖတ်ကြည့်ဖို့အကြံပြုပါတယ်။
@MinKhant-s5w
@MinKhant-s5w 6 ай бұрын
ဂျိုးဆွန်း မင်းဆက်ကကော ?
@pyaeboaung8024
@pyaeboaung8024 Жыл бұрын
ဂိုဂူလျော နဲ့ ဂိုလျော ခေတ်ကြားမှာ ဂိုဂူလျော‌ပြိုကွဲပြီး တိမ်းရှောင်‌ေနတဲ့ စစ်သူကြီး ရဲ့ သား ဒယ်ဂျိုယောင်းတည်ထောင်တဲ့ ဘားဟယ် အင်ပါယာကရော မပါဘူးလား ဘရို။
@yeminnyunt8379
@yeminnyunt8379 Жыл бұрын
ဘားဟယ်အင်ပါယာက ကိုးရီးယားနယ်မြေထဲမှာမပါလိုက်ဘူးအခုခေတ် တရုတ် ရုရှားနယ်မြေတွေထဲမှာဘဲတည်ထောင်လိုက်နိုင်တာ ကိုးရီးယားနယ်မြေထဲမှာက ရှီလာတွေအပြည့်ကြီးစိုးနိုင်လိုက်တယ်
@emperoroak7331
@emperoroak7331 Жыл бұрын
@@yeminnyunt8379မြောက်ကိုရီးယားမြောက်ဘက်တခြမ်းကနေဘတ်ဒူတောင်ထိက ဘားဟယ်နယ်ထဲမှာလေ ဒီထဲမှာ ဗီဒီယိုပိုင်ရှင်ကမထည့်ပြထားနိုင်ဘူး ကိုးရီးယားပညာရှင်တွေက Unified Silla ခေတ်ကို ကိုရီးယား Unified ခေတ်လို့တောင်မခေါ်ချင်ကြဘူး အငြင်းပွါးကြဆဲ ယခင်ဂိုဂူယောမြောက်ဘက်ခြမ်းက ဘားဟယ်နယ်ထဲမှာ Tang ကိုအနိုင်တိုက်ခဲ့တဲ့ ANSI ခံတပ်ကအစပေါ့ Taejo Wanggon ထူထောင်တဲ့ Goryeo ခေတိကျမှသာ Unified korea လို့ခေါ်ကြတာ
@heinmyintmosoe8209
@heinmyintmosoe8209 8 ай бұрын
ရှင်းသွားပြီဗျာ ကျွန်တော်လည်း ဘားဟယ်ကဘယ်ရောက်သွားလဲစဉ်းစားနေတာ
@oolatt2279
@oolatt2279 Жыл бұрын
ကိုရီယာဇာတ်လမ်းထဲက ဂျူမှုံက ဘယ်ခေတ်ကလဲဗျ
@ktmediamyanmar
@ktmediamyanmar Жыл бұрын
ကိုရီးယားဇတ်လမ်း မကြည့်ဖူးပါဗျာ
@kyawzinhtet5867
@kyawzinhtet5867 Жыл бұрын
ဂျူမုံခေတ်က 58 BC က အခုVideo မှာမပါဘူး
@yeminnyunt8379
@yeminnyunt8379 Жыл бұрын
ဂျူမုံက ဂိုဂူလျော တည်ထောင်သူပါ
@mnamna1885
@mnamna1885 Жыл бұрын
Video အသစ်တက်တိုင်းအမြဲကြည့်..နားထောင်ဖြစ်ပါတယ်
@HlaPhone-z2t
@HlaPhone-z2t Жыл бұрын
xianbei ရှန်းပေး
@ktmediamyanmar
@ktmediamyanmar Жыл бұрын
Noted with thanks
@kyawra5707
@kyawra5707 Жыл бұрын
တောင်မြောက် ဘယ်လိုကွဲတာလဲဗျ
@ktmediamyanmar
@ktmediamyanmar Жыл бұрын
အဲ့ဒါ တင်ပြဖို့ရှိပါတယ်။ နည်းနည်းတော့ အချိန်ပေးပါ။
@Khaung-n4t
@Khaung-n4t Жыл бұрын
ဂျပန်နိုင်ငံသမိုင်း‌ပြောပါလားဆရာ
@ktmediamyanmar
@ktmediamyanmar Жыл бұрын
ဟုတ်၊ အစီစဉ်ရှိပါတယ်။
@rogercastillon7869
@rogercastillon7869 8 ай бұрын
Bro what the hell is this
@ThiHa-nm9rk
@ThiHa-nm9rk Жыл бұрын
လိကို မင်းတို့အမျိုးခွေးတွေ
@nannan-qr6rs
@nannan-qr6rs Жыл бұрын
တင်ဆက်မှုပုံစံကိုကြိုက်တယ်
@ktmediamyanmar
@ktmediamyanmar Жыл бұрын
ကျေးဇူးပါ
@myanmarkawthaungtimes1866
@myanmarkawthaungtimes1866 Жыл бұрын
နိုင်ငံသမိုင်း‌ေကြာင်ထပ်တင်ပေးပါ ဆရာ ❤
@Yingying-j2w
@Yingying-j2w Жыл бұрын
ကိုးရီယားကတရုတ်လူမျိုးဟုတ်လားရိုးရာကတူတယ်
@mgmyintmo3747
@mgmyintmo3747 Жыл бұрын
ဂွမ်ဂတ်ဒိုက ဘုရင်ဟ သူ့လက်ထပ်မှာ ကိုရီးယားအင်ပါယာကအကြီးဆုံးဟ
@HlaPhone-z2t
@HlaPhone-z2t Жыл бұрын
ရှီလာ၊ ဘတ်ဂျယ်၊ ဂိုဂူလျော လို့ သုံးနှုန်းသင့်ပါတယ်
@ktmediamyanmar
@ktmediamyanmar Жыл бұрын
Noted with thanks
@wynelay-i4h
@wynelay-i4h 7 ай бұрын
သမိုင်းကို အမှန်အတိုင်းသိမှသာလျှင် ရပ်တည်ချက်မှန်မယ်
WORLD BEST MAGIC SECRETS
00:50
MasomkaMagic
Рет қаралды 52 МЛН
Running With Bigger And Bigger Lunchlys
00:18
MrBeast
Рет қаралды 98 МЛН
PM Modi Visit To US | PM Modi's US Visit: What's On Agenda?
3:40:00