Рет қаралды 145
ကိုယ့်ကိုရွေးချယ်ဖို့ တကူးတကမကြိုးစားခြင်းဖြင့် နေ့စဉ်ဘဝကိုဖြတ်သန်းချင်တယ် ။
လုပ်ငန်းခွင်မှာဖြစ်စေ၊ ရှုပ်ထွေးလွန်းတဲ့လူမှုပတ်ဝန်းကျင်မှုပဲဖြစ်စေ ကိုယ့်ကိုသဘောကျဖို့ ဟန်ဆောင်ကြိုးစားရတာ တကယ်ပျော်ဖို့မကောင်းဘူးဟန်နီ ဒီကြားထဲ မင်းလည်းအပါအဝင်ပဲ။
ငါ့ကို ပြန်ချစ်စေဖို့ ပိုဂရုစိုက်စေဖို့ နောက်ပြီး ဆိတ်ကွယ်ရာမှာ ပူပင်သောကကင်းစေနိုင်ဖို့ တစ်ဖတ်သက်ကြီးကြိုးစားအားထုတ်ရတာ ကိုယ့်အတွက်ကိုသိပ်စိုးရိမ်တာပဲ လူတိုင်းလည်းကိုယ့်လိုပဲ ဘယ်သူမှတော့ ဟန်ဆောင်ချင်ကြမယ်မထင်ဘူးနော် ဒါဟာ မသိစိတ်ရဲ့ကြောက်ရွံ့မှုလားလား
မလုံခြုံတဲ့စိတ်ရဲ့ စိုးထိတ်မှုလား တစ်ခုခုပဲဖြစ်မယ်ထင်တယ်။
ဘဝကပျော်စရာသိပ်များတယ် နောက်ပြီးငြီးငွေ့ဖို့လည်းသိပ်ကိုလွယ်တယ်။ မင်းကိုလည်း ငါငြင်းပယ်စပြုလာပြီဟန်နီ ဒါကငါ့အတွက်စိုးရိမ်ရေမှတ်တစ်ခုလိုပဲ ။ မထူးဇာတ်ခင်းရတာကို လက်တလောမှာခနနားထားရဦးမယ် ကိုယ့်ကိုယ်ကိုမလိမ်မညာဘဲနဲ့ လွတ်လပ်တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ကို ပြန်အသက်သွင်းရဦးမယ် ဟန်ဆောင်ရတာသိပ်ပင်ပမ်းတယ်
မင်းကိုကိုယ်ချင်းစာပါတယ်။
www.facebook.c...
ဒီနေ့မှာတော့ NoodleSoup ရဲ့ပဲ့ကိုင်ရှင် ညီမလေး HaRam ရဲ့ စာစုလေးကို ဖတ်ပြထားပါတယ်။
စာရေးသူညီမလေးကိုလည်း လေးစားစွာဖြင့် credit ပေးပါတယ်။
#NoodleSoup #floranawhispers