Рет қаралды 282,082
မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)
ယဉ်မွန်၊ ဩဂုတ် ၁၃၊ ၂၀၂၄
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အထူးစစ်ဆင်ရေး တရပ်အဖြစ် စစ်ရေးဖော်ဆောင် နေပါတယ်။
အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) လို့အမည်ပေးထားပြီး စစ်တပ် ဩဇာခံ
ပျူစောထီးတပ်တွေ အားကောင်းတဲ့ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နဲ့ နွားထိုးကြီး မြို့နယ်တွေမှာ ဩဂုတ်လ ၁၀ ရက်နေ့ကတည်းက စတင်နေတာဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်းမှာ စဉ့်ကူး၊ မိုးကုတ်နဲ့ တကောင်းမြို့တွေကို လက်လွတ်လိုက် ရသလို၊ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ မတ္တရာနဲ့ သပိတ်ကျင်းမှာတော့တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) ရဲ့ တိုက်ပွဲတွေစတင်တဲ့အချိန်ကစပြီး မြင်းခြံ - နွားထိုးကြီး နဲ့ မြင်းခြံ - တောင်သာ လမ်းပိုင်းတွေကို ဒေသခံတွေအနေနဲ့ လတ်တလော ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေးတိုင်း #မြင်းခြံ #အထူးစစ်ဆင်ရေး #PDF #nuggets
-------------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR