Рет қаралды 166,741
ဇွန် - ၂၁၊၂၀၁၈
အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီရှင်နေတိုးကတော့ သူ့ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ လေးနက်တဲ့အခြေအနေတစ်ခုကို ရောက်နေပြီလို့ ဆိုလာပါတယ်။
နေတိုးရဲ့ အချစ်ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့လက်တွဲဖော်ဟာ အနုပညာ လောကအပြင်ကဖြစ်သလို ပရိသတ်တွေထဲက ရွေးချယ်ထားတာလည်းမဟုတ်ဘူးလို့လည်း နေတိုးက ဆိုပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရှေ့မှာ ပွင့်လင်းလေ့မရှိတဲ့နေတိုးအနေနဲ့ တစ်ချိန်မှာ အိမ်ထောင်ပြုဖို့ရည်ရွယ်ထား တယ်လို့ ဆိုလာပါတယ်။
လက်တွဲဖော်ရွေးချယ်တဲ့နေရာမှာ ပေါင်းစည်းရတဲ့လူနှစ်ယောက်ကသာ အဓိကကျပေမယ့်လည်း သူရွေးချယ်တဲ့လက်တွဲ ဖော်ဟာ ပရိသတ်တွေနှစ်သက်သဘောကျမယ့်မိန်းကလေးဖို့ မျှော်လင့်တယ်လို့ နေတိုးက ပြောပါတယ်။
နေတိုးအနေနဲ့ သူ့ရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး ပရိသတ်ကို အသိမပေးသေးပေမယ့်လည်း ဘယ်အချိန်မှာ မင်္ဂလာသတင်းကြားလာရမလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့်ကြည့်နေကြရတော့မှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်