လားရှိုး ရမခတိုင်းစစ်ဌာနချုပ်မှ စစ်သုံ့ပန်းမိသားစုဝင် ၈၀၀ ကျော်ကို MNDAA ပြန်လွှတ်

  Рет қаралды 69,745

MizzimaTV

MizzimaTV

Күн бұрын

လားရှိုး ရမခတိုင်းစစ်ဌာနချုပ်မှ စစ်သုံ့ပန်းမိသားစုဝင် ၈၀၀ ကျော်ကို MNDAA ပြန်လွှတ်
ရွှေနွယ်၊ လွှမ်းမိုး
မဇ္စျိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်စဉ်က ဖမ်းမိထားသည့် စစ်ကောင်စီတပ်မိသားစုဝင်များကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက ပြန်လွှတ်ပေးနေကြောင်း MNDAAနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
MNDAAက လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးစားနေပြီး တိုက်ပွဲအတွင်း ဖမ်းမိထားသူများကို ယမန်နေ့(ဩဂုတ်လ ၆ရက်)မှစတင်၍ ပြန်လွှတ်ပေးနေခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကမဇ္ဈိမကိုပြောသည်။
၎င်းက "ကျွန်တော်တို့ PDFတပ်ပေါင်းစုတွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့မှ လားရှိုး (ရမခ) သိမ်းပိုက်ခဲ့စဉ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုတွေကို နေ့စဉ်လွှတ်ပေးနေတဲ့နေရာမှာ မနေ့က ၃၈၅ ယောက်၊ ဒီနေ့ ၄၄၅ ယောက်လွတ်ပေးလိုက်ပါတယ်” ဟု ယ‌နေ့(ဩဂုတ်လ ၇ရက်) မွန်းလွဲပိုင်းတွင်ပြောသည်။
သတင်းရင်းမြစ်၏ အဆိုအရ နှစ်ရက်အတွင်း စစ်ကောင်စီမိသားစုဝင် ၈၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။လွတ်မြောက်လာသူများတွင် အမျိုးသမီးများ၊ကလေးငယ်အများစုနှင့် သက်ကြီးရွယ်အိုအချို့လည်း ပါဝင်သည်ကို မဇ္ဈိမကရရှိထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။၎င်းတို့သည် မည်သည့်နေရာသို့ ဆက်သွားမည်ကို အသေးစိတ် မသိရှိရသေးပေ။
စစ်သုံ့ပန်းမိသားစုဝင်များအား လွှတ်ပေးသည့် လုပ်ငန်းစဉ်အတွင်း ရှမ်းပြည်တပ်မတော်(SSPP)မှလည်းပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ သတင်းနှနှင့်ပတ်သက်၍ MNDAA ကယ‌နေ့ညနေအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။MNDAAနှင့်SSPP ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း MNDAA ကထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်အရေအတွက်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။သို့သော် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင် ၄,၇၀၀ ကျော်ကို MNDAA မှ အရှင်ဖမ်းမိထားကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များနှင့် ဩဂုတ်လ ၃ ရက်ညနေ ၆ နာရီ၃၀ မိနစ်ခန့်မှစတင်၍ အဆက်အသွယ်ပြတ်တောက်နေပြီး ၎င်းတို့အား တော်လှန်ရေးအင်အားစုများမှ ဖမ်းဆီးသွားသည် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် လားရှိုးမြို့၌ MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး စစ်ဘေးရှောင်နေကြသည့် မြို့ခံများကိုလည်းမြို့အတွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် ပထမဆုံးလက်လွှတ်လိုက်ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။
စာတည်း- အေးချမ်း
ရုပ်သံအညွှန်း - MNDAA နှင့်နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်မှပေးပို့သော လားရှိုး ရမခမှ လွတ်ငြိမ်းခွင့်ရ စစ်သုံ့ပန်းမိသားစုဝင်များ။
#လားရှိူးမြို့
#အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
#စစ်သုံ့ပန်းမိသားစုဝင်များ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
bit.ly/2VhJ12U (သို့မဟုတ်) tinyurl.com/do...
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language / mizzimadaily
Facebook | English language / mizzimamyanmarnews
Facebook | Mizzima+TV / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv
Sportify open.spotify.c...
Mizzima TV App onelink.to/jnuwak
Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
Website :
bur.mizzima.com
eng.mizzima.com
www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Пікірлер: 68
@kispywillo6749
@kispywillo6749 2 ай бұрын
မင်းအောင်လှိုင်လို ရှေ့တန်းသွားတဲ့လူလက်နက်ချရင် နောက်ကမိသားစုကိုဖမ်း သူအတွက် အသေခံခိုင်းနေတဲ့ ကောင်တွေ မြင်အောင်ကြည့်ထား 😊
@kothet582
@kothet582 2 ай бұрын
လားရှိုးဆေးရုံကိစ္စ နာမည်ပျက်ပြီး ဂျနီဗာကွန်ဗန်းရှင်းရောက်မှာမို့၊ ပြည်သူလူထုကမခံနိုင်ကြလို့ဆန္ဒတွေပြကုန်လို့ ၊ နောက်ထပ် စစ်တပ်ကိုရုရှားကကူရင်သူပုန်အားလုံးမျိုးတုန်းတော့မှာသိလို့ နေမှာပါ😂😂😂
@Gudbci
@Gudbci 2 ай бұрын
⁠@@kothet582စောက်ရူးကလည်း 😂 ဂျနီဗာကွန်ဗန်းရှင်းသာရှိရင် မင်းအဖေတွေရောက်တာကြာပီ😂
@UncleKyee-jo2dd
@UncleKyee-jo2dd 2 ай бұрын
​@@Gudbciစောက်ပိန်း
@Gudbci
@Gudbci 2 ай бұрын
@@UncleKyee-jo2dd မင်းအဖေကြီးကို ထိလို့နာသွားပီလား
@arkar-o5j
@arkar-o5j 2 ай бұрын
ခွေးမသားတွေသမီးတွေပြောထာအုံပေါတနေ့တွေမဲ့စပတ်ဟေ
@SuperHeroYeLinnNaing
@SuperHeroYeLinnNaing 2 ай бұрын
အဲ့ဒိလိုတွေ့ရတော့လဲဝမ်းသာပါတယ်။ကျေးဇူးလဲတင်ပါတယ်။
@seinwin2713
@seinwin2713 2 ай бұрын
လွှတ်ပြီး ကျေးဇူးသိဖို့လိုတယ်နော်။။
@NgweYa-pl6yd
@NgweYa-pl6yd 2 ай бұрын
‌လွှတ်ပေးတာကျေးဇူးတင်ပါတယ်ဆေးရုံမှာမဆိုင်ပဲသတ်လိုက်တဲ့လူတွေအတွက်ဘာလုပ်ပေးမှာဘာပြောကြမလဲး
@UMyoLwin-r5c
@UMyoLwin-r5c 2 ай бұрын
စစ်သားအင်အားလဲမနဲပါဘူးလက်နက်ရိက္ခာလဲအပြည့်ပါဘဲ စိတ်မှာကိုယ်ကမတိုက်သင့်ဘူးထင်လို့မတိုက်ကြတာဒါကလဲ ရပ်ထဲရွာထဲမြို့​တွေထဲ လခရိက္ခာ​နေစယာမ​မျော်လင့်ကြပိုင်ဆိုင်မူ့​တွေစွန့်လို့​စိတ်ဓါတ်မြင့်မားတဲ့တော်လှန်​ရေးသမား​တွေအ​ကြောင်းသိထားလို့ဖြစ်မယ်​လေယာဥ်ပြစ်လို့သာ
@htayaung8152
@htayaung8152 2 ай бұрын
မသက်ဆိုင်သူမိသားစုဝင်တွေကိုပြန်လွှတ်ပေးတာက လူစိတ်ရှိတဲ့သူတေံမို့ပါ
@tilwin289
@tilwin289 2 ай бұрын
ကောင်းတယ်ကျွေးရရင်မတတ်နိုင်ဘူး
@UncleKyee-jo2dd
@UncleKyee-jo2dd 2 ай бұрын
ဖင်ယားပြန်ပီ စောက်ပိန်းက
@htayaung8152
@htayaung8152 2 ай бұрын
@@UncleKyee-jo2dd ဟေ့ကောင် မင့်အမေငါလိုးလား
@blueskyfightersai
@blueskyfightersai 2 ай бұрын
ဘယ်လိုဆိုဆိုလွတ်ပေးတာကျေးဇူး
@realmev11-vu8xw
@realmev11-vu8xw 2 ай бұрын
မအလ သေသင့်ပီ
@ZawMoeNaing-zj2xt
@ZawMoeNaing-zj2xt 2 ай бұрын
ပြန်ပဲလွှတ်လွှတ်ပါ။တနေ့ကြမင်းတို့သွေးနဲ့ခြေဆေးရမှကြေနက်မယ့်တို့ဗမာ
@freemanmooremyanmar
@freemanmooremyanmar 2 ай бұрын
မအလတပ်ကကောင်တွေ မြင်တယ်နော်.. မင်းတို့လို့ မဆိုင်တဲ့သူတွေပါ ဒုက္ခမပေးဘူး.. လူလိုနားလည်ပီး သိက္ခာရှိကြတယ်....
@khunaungsantun4902
@khunaungsantun4902 2 ай бұрын
ရမခတိုင်းထဲကိုမရောက်ဘူးရင်သတင်းမလိမ်ပါနဲ့.
@AyeAye-nx3db
@AyeAye-nx3db 2 ай бұрын
လားရှိုးဖို့ကမြန်မာပြည်မှာလားရှားနေတယ် ထောက်ပို့တပ်လောက်ပဲလားသုံးတာ သေဂွာလားတာလားဘာလားတွေမသိဘူး ဒီနေရာကလားရှိုးမဟုတ်ဘူး လိုးရှားမြို့
@kispywillo6749
@kispywillo6749 2 ай бұрын
မြင်လား မင်းတို့အကြမ်းဖက်စစ်တပ်က ကောင်တွေလိုမျိုးဆို အကုန်သတ်တာကြာပေါ့
@KyawKyaw-g4l8v
@KyawKyaw-g4l8v 2 ай бұрын
Noပါ ဂျင်းသတင်းပါ
@freemanmooremyanmar
@freemanmooremyanmar 2 ай бұрын
​@@KyawKyaw-g4l8vအတော်ကန်းနေတဲ့ကောင်
@kothet582
@kothet582 2 ай бұрын
😂😂😂 ပြန်ပြောရရင်မကုန်နိုင်အောင် ရက်စက်ယုတ်မာ လူသတ် ထားတဲ့သူပုန်တွေကများ😂
@freemanmooremyanmar
@freemanmooremyanmar 2 ай бұрын
@@kothet582 မင်းတို့မအလတွေလိုတော့ သုံ့ပန်းတွေကို မသတ်သေးပါဘူးကွာ....
@AungmyatHtut-g7q
@AungmyatHtut-g7q 2 ай бұрын
မိသားစုတွေဘယ်ကို ဘယ်လိုသသွားပြီးဘယ်လိုနေဘယ်လိုစားရမှာလဲ
@mgmgchit5909
@mgmgchit5909 2 ай бұрын
စဗျား
@MohMoh-x3i
@MohMoh-x3i 2 ай бұрын
‌ရူးပါ့ စစ်ဘေးရှောင်တွေပါ
@Nwe-r6y
@Nwe-r6y 2 ай бұрын
မြို့ထဲမှာနွားမမွေးပါ နွားတွေကိုတွေ့နေရပါတယ်
@ThinYaNant-gi2pp
@ThinYaNant-gi2pp 2 ай бұрын
နင်ကမှခွေးစိတ်ပေါက်နေတာ
@linnwaddy8459
@linnwaddy8459 2 ай бұрын
အယ်ဘနဲ့​တော့ကွာပ
@winpaingsoe-d5f
@winpaingsoe-d5f 2 ай бұрын
ဘယ်မါလဲ စစ်သုံးပန်း
@DawthaungKyi-w9w
@DawthaungKyi-w9w 2 ай бұрын
ထမင်းမကြွေးနိုင်လို့ပါ
@NanDar-lc3mb
@NanDar-lc3mb 2 ай бұрын
🐕 ပြော🐕🐕🐕🐇🐇😂😂😂
@DeathHero-qb5nl
@DeathHero-qb5nl 2 ай бұрын
မအေလိုးတွေ အထက(၈) ဘူတာပတ်လမ်းမှာ အလောင်းတွေပုံနေတာ ဘယ်သူ့လက်ချက်လဲရှင်းကြဦး
@MarCho-p8n
@MarCho-p8n 2 ай бұрын
ယုံအောင်လဲပြောဟေ့ ဆေးရုံကဝန်ထမ်းနဲ့လူနာတချို့ကိုထွက်ပြေးဖို့လုပ်လို့ပစ်သတ်တဲ့ကောင်တွေက စစ်တပ်မိသားစုကိုပြန်လွှတ်ပေးပါ့မလားစစ်တပ်မိသားစုမှန်ရင်ဖမ်းပြီးလူသားတံတိုင်းလုပ်ပြီးရမခ ကိုလက်နက်ချအောင်လုပ်မှာပေါ့ ဉာဏ်တိမ်လိုက်တာ မီဒီညာရယ် မြို့ခံလူတွေ ကိုရိုက်ပြထားတာဟဲ့နီပိတ် အစိစုတ်တွေဘဲယုံမှာ
@KWETTAUNG
@KWETTAUNG 2 ай бұрын
မအလ ကြောင့်ဘယ်လောက်ဒုက္ခရောက်ကြသလဲ။မြင်တဲ့အတိုင်းဘဲ။မအလ သာအာဏာမရူးရင်မိသားစုတွေဒီလိုဒုက္ခရောက်စရာအကြောင်းမရှိဘူး။
@user-rl2vn7il5y
@user-rl2vn7il5y 2 ай бұрын
ဒီသတင်းသည်မှန်ကန်မှု့မရှိပါက MizzimaTV နှင့်ပတ်သက်ဆက်နွယ်သူအားလုံး၊အကြမ်းဖက်ပြည်ဖျက်မီဒီညာများနှင့်ပတ်သက်ဆက်နွယ်သူများအားလုံး အ​​ေT ဆိုးနှင့်​ေT ကြပါစေ။ပြည်သူများစိတ်ဒုက္ခရောက်သလိုမျိုးဝဋ်ပြန်လည်ကြပါစေ။
@UkhinWin-l6h
@UkhinWin-l6h 2 ай бұрын
မဟုတ်တွေမပြနဲ့ခွေးသားတွေ
@WinThoo-g8w
@WinThoo-g8w 2 ай бұрын
🆗️👍❤️⚘️🚩👩🏻‍🤝‍👨🏽တလရ
@waimyo8045
@waimyo8045 2 ай бұрын
ဆေးရုံကသူတေကိုလေ မင်းမေလိုးကိုတပ်မိသားစုဝင်တေလားs ယုံတဲ့sပိန်းတေကလဲအဲ့သလောက်sပိန်းsဒူတေဖစ်နေတာအု့ပါ့
@khunaungsantun4902
@khunaungsantun4902 2 ай бұрын
တိုင်းဝင်ဝ ၄ခု ရှိတယ်.ဒါဆိုသဘောပေါက်....
@HlaHlaHlaHla-d6g
@HlaHlaHlaHla-d6g 2 ай бұрын
စစ်ဘေးရှောင်တဲ့ပြည်သူတွေကိုစစ်ပြီးလွှတ်ပေးတဲ့ဟာကိုပိန်းတဲ့လူတွေတော့ယုန်မှာပေါ့
@mgmgchit5909
@mgmgchit5909 2 ай бұрын
စဗျား
@CHITKHAING-v8p
@CHITKHAING-v8p 2 ай бұрын
ရန်သူဖမ်းခံရရင်သူတို့ခ်ိုင်းတဲ့တိုင်းနေရမှာ အပြစ်မရှိတဲ့မိသားစုတေသနားစရာ
@CalmAurora-wq4pe
@CalmAurora-wq4pe 2 ай бұрын
ဘယ်ကိုပြန်လွှတ်တာလည်းရောသမမွှေတွေလားလာရိှူးမြို့ပေါ်မှာကျန်ခဲ့တဲ့လူတွေကိုလားအိမ်ဖျောက်နေတဲ့သူတွေကိုလားကျန်တဲ့ပစ္စည်းတွေဝေမျှမစားချင်လို့အသံကောင်းဟေ့ပြီးပြန်လွှတ်တာလား
@hninhnin3331
@hninhnin3331 2 ай бұрын
ပေါက်ကရ၄၀
@PHYO1234PHYO-i9x
@PHYO1234PHYO-i9x 2 ай бұрын
သေမာဆိုလိုပြန်လွတ်တာလာမိသာစုတေသေမာဆိုလိုလက်နက်ချလိုက်တာကိုအဟုတ်မှတ်မနေနဲအခုမင်တိုဆိလာpမင်တိုခံဖိုသာပြင်တော့
@CalmAurora-wq4pe
@CalmAurora-wq4pe 2 ай бұрын
ဘယ်ကိုပြန်လွှတ်တာလည်းလူငယ်တွေတော့ခေါ်သွားတာပေါ့
@kaungmyat485
@kaungmyat485 2 ай бұрын
ခွေးတွေအပြန်ခရီးကခွေးသေးပန်းတောင်ပေးမဲ့သူမရှိဘူး
@NayWonNi-z6o
@NayWonNi-z6o 2 ай бұрын
အပြတ်ဆော်မှာကြောက်လို့လွှတ်တာပါကွာ
@AyeAye-nx3db
@AyeAye-nx3db 2 ай бұрын
ဒါလာရှိုးမဟုတ်ဘူး
@maylincho-j5c
@maylincho-j5c 2 ай бұрын
ကိုယ့်အကြောင်းကိုယ့်သိလို့လွတ်ပေးတာများ
@DawHtayHtayKywal
@DawHtayHtayKywal 2 ай бұрын
စိတ်ရင်းကောင်းတွေရှိတယ်ပေါ့ထောင်မြင်လို့ရာစွန့်နေတာမျိုးလား
@channelmoe8756
@channelmoe8756 2 ай бұрын
မပို့ရင်သူတို့ဘာဖြစ်မယ်ဆိုတာသိတယ်လေ
@chanmyae3884
@chanmyae3884 2 ай бұрын
ဟုတ်လားပြောကြပါအုံးသိသူတွေရှိလာား
@WwEe-p1k
@WwEe-p1k 2 ай бұрын
ဟုတ်တယ်လေ စစ်ခွေးတွေလို စိတ်ဓာတ်မထားဘူး
@user-rl2vn7il5y
@user-rl2vn7il5y 2 ай бұрын
​@@WwEe-p1kခွေးပြောခွေးယုံ😂😂
@user-rl2vn7il5y
@user-rl2vn7il5y 2 ай бұрын
​@@WwEe-p1kခွေးပြောခွေးယုံ😂😂
@waimyo8045
@waimyo8045 2 ай бұрын
​@@WwEe-p1kဆေးရုံကသူတေကိုအတင်းရွေ့ပြောင်းတာပါဗျသေချာမသိပဲရမ်းမပြောပါနဲ့ဗျမအေလိုးရေ
@5v-wz1io
@5v-wz1io 2 ай бұрын
မင်းအောင်လှိုင်သူခိုးတွေလိုမရုပ်မာလို့ပြန်လွတ်လိုက်တာတွေလားလောက်ကောင်တွေ
@waimyo8045
@waimyo8045 2 ай бұрын
သေချာစုံးစမ်းပါမအေလိုးရေ...သေချာစုံစမ်းလို့မှန်မှသေချာပြောပါမအေလိုးရေ😂
@optimitic.heart2020
@optimitic.heart2020 2 ай бұрын
ကိုကန့်တွေမင်းတို့ကိုမျိုးဖြုတ်မှာ
@kispywillo6749
@kispywillo6749 2 ай бұрын
လွှတ်ပေးတာတောင် ကျေးဇူးမတင်ဖင်လှပြလုပ်နေတာ မင်းတို့ကောင်တွေ တပ်မိသားစု ၀င်တွေကို သေချင်သေပစေ သဘောလား😮
စိုပြေ မပြောချင်ဘူး
4:13
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 287 М.
Sigma baby, you've conquered soap! 😲😮‍💨 LeoNata family #shorts
00:37
Synyptas 4 | Арамызда бір сатқын бар ! | 4 Bolim
17:24
Ouch.. 🤕⚽️
00:25
Celine Dept
Рет қаралды 21 МЛН
Sigma baby, you've conquered soap! 😲😮‍💨 LeoNata family #shorts
00:37