မန္တလေး ချစ်စရာ၏ ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ်

  Рет қаралды 276

Mandalay Info

Mandalay Info

Ай бұрын

လူရွှင်တော်၊ စာရေးဆရာ ချစ်စရာ၏ ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ် တတိယအကြိမ် ထုတ်ဝေ
နှစ်ပေါင်း ၂၀ကျော်အတွင်း တတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်းဖြစ်
Mandalay Info
22 June 2024
မန္တလေးမြို့က လူရွှင်တော်၊ စာရေးဆရာ ချစ်စရာ ရေးသားထားသော ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ် တတိယအကြိမ် ထုတ်ဝေခဲ့ရာ ဇွန် ၂၀ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၀လမ်း၊ ၄၀လမ်း နှင့် ၄၁လမ်းကြားရှိ မန်းရတနာလက်ဖက်ရည်တွင် စာရေးသူ လက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ပါတယ်။
စာရေးဆရာ ကျော်ထွန်းဦး စီစဥ်သည့် တတိယအကြိမ် ထုတ်ဝေသော လူရွှင်တော်၊ စာရေးဆရာ ချစ်စရာ ရေးသားထားသော ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ်ကို ဖိုးဝေစာပေက ထုတ်ဝေခြင်းဖြစ်ပြီး စာမျက်နှာ ၂၅၆ မျက်နှာ ပါဝင်ကာ စာအုပ်တန်ဖိုး ၁၀၀၀၀ကျပ် (ကျပ်တစ်သောင်း) သတ်မှတ်ထားပါတယ်။ အဆိုပါ စာအုပ်အဖုံးကို စမုံဦး၊ kto (mandalay)က ရေးဆွဲပြီး Family Book ဖြန့်ချိတာဖြစ်ပါတယ်။
တတိယအကြိမ် ထုတ်ဝေသော ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ်တွင် လူထုဒေါ်အမာ၏ ချစ်စရာစာအုပ် အမှတ်တရ စကားတွေနဲ့တကွ သဘင်အခေါ်အဝေါ်များကို စာအုပ်နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားတာ တွေ့ရမှာပါ၊၊
လူရွှင်တော်၊ စာရေးဆရာ ချစ်စရာ၏ ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ၊ ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ်ကို မန္တလေးမြို့တွင် စိတ်ကူးချိုချို၊ နင်္ဂါးစာပေ၊ ထွန်းဦးစာပေ၊ ညို စာပေ
လူထုကြီးပွားရေး၊ လင်းလက်စာပေ၊ Family Books (ဖြန့်ချိရေး)၊ READ IT စာပေဆိုင်ကြီးများမှာ စာအုပ်တစ်အုပ်လျှင် ကျပ်တစ်သောင်း (၁၀၀၀၀ကျပ်)ဖြင့် ဝယ်ယူနိုင်ပြီးဖြစ်ပါတယ်။
#Mandalay_Info #MandalayInfo #မန္တလေး #ma dalay #လူရွှင်တော်၊စာရေးဆရာချစ်စရာ၏ကျွန်တော်သိမီသောလူရွှင်တော်ကြီးများ၊ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များစာအုပ် #လူရွှင်တော်၊စာရေးဆရာချစ်စရာ #ကျွန်တော်သိမီသောလူရွှင်တော်ကြီးများ၊ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များ #ချစ်စရာ #မန္တလေးချစ်စရာ #လူရွှင်တော် #စာဆရးဆရာ #ကျွန်တော်သိမီသောလူရွှင်တော်ကြီးများ #ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များ #ဖိုးဝစာပေ #ကျော်ထွန်းဦး

Пікірлер
Now THIS is entertainment! 🤣
00:59
America's Got Talent
Рет қаралды 38 МЛН
Самый Молодой Актёр Без Оскара 😂
00:13
Глеб Рандалайнен
Рет қаралды 7 МЛН
تجربة أغرب توصيلة شحن ضد القطع تماما
00:56
صدام العزي
Рет қаралды 58 МЛН
CCN (Champhai News - July 23, 2024)
17:25
CCN Champhai Cable Network
Рет қаралды 3,1 М.
Now THIS is entertainment! 🤣
00:59
America's Got Talent
Рет қаралды 38 МЛН