Рет қаралды 617
လွမ်းနေဆဲပါ ပန်းနေကြာ
လွမ်းနေဆဲပါ ပန်းနေကြာ လို့ အမည်ရတဲ့ အိပ်ရာဝင်ဝတ္ထုတိုဟာ နေရောင်ခြည်ရဲ့ အနမ်းနဲ့အတူ မျှော်ကြည့်မဆုံး မျက်စိတဆုံး ပွင့်ပန်းနေတဲ့ နေကြာပန်းခင်းကြီးထဲမှာ သဘာဝရဲ့ အလှတရားတွေကို ခံစားရင်း အေးအေးချမ်းချမ်း ဖြတ်သန်းအချိန်ကုန်သွားတဲ့ အကြောင်းကို စိတ်ကူးယဉ် ပုံဖော်ရေးသားထားတာ ဖြစ်ပါတယ်ခင်ဗျာ။ နားဆင်သူဟာ နေကြာပန်းခင်းဆီမှ လေပြေညှင်းတိုးဝှေ့သံ နဲ့အတူ နေကြာပန်းခင်းအလွန် ရေတံခွန်ဆီမှ ငြိမ့်ညောင်းတဲ့ ရေစီးသံတို့ကိုပါ ခံစားမိရင်း တနေ့တာရဲ့ သောကတွေ စိုးရိမ်ပူပန်မှုတွေ စိတ်ပင်ပမ်းနွမ်းနယ်မှုတွေကို အချိန်အတိုင်းအတာတခုအထိ မေ့ပျောက်ရင်း သာယာလှပတဲ့ နေကြာပန်းခင်းကြီးထဲကို ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားမိလာမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။ နွေးထွေးတဲ့ ကော်ဖီ ရဲ့ သင်းရနံ့နဲ့အတူ ငြိမ်းချမ်းသာယာလွန်းတဲ့ နေကြာပန်းခင်းကြီးအလယ်က စစ်မှန်တဲ့ သဘာဝ အလှတရား ရဲ့ နွေးထွေးမှုတွေ နားဆင်သူသော်တရှင် ရင်ထဲကို တဖြည်းဖြည်းခြင်း ခံစားဝင်ရောက်လာတဲ့အထိ ဖတ်ပြတင်ဆက် ပေးထားပါတယ်ခင်ဗျာ။ နေကြာပန်းတွေ ရဲ့ ရဲရင့်မှုတွေကတဆင့် သဘာဝရဲ့ အလှသစ္စာတရားတို့ကို တဆင့်ခြင်းပုံဖော် ရေးသားဖတ်ပြထားတာမို့ သဘာဝရဲ့ အေးချမ်းသာယာတဲ့ အလှတရားတို့ကို အပြည့်အဝ ခံစားနိုင်မှာလည်း ဖြစ်ပါတယ် ခင်ဗျာ။
ကိုယ်တိုင်ရေး အိပ်ရာဝင်ဝတ္ထုတိုတွေကို အပတ်စဉ် ရေးသားဖတ်ပြ တင်ဆက်ပေးနေတာမို့ Channel ကို Subscribe လုပ်ပေးထားပါဦးနော်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
youtube: @chitcare
Facebook: / podcastsbycare
Spotify: open.spotify.c....
#bedtimestories #myanmaraudiobooks #selfwritten #bedtimestoriesforgrownups #relaxing #sunflowers #waterfall #mountains #nature #myanmarlanguage