Рет қаралды 16,716
၈၈ အရေးခင်းအပြီး အာဏာသိမ်းအစိုးရ တက်လာချိန် တစ်ခြားရုပ်ရှင်သရုပ်ဆောင်များဟာ မိမိတို့ သရုပ်ဆောင် အလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့အတွက် မိမိတို့ မှားကြောင်း လက်မှတ်ရေးထိုးကြသော်လည်း လေးလေးထွန်းဝေ လို့အများက ခေါ်တဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းဝေ၊ အကယ်ဒမီ အေးအေးသင်း နဲ့ ဟာသမယ် မသန်းရွှေ တို့ဟာ လက်မှတ်ရေးထိုးခြင်း မပြုခဲ့တဲ့အတွက် အာဏာသိမ်း အစိုးရဟာ သူတို့တွေကို သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်ခွင့် မပြုခဲ့ပါဘူး ……
“ တို့တွေ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် အလုပ်လုပ်တာ၊ အလကား အနုပညာသည်တွေ အဖြစ်မခံနိုင်ဘူး၊ တန်ဖိုးရှိတဲ့ အနုပညာသည်တွေပဲ ဖြစ်ချင်တယ်၊ ငတ်သေသွားပလေ့စေ မထူးဘူးဆိုပြီး “ကိုယ်ယုံကြည်တာ အတွက် အလုပ်လုပ်ခဲ့သူ