Рет қаралды 109,049
ကျေးရွာများကို မီးပတ်ရှို့နေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်သားများက Drone ဖြင့် ကြဲသည့် ဗုံးသီး ကို ကြောက်လို့ ထွက်ပြေး
* * * * *
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာကို မီးပတ်ရှို့နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်အား ပုလော PDF က Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သားများ ထွက်ပြေးနေကြရသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ယာဉ်(၁၀)စီးဖြင့် ပလမြို့မှ ပုလောမြို့ဘက်သို့ မောင်းနှင်ကာ လှည့်လည်ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကျေးရွာ(၃)ရွာကို မီးရှို့ သဖြင့် နေအိမ်(၃၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် တိုကျေးရွာမှ အိမ် (၂၁)လုံး၊ တန်းရှင်းကျေးရွာမှ အိမ်(၉)လုံး၊ သင်္ကန်းတောကျေးရွာမှ အိမ် (၂)လုံး ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
#TachileikNewsAgency
Video: Palaw - KPDF
▬▬▬Tachileik News Agency▬▬▬
Email: mail@tachileik.net
Website: www.tachileik.net
viber: vb.me/tachileiknewsagency
Twitter : / tna_myanmar
Telegram: t.me/TachileikNewsAgency
Instagram: / tachileiknewsagency
KZbin: / tachileiknewsagency
Facebook: / tachileiknewsagency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬