ကိုချစ်ရနဲ့ ခွေးလေးမဲလုံး ဖြတ်မရတဲ့သံယောဇဉ်

  Рет қаралды 105,069

NewsWatch Myanmar

NewsWatch Myanmar

Күн бұрын

ရန်ကုန်မြစ်ထဲမှာ သခင်သွားရာ လှေငယ်လေးနောက်ကို ရေကူးပြီး တကောက်ကောက်လိုက်တဲ့ ခွေးတကောင်ရှိပါတယ်။ သခင်ဖြစ်သူဟာ ပုစွန်မျှားတဲ့အလုပ်နဲ့ မိခင်အိုကြီးကို အလုပ်အကျွေးပြုနေသူဖြစ်ပါတယ်။
တနေ့လုပ်တနေ့စားဘဝဖြစ်တဲ့အတွက် သားအမိနှစ်ယောက်တောင် အနိုင်နိုင်စားသောက်နေရတဲ့အထဲ ခွေးတကောင်နဲ့ သံယောဇဉ်ဖြစ်မိတဲ့အတွက် ကိုချစ်ရဟာ ပါးစပ်သုံးပေါက်အတွက် ရှာဖွေကျွေးမွေးနေရတာပါ။
“ဒီကောင် ပေါက်စကလေးကတည်းက မွေးထားတာ။ အခုဆိုရင် တနှစ်ကျော်ပြီ။ ညီအစ်ကိုလိုပဲ သဘောထားတယ်။ ကျွန်တော်က မဲလုံးကို ကိုယ်စားတဲ့ထမင်းထဲကပဲ ချကျွေးတာပဲ။ အိပ်ရင်လဲ အနားမှာ အတူတူ”လို့ ကိုချစ်ရက ဆိုပါတယ်။
ကိုချစ်ရရဲ့ အမည်ရင်းက ခင်မောင်ဝင်းဖြစ်ပြီး ငယ်စဉ်က ချစ်စရာကောင်းတာကြောင့် သူနေထိုင်ရာ လှိုင်းဘုန်းကျေးရွာမှာ ‘ချစ်ရ’ ရယ်လို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ လှိုင်းဘုန်းကျေးရွာဆိုတာ ရန်ကုန်မြို့နဲ့ခဲတပစ်အကွာ ဆိပ်ကြီးခနောင်တိုရဲ့ တဖက်ကမ်းမှာရှိတဲ့ရွာကလေးဖြစ်ပါတယ်။
သူဟာ ပင်ကိုယ်က ခွေးချစ်တတ်သူဖြစ်တဲ့အတွက် သူ့အိမ်ဝန်းကျင်မှာ လာရောက်မှီခိုတဲ့ ခွေး လေးငါးကောင်ရှိပေမယ့် အားလုံးထဲမှာ မဲလုံးက ထူးထူးခြားခြား သခင်ကို မျက်စေ့အောက်က အပျောက်မခံတဲ့အထိ သံယောဇဉ်ကြီးတယ်လို့ ကိုချစ်ရက ပြောပါတယ်။
မြစ်ကြောင်းတလျှောက် သခင်နောက် မမောတမ်းမပန်းတမ်းရေကူးလိုက်တဲ့ မဲလုံးကို နောက်ဆုံးတော့ ဂရုဏာသက်တာကြောင့် လှေပေါ်ခေါ်တင်ရတာပါပဲလို့ ကိုချစ်ရက ပြောပါတယ်။
“မိုးထဲလေထဲလည်း လိုက်တာပဲ။ လှိုင်းတွေကြီးပြီဆိုရင် ကျွန်တော့်ရင်ခွင်ထဲ လာခွေနေတာ။ ကျွန်တော့်မှာ ပုစွန်ဆွဲရတာတဖက်၊ သူကတဖက်နဲ့ အတော်ကို ကပ်သီးကပ်ဖဲ့နိုင်တာ။ မခေါ်ရင်လည်း အတင်းရေကူးပြီးလိုက်တာ”

Пікірлер: 54
Остановили аттракцион из-за дочки!
00:42
Victoria Portfolio
Рет қаралды 3,9 МЛН
The singer turned soldier in Myanmar’s hidden war
2:03
Sky News
Рет қаралды 87 М.
မုန့်တွေပတ်စားမယ်
19:03
Sein Myint Zaw
Рет қаралды 25 М.