Рет қаралды 8,365
ကြက်သားဆန်ပြုတ် ပူပူလေး .. တန်ဆောင်မုန့်လပြည့်နေ့ အလှူ 💛💛
ကိုယ်တိုင်ချက်တဲ့ ဆန်ပြုတ်ကို တကယ်လိုအပ်တဲ့နေရာတွေလှူချင်တဲ့ စိတ်ဖြစ်နေတာကြာပါပြီ။ ဒီနေ့တော့ တကယ်အများကြီး ကိုယ်တိုင်ချက်ပြီး လှူခဲ့နိုင်တယ်။
မွန်မြတ်စိတ်ထား တွယ်ယာနဲ့ ဘိုးဘွားရိပ်သာ နှင့် မြောက်ဥက္ကလာဆေးရုံမှာ သွားလှူခဲ့ပါတယ်။ အဖိုးအဖွားတွေကလည်း ဆန်ပြုတ်ဗူးလေးပေးပြီးတာနဲ့ ဖွင့်သောက်ကြတာ ပီတိတကယ်ဖြစ်ရတယ်။
ဆေးရုံမှာလည်း အသက်ကြီးငယ်မရွေးယူပြီး စားကြတာ ပျော်ဖို့ကောင်းပါတယ်။
ကျနော်အတွက် အများကြီးမလိုပါဘူး။ လိုအပ်နေသူတွေအတွက် တတ်နိုင်သလောက်၊ ဖြည့်တင်းပေးနိုင်ရင် ကျေနပ်ပါပြီ 🙏