မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း

  Рет қаралды 115,059

7Day TV

7Day TV

Күн бұрын

ဘာသာရေးကို ခေါင်းစဉ်တပ်ပြီး အစွန်းရောက်တာမျိုးကို ရှုတ်ချကြောင်း ပုပ်ရဟန်းမင်းကြီးဆို၊ ပုံမှန် အတိုင်းအတာထက် လျှော့​ပြီး ပြုလုပ်မယ့် အမေရိကန်-တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှု စတဲ့ သတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။
မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း
မတ် - ၇၊ ၂၀၂၁
ဘာသာရေးကို ခေါင်းစဉ်တပ်ပြီး အစွန်းရောက်တာမျိုးကို ရှုတ်ချကြောင်း ပုပ်ရဟန်းမင်းကြီးဆို
အီရတ်နိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးက ဘာသာရေးကို ခေါင်းစဉ်တပ်ပြီး အစွန်းရောက်နေတဲ့ ဖြစ်စဉ်တွေကို ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။
အစွန်းရောက်ခြင်း၊ ရန်လိုခြင်းနဲ့ အကြမ်းဖက်မှုတွေဆိုတာ ကိုးကွယ်ရာ ဘာသာရေးအပေါ် သစ္စာဖောက်မှု တစ်ခုသာ ဖြစ်တယ်လို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ပုပ်ရဟန်းမင်း ဖရန်ဆစ်က ပြောပါတယ်။
အီရတ်ဟာ ဘာသာရေးကို အကြောင်းပြုတဲ့ ရန်လို တိုက်ခိုက်မှုတွေ ထူပြောရာ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲဒီလို ပြဿနာတွေဟာ ခရစ်ယာန်နဲ့ တခြား လူနည်းစုတွေကို ဦးတည်တာမျိုး ရှိသလို ရှီးဟိုက်နဲ့ ဆွန်နီ မွတ်ဆလင်တွေကြားက ပဋိပက္ခတွေလည်း ရောယှက်နေပါတယ်။
ပုပ်ဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ကပ်ရောဂါ ကူးစက်မှုတွေ စိုးရိမ်နေရတဲ့ အခြေအနေမျိုးမှာ အီရတ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အီရတ်က ခရစ်ယာန် ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရဲ့ ဩဇာ အကြီးဆုံး ရှီးဟိုက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တချို့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
ပုပ်ဟာ အီရတ်ကို ရောက်ရှိနေချိန် အတောအတွင်း ဘဂ္ဂဒက် မြို့တော်က စိန့်ဂျိုးဆက် ဘုရားကျောင်းကြီးမှာ ဝတ်ပြုသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအတောအတွင်း ဘုရားကျောင်း တဝိုက်မှာ အထူး တပ်ဖွဲ့တွေပါ ဖြန့်ကျက်ပြီး လုံခြုံရေး တိုးမြှင့်ထားသလို အတားအဆီးတွေ အဆင့်ဆင့် ကာကွယ် နေရာချထားတာကိုလည်း တွေ့ရပါတယ်။
ပုပ်ဟာ အီရတ်က သန်းနဲ့ချီ များပြားတဲ့ ရှီးဟိုက် မွတ်ဆလင်တွေရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ ဆစ္စတာနီနဲ့ နာဂျက်ဖ်မြို့မှာ တွေ့ဆုံပြီး မိနစ် ၅၀ လောက် ဆွေးနွေးခဲ့ပါသေးတယ်။ ဆစ္စတာနီက အီရတ်က ခရစ်ယာန်တွေ အနေနဲ့လည်း တခြားနိုင်ငံသားတွေ အားလုံးနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ရှီးဟိုက် ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေး သတင်းစကားကို ဆောင်ကြဉ်းလာခဲ့တယ်လို့ ပုပ်က အသိအမှတ် ပြုခဲ့ပါတယ်။ လူ့ဘဝရဲ့ တန်ဖိုးတွေအပေါ် အလေးအမြတ် ထားမှုဟာ အီရတ် ပြည်သူတွေကြား ပိုမို စည်းလုံးလာစေမယ်လို့လည်း ပုပ်က မိန့်ကြားသွားပါတယ်။
ပုပ်ဖရန်ဆစ်ရဲ့ ခရီးစဉ်ဟာ ပုပ်ရဟန်းမင်းကြီး တစ်ပါးအနေနဲ့ အီရတ်ကို ပထမဆုံး အလည်အပတ် လာရောက်ခြင်းလို့လည်း သိရပါတယ်။
=============
ပုံမှန် အတိုင်းအတာထက် လျှော့​ပြီး ပြုလုပ်မယ့် အမေရိကန်-တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှု
နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို အခုနှစ်မှာ ပုံမှန်ထက် ပမာဏ လျှော့ချပြီး လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေက ကြေညာခဲ့ပါတယ်။
နွေဦးပေါက်ချိန်မှာ နှစ်စဉ် ပူးတွဲ ပြုလုပ်လေ့ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အခုနှစ်မှာလည်း ပြုလုပ်သွားမယ်လို့ မဟာမိတ် နှစ်နိုင်ငံ စစ်တပ်တွေက ပြောပါတယ်။ ဒါပေမဲ့ ကပ်ရောဂါ ကူးစက်မှုတွေကို စိုးရိမ်တဲ့အတွက် မတ်လ ၈ ရက် စစ်ရေးလေ့ကျင့်မှုကို ပုံမှန်ထက် အတိုင်းအတာ လျှော့ချသွားမယ်လို့ နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားရဲ့ ပူးပေါင်းစစ်ဆင်ရေး ဌာနက အခုစစ်ရေးလေ့ကျင့်မှုဟာ ၉ ရက် ကြာမြင့်ပြီး ကွန်ပျူတာနဲ့ ပုံဖော်ထားတဲ့ ပစ်မှတ်တုတွေကို အသုံးပြုသွားမယ်လို့ ကြေညာပါတယ်။ ကပ်ရောဂါ ပြဿနာနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ စဉ်းစားပြီးမှ စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း အဲဒီ ကြေညာချက်အရ သိရပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုမယ့် စစ်သည် အရေအတွက်နဲ့ စစ်လက်နက် အတိုင်းအတာကို အနိမ့်ဆုံး အဆင့်ထိ လျှော့ချထားကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။ ကပ်ရောဂါ ကာလ မတိုင်ခင် ကတည်းကလည်း မြောက်ကိုရီးယား နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီမှုအရ အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို ပမာဏ လျှော့ချဖို့ စီစဉ်ခဲ့ဖူးပါတယ်။
တောင်ကိုရီးယားရဲ့ လုံခြုံရေး ကဏ္ဍအတွက်တော့ အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေက အရမ်း အရေးကြီးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားက ဒါဟာ သူတို့ကို တိုက်ဖို့ စစ်ပြင်နေတဲ့ အရိပ်အယောင်လို့ သဘောထားပြီး အနီးကပ် စောင့်ကြည့်လေ့ ရှိကြောင်း သိရပါတယ်။

Пікірлер: 17
@cchaicchai6356
@cchaicchai6356 3 жыл бұрын
မင်း​ေဇာ်
@moewaipyinoolwin6895
@moewaipyinoolwin6895 3 жыл бұрын
ဘုရားသခင်ကောင်းချီးပေးပါစေ
@punklay7949
@punklay7949 3 жыл бұрын
7 day ရေ မင်းသတင်းက မအလ ဘက်က ဆိုတာ အရင်ထဲကသိတယ် ငါ့ ငယ်ပါလေးတွေရယ်
@thellaypoe7197
@thellaypoe7197 3 жыл бұрын
Yay can i get high-five for this CDC moment
@KoZaw-ln2hq
@KoZaw-ln2hq 3 жыл бұрын
ပုဒ်ရဟန်းမင်းကြီးကိုယ်ဘုရားသခင်ကောင်းကြီးပေးပါစေ
@rosymayye6844
@rosymayye6844 3 жыл бұрын
Yespapa
@aungmoe2318
@aungmoe2318 3 жыл бұрын
Hi
@pan898
@pan898 3 жыл бұрын
ပဒ်ရဟန်မင်းကြီးကျန်မာပါစေ
@laminstar7000
@laminstar7000 3 жыл бұрын
.
@saw.htet.or.tinsawmyanmar3690
@saw.htet.or.tinsawmyanmar3690 3 жыл бұрын
နေပါဘီထားဝယ်ကျရှုံနေဘီလို့သတင်တွေထွက်နေပါပြီစစ်နံရဲတွေ၊CDMအမြန်ဝင်ဘို့စဉ်းစားသင့်ပြီ
@phyominn2693
@phyominn2693 3 жыл бұрын
Mask မတပ်တာမလုပ်သင့်တာ
@boeboeaung3247
@boeboeaung3247 3 жыл бұрын
ဒေါ်လာစား လေအာလူးဘီ။
@laminstar7000
@laminstar7000 3 жыл бұрын
@myanet6067
@myanet6067 3 жыл бұрын
Kimmel km ll
Health Tips by Dr Ohnmar Thwin   Epi 2
3:36
Pun Hlaing Hospitals
Рет қаралды 8 М.
How it feels when u walk through first class
00:52
Adam W
Рет қаралды 21 МЛН
Watermelon magic box! #shorts by Leisi Crazy
00:20
Leisi Crazy
Рет қаралды 115 МЛН
Un coup venu de l’espace 😂😂😂
00:19
Nicocapone
Рет қаралды 10 МЛН
Mitsubishi ASX
2:26
PPE 9 AUTOMOBILE
Рет қаралды 21 М.