Рет қаралды 22,610
ကြက်ဥငံပြာရည်ချက်
ပဲပြုပ်ထမင်းကြော်ပူပူလေးနဲ့ လိုက်ဖက်တဲ့ ကြက်ဥ ငံပြာရည်ချက်လေးနည်းလေးပါ။ စျေးသွားပြီး ကြက်ဥ ဝယ်တဲ့အခါတိုင်း ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလေ့ရှိပါတယ်။ အိမ်မှာရှိတဲ့ ကြက်ဥထည့်တဲ့ဗူး ဒါမှမဟုတ် စူပါမားကတ်ကနေဝယ်ဖူးတဲ့ ကြက်ဥထည့်တဲ့ ပလတ်စတစ်ဗူးလေးတွေ ကို ယူသွားပြီး ဝယ်ခြင်းအားဖြင့် ကြက်ဥတွေ မတော်တဆ ကွဲတာမဖြစ်တော့တဲ့အတွက် အလေအလွင့်လည်း မရှိတော့သလို ပလတ်စတစ်လည်း လျော့ချပြီးသားဖြစ်သွားပါပြီ။ မနက်စျေးသွားတဲ့အခါ ထည့်လာတဲ့ တခါသုံးပလတ်စတစ် (ကြွပ်ကြွပ်အိတ်) တွေဟာ စျေးကနေ အိမ်ရောက်တာနဲ့ အမှိုက်ပုံထဲ ထည့်လိုက်ရတဲ့အတွက်စျေးဝယ်တဲ့အခါ totoebag ။ စျေးဝယ်အိတ်။ ခြင်း။ စတာတွေယူသွားပြီး ကမ္ဘာမြေကြီးအတွက်မကောင်းတဲ့ တခါသုံး ပလတ်စတစ်အိတ်တွေကို တဦးတယောက်ချင်းစီက စပြီး သူငယ်ချင်းအားလုံး တူတူ လျော့သုံးကြရအောင်...