Рет қаралды 58,659
"မမတို့ အသိမိတ်ဆွေတွေထဲမှာဆိုရင် အစ်မ ဘယ်လောက်ထိ ပေါ်တင်ဆက်ဆံလည်းဆိုရင် အဲလိုမျိုး မယားငယ်ယူထားတဲ့သူတွေဘာတွေ အစ်မတို့အိမ်ကို လာလည်ရင် အစ်မက ထွက်ကိုမတွေ့ဘူး အဲဒါ အစ်မ အမေတို့အဖေတို့က ဘာပြောလဲဆိုတော့ ဘာဆိုင်လို့လဲ နင်နဲ့ ဘာမှမဆိုင်ဘူး အနေသာကြီး အဲလိုမမိုက်ရိုင်းရဘူး မစော်ကားရဘူး ..မဟုတ်ဘူး မိန်းမနဲ့သားသမီးကို အဲလို စိတ်ဆင်းရဲအောင်လုပ်တဲ့သူ ထွက်ကိုမတွေ့ဘူး အဲလိုမျိုးစိတ် အစ်မမှာရှိတယ် ..ပြီးလို့ရှိရင် သူများအိမ်ထောင်ကို တမင်တကာ ဖြိုခွဲထားတဲ့ မိန်းမမျိုးတွေ ဘာတွေ ကိုယ့်အသိမိတ်ဆွေတွေထဲမှာ ရှိနေလို့ရှိရင် အရင်တုန်းက ခင်ခဲ့ရင်လည်း သိသွားပြီဆိုလို့ရှိရင် အဲလိုမိန်းမမျိုး လမ်းမှာတွေ့ရင်လည်း မနှုတ်ဆက်ဘူး"