Рет қаралды 51,009
ရခိုင်လူမျိုးတို့ရဲ့ သမိုင်းမှာ ရေအောက်ထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ ဒဏ္ဍာရီဆန်ဆန် ထူးဆန်းတဲ့ မြို့တစ်မြို့ရှိနေပါတယ်။
အဲဒီမြို့ကတော့ ကော်တုံဒရဇ်တိုင်းပဲဖြစ်ပါတယ်။
ဘယ်အချိန် ဘယ်ခုနှစ်ကတည်းက တည်ရှိခဲ့ပါတယ်ဆိုတဲ့ သက္ကရာဇ်အခိုင်အမာ မရှိပေမယ့် သမိုင်းစာပေအချို့မှာတော့ ဖော်ပြထားဆဲဖြစ်သလို ဒီကော်တုံဒရဇ်တိုင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ တန်ခိုးကြီး ရုပ်ပွားတော်တစ်ဆူလဲ ယနေ့ထိတိုင် သပ္ပါယ်စွာတည်ရှိလို့နေပါတယ်။
ဒီသမိုင်းကြောင်းဟာ ရခိုင်လူမျိုးတွေနဲ့မစိမ်းလှပေမယ့် အခြားသောတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့တော့ ဒီသမိုင်းကြောင်းနဲ့ အရမ်းကိုမှ အလှမ်းဝေးလှပါတယ်။
ဟုတ်ပါတယ်။ ကောတုံဒရဇ်ရဲ့ သမိုင်းကြောင်းဟာ ကျနော်တို့ကို ဘာသာရေးဆိုင်ရာ ဗဟုသုတရစရာတစ်ခုအနေနဲ့ သမိုင်းထဲက သင်ခန်းစာပေးခဲ့တဲ့ မြို့တော်ဟောင်းတခုဆိုလည်းမမှားပါဘူး။
ဒီနေ့ဗီဒီယိုမှာတော့ စိတ်ဝင်စားဖွယ် ဖြစ်ရပ်ဆန်းတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်ရေအောက်က ကော်တုံဒရဇ်တိုင်းပြည်ရဲ့သမိုင်းကြောင်းကို ကျွန်တော့်ရဲ့ညီကိုမောင်နှမများနဲ့ မိဘပြည်သူများအတွက် ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားဖွယ် ဝေမျှပေးသွားမှာဖြစ်တဲ့အတွက် ဗီဒီယိုကိုကျွန်တော်နဲ့အတူတူ အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။