Рет қаралды 104,989
ဒီတပတ်မှာတော့ လိင်မှ တဆင့်ကူးစက်တတ်တဲ့ ဂနိုရောဂါအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ် ။
ဒီရောဂါဟာ အမျိုးသား ရော အမျိုးသမီးမှာပါ ဖြစ်တတ်တာပါ ။ အရပ်ထဲမှာတော့ ဆီးပူညောင်းကျ လို ခေါ်ကြပြီး အမျိုးသားထုထဲမှာတော့ ထိပ်ကွဲတယ် ၊ ကျိုးသွားတယ် ၊ နှာစေးသွားတယ်ဆိုပြီး ဒီရောဂါကို ခေါ်ဝေါ်တတ်ကြပါသေးတယ်။
ဒီရောဂါဟာ အခုခေတ်ပိုင်းမှာလည်း အတွေ့များတဲ့ ရောဂါဖြစ်ပြီး ရောဂါဖြစ်ရင် ဆေးခန်းပြဖို့ ရှက်ပြီး ဆေမီးတို တွေနဲ့ကုသတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားသွားရတဲ့သူတွေလည်း ထုနဲ့ဒေးပါ ။
လိင်ဆက်ဆံရာက ကူးစက်တဲ့ ရောဂါဖြစ်လို့ ဘယ်လိုဆက်ဆံရင်ကူးစက်တာလဲ ၊ ဘယ်လိုလူမျိုးတွေဆီက ကူးစက် တတ်တာလဲ နဲ့ ဒီရောဂါကူးစက်ရင် ဘယ်လိုလက္ခတွေပြတတ်လဲဆိုတာကို မဖြစ်မနေသိထားသင့်ပါတယ်။
ရောဂါပိုးကူးစက်ခံရတာချင်းတူရင်တောင် အမျိုးသားနဲ့အမျိုးသမီး ရောဂါလက္ခဏာပြပုံကမတူညီပါဘူး ။ ဒါကြောင့် အချိန်မီ သိပြီး ကုသဖို့ လိုသလို နည်းမှန်လမ်းမှန်နဲ့ကုသဖို့လိုပါတယ်။
ဒါကြောင့် ဒီတပတ်မှာတော့ ကာလသားရောဂါအုပ်စုမှာပါတဲ့ ဂနိုရောဂါအကြောင်း ဒေါက်တာမြင့်ဦးက အသေးစိတ် ရှင်းပြ ထားတာကို 7Day TV ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။