လေးရက်မြောက်အထိ ရေမကျသေးတဲ့ ပဲခူး

  Рет қаралды 106,589

People's Spring

People's Spring

Күн бұрын

စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမြို့မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့အထိ ရေကြီးရေလျှံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"နေ့လည် ၁၂ နာရီလောက်က ဇလပ်‌ထော် ဆည်ကျိုးမှာစိုးလို့ ဖောက်ချရတော့ ရေကပိုတတ်လာ မလားမသိဘူး" လို့ အသက် မြို့ခံအမျိုးသမီး အမျိုးသမီးကပြောပါတယ်။
ပဲခူးမြို့မှာ အောက်တိုဘာ ၇ ရက်ကစပြီး ရေကြီးနေရတာပါ။ အရင်က ရေကြီးရေလျှံလေ့မရှိတဲ့ မြို့လယ်‌မှာ ပါရေကြီးနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရပါတယ်။
ဒေသခံပရဟိတအဖွဲ့တွေရဲ့ အဆိုအရ ကယ်ဆယ်ရေးစခန်း သုံးဆယ်လောက် ဖွင့်ထားတယ်လို့သိရပါတယ်။
ပဲခူးရေဘေးကို ရန်ကုန်နဲ့ မန္တလေးက ပရဟိတအသင်းတွေကလည်း လာရောက်ကူညီမှုတွေလုပ်ဆောင်ပေးနေတာတွေ့ခဲ့ရပါတယ်။
မြို့အဝင်တိုးဂိတ်နားမှာ ရေတော်တော်များနေသေးတာကြောင့် ကုန်တင်ကားကြီးတွေကို တစ်စီးချင်း ဖြတ်ခိုင်းနေရပါတယ်။ အဲဒါကြောင့် ပဲခူးမြို့ကိုဝင်ဖို့ တန်းစီနေတဲ့ ကုန်တင်ကား နဲ့ လောင်စာဆီကားတန်းက မိုင်နဲ့ကိုချီပြီး ရှည်နေပါတယ်။
အိမ်စီးကားအချို့ဖြတ်လို့မရနိုင်တဲ့ရေပမာဏဖြစ်တာကြောင့် လာရောက်ကူညီတဲ့ ပရဟိတအဖွဲ့ကားတွေကတော့ မြို့အဝင်ဂိတ်ကိုရှောင်ပြီး မောင်းတဲ့လမ်းကနေ သွားနေရပါတယ်။
ကားတွေက မဟာမြိုင်လမ်းဆုံနားအထိ သွားနိုင်ပြီး အဲဒီ့နေရာကနေ မြို့ထဲကိုတော့ ရေလမ်းပဲသွားနေရတာပါ။
"မြို့ထဲမှာက ရင်ခေါင်းလောက်ကို ရှိသေးတယ်။ ၁ လမ်းထိပ်မှာကြိုးနဲ့ လျှောက်တာတောင် မနည်းလျှောက်ရတယ်။ ရေစီးတော်တော်သန်တယ်" လို့ ပဲခူးမြို့တွင်းကိုဒီကနေ့သွားရောက်ကူညီခဲ့တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
ရေကြီးတဲ့နေ့ကတည်းက လျှပ်စစ်မီးလည်းမရသလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ #bago #flood #ပဲခူး

Пікірлер: 36
@kokhin501
@kokhin501 11 ай бұрын
မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖
@tinkhaing8231
@tinkhaing8231 11 ай бұрын
အားလုံးကျမ်းမာပါစေ❤❤❤❤
@KhinKywe-ni1ny
@KhinKywe-ni1ny 11 ай бұрын
ရေအမြန်ကျပါစေ။
@mrmin5460
@mrmin5460 11 ай бұрын
မဂ်လာပါ ဂျာမိုး
@kaungkaung-vv7lk
@kaungkaung-vv7lk 11 ай бұрын
ဘုန်းကြီးကျောင်းပြေနေ
@lwinkyaw3901
@lwinkyaw3901 11 ай бұрын
အမြန်​စုံး​ဘေးကင်​ပါ​သေ
@koko-yh5pe
@koko-yh5pe 11 ай бұрын
ရေတွေအမြန်ပြန်ကျပါစေ 🙏
@pyaephyopyaephyothaw4172
@pyaephyopyaephyothaw4172 11 ай бұрын
​လူတွေအားလုံးဘေးကင်းကြပါစေ...
@user-tf6xt4ud6r
@user-tf6xt4ud6r Ай бұрын
😢😢😢သနားပါတယ်
@KyawShwe-hz7ej
@KyawShwe-hz7ej 11 ай бұрын
ကျနော်တို့ပဲခူး ကူညီမှုတေွလိုအပ်နေပါသေးတယ်
@user-uw2sh9oz8i
@user-uw2sh9oz8i Ай бұрын
ဟင်သာရုပ်လေးမြုတ်ပြီလား
@user-et6hs2xu8v
@user-et6hs2xu8v 11 ай бұрын
🎉ကူညီပေးကြပါ၊ကမ္ဘာကြီးကမြန်မာကိုမေ့မထားကြပါနဲ့
@maythetoo1231
@maythetoo1231 11 ай бұрын
😢
@uts9131
@uts9131 Ай бұрын
စည်ပင် လမ်းတံတား ညံဖျင်းတာပါ
@thaesu8324
@thaesu8324 Ай бұрын
အားလုံးပဲဘေးကင်းကျပါစေ
@user-zk1jk4yh3w
@user-zk1jk4yh3w 11 ай бұрын
ရေအမြန်ဆုုံးကျပြိးအါးလုံးဘေးအန်တရယ်တေကင်းဝေးကြပါစေဆုံတေါင်ပါတယ်
@KyawShwe-hz7ej
@KyawShwe-hz7ej 11 ай бұрын
မြို့ထဲမှာ ကန်ဇွန်းရွက်တစ်စီး 1000 ဂေါ်ဖီထုပ်တစ်ထုပ် 4500 😭😭😭
@user-uk3pl2ci2h
@user-uk3pl2ci2h Ай бұрын
5 ရက်နေ့ထိုဖြစ်မှာပါအားလုံးဂရုစိုက်ကြပါ
@vivokokovivokoko5995
@vivokokovivokoko5995 11 ай бұрын
ဘေးကင်းကြပါစေ
@rkarminmin3725
@rkarminmin3725 11 ай бұрын
NUG ဘယ်ရောက်နေလဲ
@uts9131
@uts9131 Ай бұрын
ရေမကြီးသော နှစ် ပဲခူး မှာ မရှိပါ
@SetNaingTheinSetNaingThe-di5fn
@SetNaingTheinSetNaingThe-di5fn 10 ай бұрын
ကုန်းတွင်းပိုင်းပဲခူးမြို့ကရေတွေကြိးနေပီး.ကပ်ဆိုးတွေဖြစ်နေခဲ့ရတယ်..အမြန်ဆုံးရေကျဆင်းပါစေပဲဆုတောင်းပေးပါတယ်..
@user-yx7ui2ze1y
@user-yx7ui2ze1y 10 ай бұрын
ပဲခူးမြို့သစ်နန်းတော်ရာ၇/၃ယခင်ယုဇနလမ်းထောင့်အိမ်နေသူအပျိုကြီးကျောင်းဆရာမအင်္ဂါကို(ဆရာမကအဓမ္မကြူးလွန်ခံခဲ့ရတာပါ)ဆရာမအိမ်ရဲ့ညာဖက်ကပ်ရပ်(ဦးညာသားသူ့မိန်းမဟင်းသီးဟင်းရွက်ကုန်စုံဆိုင်လမ်းထိပ်စျေးထွက်ရောင်းနေစဥ်)သူတို့အိမ်အပေါ်ထပ်ဘုရားစင်ဖက်အခြမ်းအိမ်အနောက်ဖေးဝါးနံရံထံရံပေါက်သေးသေးမှ(အိမ်ခံဖြစ်သူကျောင်းသားအရွယ်အောင်ကျော်ကျော်သူ့အစ်ကိုလတ်ကိုမျိုး)တို့နဲ့အတူတစ်လမ်းထဲနေခဲ့ကြသူတွေဖြစ်တဲ့အောင်ကျော်မျိုးသူ့ညီအစ်ကိုဇော်ထက်သမီးရှင်(ထိုစဥ်ကတစ်ယောက်ထဲပါ)စန္ဒာထွေးမောင် သီဟယောက်ဖ ဇော်ထက် တို့သည်အိမ် ခံညီအစ်ကိုနှစ်ယောက်နဲ့အတူကျောင်းဆရာမအပျိုကြီးကို(လုံလုံခြုံခြုံနေတဲ့ဆရာမအတွင်းခန္ဓာအစိတ်အပိုင်းတွေကို အင်္ဂါကို)ခိုးချောင်းကြံခဲ့ကြဖူးတာပါ။မိမိကျောင်းသားအရွယ်အောင်ကျော်ကျော်တို့ညီအစ်ကိုနဲ့က အ.ထ.က(၁)ပဲခူးကျောင်းထွက်တွေပါ။မိမိကိုသူတို့လေးဦးဖဲရိုက်ကြမယ်ဆိုပြီးလိမ်ခေါ်သွားရာမှမိမိပါ ပါသွားခဲ့ပြီး ဦးညာသားသူ့မိန်းမထမိန်တန်းရှေ့ အတွင်းခံစကပ်အစိမ်းနုရောင်ဇာအဖြူအနားကွပ်တန်းရှေ့ရောက်မှသူတို့လေးဦးဝါးထံရံပေါက် နံရံပေါက်နားခေါင်းတွေကပ်ကြတော့မိမိလိုက်ကြည့်မိခဲ့ရာမှ အပျိုကြီးဆရာမကိုဝိုင်းကြံကြမှန်းသိလို့ ထိုနေရာမှမိမိလှည့်ပြန်ခဲ့ထိုအိမ်ပေါ်မှဆင်းခဲ့ပါတယ်။သူတို့လေးဦးကျန်ခဲ့ပါတယ်။(အကြူးလွန်ခံရတဲ့ဆရာမအပျိုကြီးပြတွင်းပေါက်ဖွင့်အိပ်ခန်းဖွဲ့စည်းပုံ ဆရာမအိပ်ခန်းထဲဝင်လျှင်ဘယ်ဖက်ကစာကြည့်စားပွဲ စာကြည့်စားပွဲမှာထိုင်လျှင်ညာဖက်ကအိပ်သည့်ကုတင်။ကုတင်ဘယ်ဖက်ခေါင်းရင်းထောင့်တစ်ထောင့်တည်းမှာတွဲလွဲစစ်ခြင်ထောင်အစိမ်းရောင် မိမိနတ်တိုက်ခံရစဥ် ခြိမ်းခြောက်မှု့တွေကြုံခဲ့ရလို့ဆရာမကိုတောင်းပန်ပါတယ် ဆရာမကိုသိစေချင်ယုံပါ ဇော်ထက် အောင်ကျော်မျိုးဆရာမကိုဖျောင် သတ် ရှင်းထုတ်မှာပါ။)ဇော်ထက် အောင်ကျော်မျိုးသူတို့အစ်မျိုးဆိုက်ကားသမားစိုးသိန်းသူ့မိန်းမကုရင်မ(ဧကရာဇ်ရွာမှာကုရင်မညီမတွေနေထိုင်ကြပါတယ်)၊စိုးသိန်း ကုရင်မသားသုံးယောက်စိုးလင်းသန်းခေါ်ဖိုးတုတ်အလတ်ကောင်ပြည့်ဖြိုးမောင်ခေါ်ကုလားကြီးသူ့ညီဖြိုးမောင်မောင်ထိုဇော်ထက်အစ်မျိုးတွေသူတို့အပုပ်နံ့မပေါ်ချင်သဖြင့်နတ်တိုက်လူသတ် ခဲ့ကြတာပါ ။ထိုအပုပ်နံ့နဲ့ဇော်ထက်သူနဲ့လက်ဝါးရိုက်ပင်းလိုက်တဲ့ ငွေတွေဇော်ထက်သုံးလိုက်တဲ့ ထိုးကြွေးလိုက်တဲ့ ပညာရှိတဲ့ပဲခူးဆည်မြောင်းထိပ်၁၄ရပ်ကွက်အုန်းမြိုင်ခြံမှာနေထိုင်နေကြသူတွေ အေးပုံ မြစ်ဝေသေပြီးနတ်ကတော်ထွန်းနဲ့မင်းနာမည်ပါသူဝဝအသားဖြူဖြူနတ်ကတော်နဲ့ယူထားသူ မြစ်ဝေနဲ့ရခဲ့တဲ့သားသမီးတွေဖြစ်တဲ့ (ဝေသင်းခိုင်ဘောစိသူငှေးတွေရဲ့ငွေကိုချူစားနေသူပြည့်တန်ဆာမပိုင်းလုံးသူ့မောင်နှစ်ယောက်ကောင်းမြတ်ဝေ၊ရိှုင်းမြစ်ဝေတို့မိဖ)အေးပုံနတ်ဝင်သည်(သူ့ရှစ်နှစ်ကျော်ကြာသူချမ်းသာဖို့အတွင်းနတ်တိုက်ကိစ္စတွေလူအများပေးမသိစေချင်သူ)နတ်စည်းပေါက်အေးပုံ အေးသန်း(အမြုံမ) မန်းနီးခေါ်အောင်စန်းမြင့်မိန်းမ၊စိန်ဖဲသူ့မိန်းမကြည်ကြည်ဦး(ကြည်ကြည်ဦးအစ်မျိုးတွေကယခင်ပဲခူးမြို့သစ်ယာဥ်ဝင်းအဟောင်းထိပ်မှာနေခဲ့ဖူးပါတယ်)သူ့သားသမီးတွေ(အောင်လင်းထွန်းသူ့ညီကျော်စွာထွန်းသူတို့ညီမအငယ်ဆုံး)၊ပေါက်ကြီး မိမော်သူတို့သားသမီးတွေမိထက်သူ့ညီမရွှေစင်ဝင်းသူတို့မောင်လေးကျောက်ဒိုး)၊အေးငွေရဲ့သားသမီး(ကလေးတွေရှိပါတယ်)၊ဝိုင်းစိန် သူ့ယောကျ်ား ကယားမောင်စန်း(ကလေးတွေရှိပါတယ်)၊သန်းသန်းဆင့်ထိုဆွေမျိုးတစ်စုနဲ့ဇော်ထက်ဆွေမျိုးတစ်စု လူသတ်နှုတ်ပိတ်ခဲ့ကြတာပါ။ပညာသည်ဖြစ်တဲ့နတ်ဝင်သည်အေးပုံ ဆည်မြောင်းထိပ်သူတို့ခြံမှာပဲအရက်ဆိုင်ဖွင့်ခဲ့ချိန်ကနေ နတ်စည်းပေါက်ဖို့ (ပြဿနာစခဲ့တာပါ)၊အရက်ရောင်းခဲ့ဖူးသူ နှစ်လုံးထီဒိုင်ကိုင်ခဲ့ဖူးသူ သူတို့အိမ်ဝိုင်း ပေါက်ကြီးအိမ်ပေါ်ဖဲဝိုင်းကြိတ်လုပ်ခဲ့ဖူးသူ(မိမိနတ်အတိုက်ခံရမှသိလိုက်ရတာဖဲကိုနတ်ကနားပညာနဲ့ရိုက်စားပြီး)ခိုင်ခဲ့သူ)အေးပုံ(ထိုစဥ်ကမိမိကိုသူ့အရက်ဆိုင်မှာမျက်လုံးနဲ့မိမိကိုရွှန်းရွှန်းစားစားကြည့်ခဲ့ပြီးသာယာခဲ့ တပ်မက်ခဲ့ပြီး မိမိနဲ့မျက်လုံးချင်းစုံခဲ့ပြီး သူ့ရဲ့ထိုလုပ်ရပ်ကြောင့်ထိုကိစ္စကြောင့်ပဲ (သူ့သဘောထားသိရဖို့)သူ့ဘေးမှာသူ့အစ်မျိုးကြည်ကြည်ဦးရှိနေချိန်သူ့တင်ပါးကို စမ်းသပ်ကိုင်လိုက်ရာမှာ(မိမိကိုပါးမရိုက်ခဲ့ပါ)မိမိကိုကြည်ဖြူမိမိကိုကြခဲ့တာပါ။ယင်းဖြစ်စဥ်ထက်မပိုပဲနတ်ကနားစည်းပေါက်ခဲ့တာပါ။သူ့တနှာကြောင့်ပါ။
@user-yx7ui2ze1y
@user-yx7ui2ze1y 10 ай бұрын
ပဲခူးပင်စည်စျေးနဲ့နန်းတော်ရာ၇/၃ယုဇနလမ်းမှာနေခဲ့ဖူးသူ နိုင်ငံခြားထွက်အလုပ်လုပ်တယ်လို့အကြောင်းပြပြီး အတွင်းနတ်တိုက်လူသတ်ရှစ်နှစ်ကျော်ကြာသူ့အစ်မျိုးအကြိုးအတွက် လုပ်ခဲ့ဖူးသူ လူသတ်ခဲ့ဖူးသူ ဇော်ထက် စန္ဒာထွေး ဇော်ထက်ယောက်ဖ ဇော်ထက်အစ်မကိုယူထားသူ လက်သမားတံခါးအောင်အောင် နှစ်လုံးထီနဲ့ထောင်ကြဖူးသူ ထောင်ထွက် တို့အစ်မျိုး ဇော်ထက်ညီဝမ်းကွဲဖိုးတုတ်ခေါ်စိုးလင်းသန်း အစ်မေ ဆိုက်ကားသမားစိုးသိန်းမယား ပြည့်တန်ဆာမ ကုရင်မ ဇော်ထက်အပုပ်နံ့နဲ့ ခွေးထီးစစ်စစ်နဲ့ လင်မယားတော်ခဲ့ ဆက်ဆံခဲ့တဲ့ ခွေးတစ်ပိုင်း လူတစ်ပိုင်း နတ်ကနားတစ်ပိုင်း ပြည့်တန်ဆာမကုရင်မ(ဧကရာဇ်ရွာမှာကုရင်မညီမတွေရှိပါတယ်) တို့သည် ထိုဆွေမျိုးတစ်စုသည် သူတို့အပုပ်နံ့တွေကြောင့် ရှစ်နှစ်ကျော်ကြာအတွင်းနတ်တိုက်လူသတ်ခဲ့ကြဖူးပါတယ်။
@ZawMinThiek
@ZawMinThiek Ай бұрын
ကပ်၃ပါး
@koko-vm2wq
@koko-vm2wq 11 ай бұрын
ပဲးခူး
@PapalinPanPan
@PapalinPanPan Ай бұрын
စိက်မကောင်းပါဘူး
@CommentsFihgter
@CommentsFihgter 11 ай бұрын
အေးမိစျန်ဘယ်ရောက်နေလဲ။ အရာရာကို ကြိုမြင်နေတယ် အလိုလိုကိုဘဲကြိုသိနေတယ်ဆိုတဲ့ ဆရာမကြီး။ ဒါကြတော့ဘယ်လိုဖြစ်ရတာ။ နဂါးမယ်တော် အိပ်နေသလား?။ 😎😏😏😏😏
@phyusin6123
@phyusin6123 11 ай бұрын
အယ်အရူးထောင်ရောက်နေပြီလေ😌😌
@CommentsFihgter
@CommentsFihgter 11 ай бұрын
@@phyusin6123 အဲ့လိုမပြောနဲ့နော် နဂါးတွေနဲ့ ရှူးတိုက်လိမ့်မယ်။😁😁
@user-ne6wq4yn8b
@user-ne6wq4yn8b 11 ай бұрын
နဂါးအပူးများနေတာကို
@thanhtay5273
@thanhtay5273 11 ай бұрын
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုမအေလိုးpdfတွေရဲ့လာကယ်လေ
@user-if6xg7ji7o
@user-if6xg7ji7o Ай бұрын
ပြည်သူကိုဒုတ္ခပေးနေတဲpdfမအေလိုတွေ
@arkarhtet-zk6vz
@arkarhtet-zk6vz 11 ай бұрын
မိုးရွာတာအမြန်ရပ်ပါစေရေအမြန်ကျပါစေဘေးကင်းကြပါစေ
@chitoomaung-o1k
@chitoomaung-o1k Ай бұрын
ပဲခူးကွပ်သစ်ဖက်ထဲကိုကယ်ဆယ်ရေးမရောက်သေးဘူးဗျ
How to Explore in Bago City | နီးနီးနားနား ပဲခူး သွား
16:35
ညနေခင်းသတင်း/ People's Spring
7:16
People's Spring
Рет қаралды 36 М.
مسبح السرير #قصير
00:19
سكتشات وحركات
Рет қаралды 11 МЛН
Fake watermelon by Secret Vlog
00:16
Secret Vlog
Рет қаралды 11 МЛН
Apple peeling hack
00:37
_vector_
Рет қаралды 82 МЛН
مسبح السرير #قصير
00:19
سكتشات وحركات
Рет қаралды 11 МЛН