မန္တလေးရောက် စစ်ရှောင်အစားအစာများ | People's Spring

  Рет қаралды 25,063

People's Spring

People's Spring

Күн бұрын

မန္တလေးရောက် စစ်ရှောင်အစားအစာများ
ဟာနာဆန်/People's Spring
အစားအသောက်ကောင်းကြိုက်တဲ့သူတိုင်း သဘောကျတတ်ကြတဲ့ မန္တလေးမြို့မှာ အခုဆိုရင် မန္တလေးအစားအစာတွေအပြင် နယ်စုံဒေသစုံက အစားအသောက်တွေ ပိုမိုစုံလင်များပြားလို့နေပါပြီ။ ဘာလို့လဲဆိုတော့ အနယ်နယ်အရပ်ရပ်ကနေ စစ်ရှောင်ရင်း မန္တလေးမြို့ပေါ်ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဒေသအစားအစာဆိုင်လေးတွေ ပေါ်ပေါက်လာခဲ့လို့ပါ။
မန္တလေးနဲ့ ထိဆက်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အဲဒီဒေသက ပြည်သူတွေဟာ မန္တလေးကို လာရောက်စစ်ရှောင်ကြရပါတယ်။ အိမ်ငှားနေထိုင်ရင်း၊ အသိနဲ့ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံရင်း စစ်ကိုရှောင်လာကြရတယ်။ စစ်ရှောင်ရင်း ဝမ်းတထွာအရေးက ရှိသေးတာမို့ အစားအသောက်ကလေး လုပ်တတ်သူတွေက လုပ်ရောင်းကြတယ်။ အဲဒီအခါမှာ ဒေသအစားအစာဆိုင်လေးတွေဟာ မန္တလေးမြို့မှာ ပိုမိုပေါများလာခဲ့တယ်။
လက်နက်ကြီးတွေ တ​အုန်းအုန်းကျတတ်တဲ့ မုံရွာတဘက်ကမ်းက ဆားလင်းကြီးနယ်က နာမည်ကျော် မုန့်ပေါင်းကို မန္တလေးမှာ စားလို့ရနေပါပြီ။ တအုန်းအုန်းတဒိုင်းဒိုင်းကြားကနေ မန္တလေးမြို့ပေါ်ပြေးလာရင်း မုန့်ပေါင်းရောင်းနေသူတွေရှိတယ်။
မန္တလေးမှာက မုန့်ပေါင်းလုပ်ရင် စားတော်ပဲကို သုံးကြတာများတယ်။ ဆားလင်းကြီးမုန့်ပေါင်းမှာတော့ ပဲလွန်းကို သုံးထားတယ်။ ငချိတ်စီးစီးနဲ့ ပဲလွန်းချိုချိုနဲ့ ပေါင်းထားတဲ့မုန့်ပေါင်းကို နှမ်းထောင်းလေးဖြူးထားတဲ့အခါ စီးစီးဆိမ့်ဆိမ့်နဲ့ သိပ်ကိုအရသာရှိလှတယ်။
အညာဘုရားပွဲတွေမရှိတော့လို့ မုန့်ပေါက်ကြော်မစားရမှာတော့ စိတ်မပူပါနဲ့။ ရွှေဘိုနယ်ဘက်ကလုပ်တဲ့၊ ဘုရားပွဲတွေမှာကျွေးလေ့ရှိတဲ့ မုန့်ပေါက်ကြော်ကို မန္တလေးမှာ လုပ်ရောင်းနေတာရှိပါတယ်။ အညာက ပြာကျသွားတဲ့ရွာနဲ့ ဘုရားပွဲကို လွမ်းတယ်ဆိုရင် မုန့်ပေါက်ကြော်လေး ဝယ်စားလို့ရတယ်။
နေ့စဥ် မိုင်းကွင်းတွေ တိုက်ပွဲတွေကိုဖြတ်သန်းလာတဲ့ ဝက်လက်နဲ့ လှတောဘက်ကထွက်တဲ့ ထန်းဖူးနံ့သင်းနေတဲ့ ထန်းရည်ချိုမုန့်တို့ ပဲကောက်ညှင်းထုပ်တို့ ငှက်ပျောကောက်ညှင်းထုပ်တို့ဆိုတာတွေကလည်း တစ်တွဲကို လက်ဖက်ရည်တစ်ခွက်စာသာသာနဲ့ ဝယ်စားလို့ရတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ အထက်ပိုင်း ကောလင်းဘက်က အစားအသောက်တွေကလည်း မန္တလေးမှာ ပေါလှပါတယ်။
တို့ဟူးကြော်၊ အကြော်၊ ပဲပြုတ်တို့နဲ့ တွဲစားလို့ ကောင်း၊ နှမ်းထောင်းမွှေးမွှေးဖြူးပြီး စားရင်လည်း ကောင်းတဲ့ ကောလင်းမုန့်ကြွေစေ့ကလည်း မန္တလေးသူမန္တလေးသားတွေ ကြိုက်နှစ်သက်ကြတယ်။
ပျစ်နှစ်နေတဲ့ ငါးအရသာဟင်းရည်လေးနဲ့ပြင်ပေးတဲ့ ကသာငါးခေါက်ဆွဲဆို မန္တလေးသူမန္တလေးသားတွေ အတော်ကြိုက်နေပြီ။ ကသာသူ ကသာသားတွေက အဲဒီကသာငါးခေါက်ဆွဲကို တစ်နှစ်ပတ်လုံး စားတောင် စားလို့မဝပါဘူးတဲ့။ ကသာမျှစ်ချဥ်လေးနဲ့တွဲစားရင် သိပ်ကိုအရသာရှိလှတယ်။ ဆန်ခေါက်ဆွဲဖက်ကိုအခြောက်ခံပြီးကြော်ထားတဲ့ အကြွပ်ကြော်ကလည်း အထက်ပိုင်းမှာပဲရတဲ့အရသာပါ။
မှိုပေါင်းတို့ ငါးပေါင်းတို့ နောက်ပြီး ရိုးတံကအစ နူးအိနေအောင်ပေါင်းထားတဲ့ မုန်ညှင်းပေါင်းတွေကလည်း စားလို့သိပ်ကောင်းတယ်။
ရှမ်းမြောက်ကလာတဲ့ ရှမ်းခေါက်ဆွဲတို့၊ တိုဟူးနွေးတို့ဆိုင်တွေကလည်း ရှိပြီးသား မန္တလေးရှမ်းခေါက်ဆွဲအရသာတွေနဲ့ မတူတဲ့အရသာတွေကို ပေးစွမ်းပါတယ်။
မန္တလေးသူ မန္တလေးသားတွေကလည်း ဆိုင်အသစ်ကလေးဖွင့်ရင် သွားအားပေးကြတယ်။ စစ်ရှောင်တွေလာဖွင့်တဲ့ဆိုင်တွေကိုတော့ ဘယ်လောက်ဝေးဝေး တကူးတကသွားပြီး မြည်းစမ်းကြည့်ကြ အားပေးကြတယ်။ ထပ်ဆင့်ထပ်ဆင့်ညွှန်းပေးကြတယ်။
အောင်မြင်သွားတဲ့စစ်ရှောင်ဆိုင်လေးတွေရှိသလို မရောင်းရလို့ နားသွားရတဲ့ စစ်ရှောင်ဆိုင်ကလေးတွေလည်း ရှိပါတယ်။ စစ်ရှောင်စစ်ရှောင်ဆိုတဲ့ စကားလုံးကလည်း စစ်ကောင်စီလက်အောက်က မန္တလေးမြို့မှာ သတိထားသုံးနေရတဲ့ စကားလုံးတခုပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ ဆိုင်တွေရဲ့အမည်နဲ့ လိပ်စာတွေ ထည့်မရေးတာ နားလည်ကြမယ်ထင်ပါတယ်။
မိတ်ဆွေတို့ စားမိပြီး သဘောကျတဲ့ စစ်ရှောင်အစားအသောက်ဆိုင်လေးတွေသိရင် တချက်လောက် ပြောပြပေးပါဦး။ ကျွန်တော်တို့ အတူတူသွားစားကြရအောင်ပါ။ ။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Пікірлер: 84
@nayayelin-nk4hc
@nayayelin-nk4hc 18 күн бұрын
ဝိုင်းဝန်း ဝယ်ယူ စားသုံး အားပေးခြင်း၊ သတင်းစကားပါးခြင်း၊ ရှဲခြင်းဖြင့် တို့ ပြည်သူအချင်းချင်း ကူညီကြပါစို့💪
@thuzarta3827
@thuzarta3827 18 күн бұрын
သာဓု သာဓု သာဓုပါဗျ...အခမဲ့ကြော်ငြာပေးလို့သာဓုပါ။
@MyoAung-k5k
@MyoAung-k5k 18 күн бұрын
ရောင်းမကောင်းကြသူများလည်း၊အားတင်းထားကြပါ၊အခြားတမျိုးပြောင်း၊ရောင်းကောင်းကြပါစေ။❤❤❤❤❤
@MoeMoeKhaine-ud9si
@MoeMoeKhaine-ud9si 18 күн бұрын
ဟုတ်တယ်အားတင်းကြပါ၊ ကျန်းမာဘေးကင်းတဲ့ရိုးရာအစားစာတွေ ထုတ်လုပ်ရောင်းချ အဆင်ပြေကြပါစေလို့၊
@winhtein7408
@winhtein7408 18 күн бұрын
ဂျာမုန်းရေ ဒီသတင်းကိုနားထောင်ရင်းဘယ်လိုဖြစ်မှန်းမသိဘူး မျက်ရည်တွေဝိုင်းလာတယ်
@vjvdtf3391
@vjvdtf3391 18 күн бұрын
၅ လလောက်ရှိပြီဗျာ မိုးကုတ်မုန့်ညှင်းပေါင်း / နောင်ချို ငှက်ပျောပေါင်း ဆို အမှန်တော့ စစ်ရှောင်က ရောင်းချတယ်ဆိုတဲ့အဓိပ္ပါယ် အော်ရောင်းကြတာ အရမ်းဝမ်းနည်းကြေကွဲရပါတယ်ဗျာ ။
@SABAIOO-bo8uc
@SABAIOO-bo8uc 18 күн бұрын
Fighting ပါ တနိုင်ငံလုံးမှာအများကြီးပါ ကိုယ့်လိုလူတွေ အာဏာရူး တွေကိုအပြတ် ဖြုတ်ဖို့အတွက် ကြိုးစားနေကြရတာပါ
@MoeMoeKhaine-ud9si
@MoeMoeKhaine-ud9si 18 күн бұрын
မုန့်နာမယ်တွေကြားတာနဲ့ သွားရည်ယို၊ ရန်ကုန်ရောက်တဲ့သူတွေလဲ ဒီလိုပဲစီပွားထူထောင်နိုင်ကြပါစေ။ အမျိုးတွေရော သမာအာဇီဝနဲ့အသက်မွေးကြသူတွေရော စားဝတ်နေရေးအဆင်ပြေ ဘေးကင်းကျန်းမာကြပါစေ။ ေနာင်လဲ ပိုပိုပြီးကြီးပွားတိုးတက်ပါစေ။❤
@uphone5480
@uphone5480 18 күн бұрын
မှန်တယ်ဂျာမုန်းရေ.....မနးလေးမှာမုံ့ပျားသလက့်မစားရတာကြာပြီဗျာ။အခုစစ်ရှောင်တွေလုပ်ရောင်းလို့မုံ့ပျားသလက်ကောင်းကောင်းစားနေရပြီ။အဲ့ဒီစစ်ရှောင်တွေကိုကျေးဇူးလဲအရမ်းတင်အားလဲပေးရင်းနေ့တိုင်းစားဖြစ်တယ်
@zawminoo9437
@zawminoo9437 18 күн бұрын
ဂျာမုန်းလေး သတင်းကြေငြာတာအကြိုက်ဆုံးပဲ🎉🎉fighting သမီးလေး❤❤
@khinthan-f2m
@khinthan-f2m 18 күн бұрын
စားချင် မြည်းချင်စရာလေးတွေ ရောင်းကောင်းကြပါစေလို့ ဒီသတင်းလေးကြားတော့ မျက်ရည်ဝဲရပါတယ် ပြည်သူအချင်းချင်း အားပေးကြတယ်ဆိုလို့လည်း ပီတိဖြစ်ရပါတယ်။မြန်မြန် အိမ်ပြန်နိာက်ကြပါစေ။
@NyiNyi-lr1wj
@NyiNyi-lr1wj 18 күн бұрын
စစ်ရှောင်ဆိုင်ဆိုရင်လိုက်အားပေးနေပါတယ်၊
@ingyinkyin7974
@ingyinkyin7974 18 күн бұрын
မဂ်လာပါ.မဂျာမုန်း❤
@Khin-s8v
@Khin-s8v 18 күн бұрын
စုံနေတာပဲ ညီမလေး ဂျာမုန်း ကျမ်းမာပါစေ ❤❤❤❤❤❤❤❤
@nwayoolin505
@nwayoolin505 18 күн бұрын
အညာအစား ရှမ်းစား လွမ်းလွန်းရပြီ ☺️😋
@ARKAR-q4x
@ARKAR-q4x 18 күн бұрын
မင်္ဂလာပါမဂျာမုန့်❤❤❤❤❤❤
@UMaung-io8vr
@UMaung-io8vr 18 күн бұрын
❤❤ ပြည်သူမှာ ပြည်သူဘဲရှိ့တယ် ❤❤စည်လုံးကြပါစေ❤❤
@AyeAyeThan-g1v
@AyeAyeThan-g1v 18 күн бұрын
စစ်ရှောင် မုန့်ရောင်းတဲ့ဆိုင်တိုင်းရောင်းကောင်းပါစေ အခက်အခဲပြေလည်ကြပါစေ အမိမြေကိုအမြန်ရောက်ပါစေကြောင်းဆုတောင်းပေးရင်း ❤❤❤❤ နောက်ကြတော့လွမ်းနေရမဲ့ ကျနော်မန်းသား
@ItNet-e4j
@ItNet-e4j 18 күн бұрын
မဂ်လာပါ ဂျာမုန်းလေး
@nanmyintzu2268
@nanmyintzu2268 18 күн бұрын
မင်ဂလာပါ ဂျာမုန်း​လေး​ရေ စားချင်လိုက်တာ အညာမုန့်​တွေ အကုန်လုံးကြိုက်
@nansoesoehtwe4058
@nansoesoehtwe4058 18 күн бұрын
Thanks 🙏🙏🙏❤❤❤
@dawseinsein1521
@dawseinsein1521 16 күн бұрын
Thanks ❤❤❤❤❤.
@nayayelin-nk4hc
@nayayelin-nk4hc 18 күн бұрын
မုန့်ပေါက်ကျော် ကို တချို့နေရာတွေမှာ မုန့်ဆလင်းထောင်/မုန့်စလင်းတောင် လို့ ခေါ်တယ်။ တချို့က မုန့်ကြာခွက် တဲ့။ ကြိုက်မှကြိုက်။
@MoeMoeKhaine-ud9si
@MoeMoeKhaine-ud9si 18 күн бұрын
👍👍
@JonWick-ir6qx
@JonWick-ir6qx 18 күн бұрын
ဆိုင်လိပ်စာလေးညွန်းခဲ့ပါ❤
@hellomyanmar8107
@hellomyanmar8107 18 күн бұрын
🎉🎉🎉ဂျာမုံး လေးရေကျေးဇူးပါ🎉🎉🎉🎉
@AungAung-o7l7z
@AungAung-o7l7z 18 күн бұрын
ပြည်သူအချင်းချင်းကူညီရိုင်းပင်းကြစို့ ပြည်ပကမုန့်တွေစားမဲ့အစား အဲ့လိုဒေသထွက်လေးတွေစားပီးကူညီခြင်းဖြင့်ချစ်စရာမြန်မာစိတ်ရင်းကိုထုတ်ဖော်ပြကြပါစို့
@xenon14729
@xenon14729 18 күн бұрын
ရန်ကုန်မှာ​တော့စစ်​ရှောင်ရခိုင်မုန့်တီဆိုင်မှာအမြဲစား​ပေးပါတယ် အရသာလည်း​ကောင်းပါတယ်
@tharaungphru8541
@tharaungphru8541 18 күн бұрын
သာလီစြပါ ဂရုနာအသံပိုင္ရွင္ မဂ်ာမူး
@kyishein9815
@kyishein9815 18 күн бұрын
မဂ်လာပါ.... ကျေးဇူး..... ❤❤❤...
@UwisatKhana-i8l
@UwisatKhana-i8l 18 күн бұрын
မင်္ဂလာပါ မဂျာမုန်း
@heinkoKo-q1i
@heinkoKo-q1i 18 күн бұрын
❤❤❤
@starwar-u6z
@starwar-u6z 18 күн бұрын
❤❤❤. People’s Spring 🌺🌺🌺
@khunkyawsai3095
@khunkyawsai3095 18 күн бұрын
ပြည်သူအချင်းချင်းအားပေးကြပါ
@Cherry-z9h
@Cherry-z9h 18 күн бұрын
စားချင်တယ်ကွယ်🎉❤
@marmar7021
@marmar7021 18 күн бұрын
အဆင်​ပြေကြပါ​စေ 😔😔😔🙏🙏🙏
@ဒေါ်နွေဦး-m2o
@ဒေါ်နွေဦး-m2o 18 күн бұрын
မျက်ရည်တွေ အလိုလိုကျလာတယ်
@yewintthu55555
@yewintthu55555 18 күн бұрын
😢😢😢👍👍👍
@KoZin-eb5ko
@KoZin-eb5ko 18 күн бұрын
ဂျာဂျာ❤❤❤❤❤
@winwinthwelabour9209
@winwinthwelabour9209 18 күн бұрын
ဆိုင်ဖွင့် ပြီး ရောင်း ကောင်း တဲ့ဆိုင်တွေအတွက်ဝမ်းသာပါ မရောင်းရလို့ ပိတ်လိုက်ရတယ်ဆိုတဲ့ သတင်းကြားလို့ ဘယ်လိုကြီးလဲမသိဘူး စိတ်မကောင်းဘူး မျက်ရည်တောင်ဝဲ ရတယ်
@kyawmyintthan4590
@kyawmyintthan4590 18 күн бұрын
အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
@mumumu2620
@mumumu2620 18 күн бұрын
မဂ်လာပါ ဂျာမုန်းရေ 👍👍👍💪❤💪❤💪❤
@AyeThweOo-vm8nj
@AyeThweOo-vm8nj 18 күн бұрын
ပြေားတက်လိုက်ဒါမ‌ပြေားပဲနေရင်စားချင်စိတ်ရှိအုံးမှာမဟုတ်သေဘူး။ခုသူလေးပြေားမှပဲအရမ်းစားချင်နေပြီးကျွန်တော်နေနေဒါကTHAIမှာပါ😊😊😊❤
@kokhin501
@kokhin501 18 күн бұрын
မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖💖💖
@OoWinShwe-i9f
@OoWinShwe-i9f 18 күн бұрын
အညာသားဆိုတော့အညာအစားအစာလေးတွေသတိယမိတယ် ဂျာမုန်းရေ
@SandarSwe-p1u
@SandarSwe-p1u 17 күн бұрын
ကြွေမုန့်စတော်ပဲပြတ်နှင့်တွဲစားတဲ့ကသာတိုဟူးကြော်၊ကသာဆန်ခေါက်ဆွဲအရည်ဖျော်၊ဆန်ခေါက်ဆွဲအပြားသုတ်အခုလိုကောက်သစ်ပေါ်ချိန်ဆိုခွက်ပုတ်ပေါင်းတင်း၊မုံညှင်းဖူးပေါင်းအများကြီးဘဲလွမ်းကသာရယ်စစ်ဘေးရှောင်အားလုံးဘေးရန်ကင်း၍အလုပ်အကိုင်တွေအဆင်ပြေကြပါစေ။
@MinGaung-w2i
@MinGaung-w2i 17 күн бұрын
❤❤❤❤❤❤❤🎉🎉🎉🎉🎉
@B2Mobile-b3p
@B2Mobile-b3p 18 күн бұрын
ချစ်ပြီးရင်းချစ်ရင်းပဲ အသံလေးကို
@kolwin72
@kolwin72 18 күн бұрын
နီးစပ်ရာ စစ်ရှောင်စျေးဆိုင်လေးတွေကို ဝိုင်းဝန်းအားပေးကြပါ စို့
@สุมาลีหล่อแหลม-ฬ3ศ
@สุมาลีหล่อแหลม-ฬ3ศ 18 күн бұрын
👍💛😘
@kyinsann2399
@kyinsann2399 18 күн бұрын
ချစ်ဂျာမုန်း
@myanmartechbaymtb4845
@myanmartechbaymtb4845 18 күн бұрын
အသံကြည်လင်ပြတ်သားတယ်ဂျာမုန်းရယ်
@GreeGreeKoko-v9y
@GreeGreeKoko-v9y 18 күн бұрын
❤❤❤❤❤❤
@ChanMya-q8d
@ChanMya-q8d 18 күн бұрын
🎉🎉🎉🎉❤❤❤
@KomuuTo
@KomuuTo 18 күн бұрын
❤❤❤❤❤😊
@TG-myanmarBurma
@TG-myanmarBurma 18 күн бұрын
အားလုံးညီညာစည်းလုံးကြ၊ဖေးကူကြပါဗျ
@WinKoKoAung-q5r
@WinKoKoAung-q5r 16 күн бұрын
ငိုရပြီသိုသော်အားပေးမည်
@mathida5543
@mathida5543 15 күн бұрын
👏👏👏👏👏💪😋🎉🎉🎉🎉🎂
@SanWinSan
@SanWinSan 17 күн бұрын
ဘယ်နားများရောင်းသလဲစားချင်လို့ပါ
@khinlay7866
@khinlay7866 18 күн бұрын
ဂျာလေးရေ❤️❤️❤️❤️❤️❤️❤️❤️🎉🎉🎉🎉🎉🎉🎉👍👍👍👍👍👍👍👍ပျော်ရွှင်ပါစေ
@uthantzin4281
@uthantzin4281 18 күн бұрын
သူတောင်းစားတွေလည်းပေါနေပြီလေ
@KyawNyunt-s5o
@KyawNyunt-s5o 18 күн бұрын
hello j
@PhiPhi-p2e
@PhiPhi-p2e 18 күн бұрын
အားပေးရင်းနဲ့ ကူညီပေးကြပါဗျာ
@OoLay-d4c
@OoLay-d4c 18 күн бұрын
မုန့်ဘောင်း ဆိုထာ ဘာမုန့်လ်ညး AI လူသား မတ်မတ်ဂျာဂျာ ရေ ခက်ပီ😮ဘာမုန့် ယဲ တိဝူး😮😮😮
@nayayelin-nk4hc
@nayayelin-nk4hc 18 күн бұрын
စာနဲ့ရေးရင် မုန့်ပေါင်း လို့ ရေးပြီး အသံထွက်မှ "မုန့်ဘောင်း" လို့ ထွက်ပါတယ်။ အညာဒေသ ရိုးရာမုန့်တမျိုးပါ။
@nayayelin-nk4hc
@nayayelin-nk4hc 18 күн бұрын
KZbin မှာ မုန့်‌‌ပေါင်းလုပ်နည်း လို့ စာရိုက်ပြီး ရှာကြည့်လိုက်ဗျ။
@Zin-bo4cy
@Zin-bo4cy 18 күн бұрын
အညာမုန့် ကောက်ညှင်းနဲ့လုပ်ထားတာ ပါ ပဲဆီလေးဆမ်း ဘူးသီးကြော်နဲ့စား😋😋😋
@MoeMoeKhaine-ud9si
@MoeMoeKhaine-ud9si 18 күн бұрын
မုန့်ပေါင်းပါ ဆန့်မူန်ကိုဘယ်လိုလဲမသိဘူး မုန့်နှစ်လုပ်ပြီး ရေဆူနေတဲ့မြေအိုးေလးမှာပိတ်ပါးလေးနဲ့ပေါင်းတာ ပဲလွန်းေစ့နီနီလေးတွေ နှမ်းဆီဆမ်းစား မွှေးအိဆိမ့်တဲ့အရသာပါ၊ ဆန်နဲ့လုပ်ကြတဲ့ ရေမုန့်ဆိုတာလဲ ထွေးထွေးအိအိလေး ဆပ်သွားဖူးမုန့်ကမွှေးချို မုန်ပြားသလက်က စားတော်ပဲ ငပိချက် နံနံပင် နဲ့ အကြော်စုံက မန်ကြီးအချည်တွေနဲ့စားရတာ ေဆာင်းရာသီ အညာဘုရားပွဲစျေးရဲ့ မင်းသားမင်းသမီးတွေ ♥️
@MayMyo-hy9kh
@MayMyo-hy9kh 18 күн бұрын
ဆန်မှု့ကို အဝတ်ဖြူလေးနဲ့ဇကာချပီးပေါင်းတာ ဆီရွှဲရွှဲနဲ့ပဲလေးထည့်ပီးစားတာပါ
@KyaukemKme
@KyaukemKme 18 күн бұрын
🎉❤😂😅😊
@OoLay-d4c
@OoLay-d4c 18 күн бұрын
AI ဂျာဂျာ ကြော်ငြာနေတာနက် နာ စားချင်လာပီတွာ။ ဘိုလုပ်မဲ။ ခက်ပီ😮😢😢
@myogyi9291
@myogyi9291 18 күн бұрын
❤❤❤
@KoNanMin-ki6sv
@KoNanMin-ki6sv 18 күн бұрын
❤❤❤❤❤❤❤
@soemoe7801
@soemoe7801 18 күн бұрын
😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂ok
@uhlaingoo9424
@uhlaingoo9424 18 күн бұрын
❤❤❤❤❤❤
@AyeHninPhyu-fq2wp
@AyeHninPhyu-fq2wp 18 күн бұрын
အမှန်ပါပဲညီမလေးရေ
@PhiPhi-p2e
@PhiPhi-p2e 18 күн бұрын
❤❤❤❤❤
@ZawBuma
@ZawBuma 17 күн бұрын
ဂျာမှန်းကိုချစ်တယ်❤ဇော်ဇော်❤
@aungzaw9466
@aungzaw9466 18 күн бұрын
❤❤❤❤❤❤❤
@mathida5543
@mathida5543 15 күн бұрын
❤❤❤❤❤
ညနေခင်းသတင်း/ People's Spring
5:14
People's Spring
Рет қаралды 23 М.
BAYGUYSTAN | 1 СЕРИЯ | bayGUYS
36:55
bayGUYS
Рет қаралды 1,9 МЛН
Try this prank with your friends 😂 @karina-kola
00:18
Andrey Grechka
Рет қаралды 9 МЛН
VIP ACCESS
00:47
Natan por Aí
Рет қаралды 30 МЛН
Une nouvelle voiture pour Noël 🥹
00:28
Nicocapone
Рет қаралды 9 МЛН
အညာအလှူ ပုဇွန်ခြောက်ငါးပိ‌‌‌‌‌‌ကြော်နည်း
9:57
အိုးကြီးချက် မောင်မိုး - Ohh Kyi Chat Mg Moe
Рет қаралды 134 М.
BAYGUYSTAN | 1 СЕРИЯ | bayGUYS
36:55
bayGUYS
Рет қаралды 1,9 МЛН