Рет қаралды 121
မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
“လူငယ်ခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကနေပြီး သူတို့အဖွဲ့က ကျင်းပတဲ့တရားပွဲ... သူတို့အဖွဲ့က ကျင်းပတဲ့ တရားပွဲဆိုတော့ တရားပွဲကျင်းပတဲ့အခါကျမှပဲ သူတို့က အလှူငွေ ကောက်ခံပြီးတော့ တရားပွဲစရိတ် လုပ်တယ်-တဲ့။ ဒီလို သတင်းရတယ်။”
“အဲဒါနဲ့ နောက်... သူတို့ မေးမြန်းကြည့်တော့ ‘ဟုတ်တယ်၊ အခါတိုင်း ဒီလိုလုပ်နေကျပဲ’ တဲ့။”
“ဒါဖြင့် ဘုန်းကြီးတရားပွဲကတော့ ဒီလိုအလှူခံလို့တော့ နေရာမကျဘူး-လို့။ အဲဒါ မလုပ်ပါနဲ့-လို့ ဒီမှာ...။ သူတို့ကလည်း ဒီလိုပဲ လုပ်မှ သဘောကျတယ်-တဲ့။”
“ဒါပေမဲ့လို့ ဘုန်းကြီးတရားပွဲတော့ မလုပ်ပါနဲ့-လို့။ နောက်... ဘုန်းကြီးက အလှူခံသွားသလို ဖြစ်နေမယ်-လို့ ဒီမှာ။ မကောင်းဘူး-လို့”
“ဘုန်းကြီးက တရားပွဲလည်းပဲ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အများကဖြစ်စေ တာဝန်ယူပြီးတော့ ပင့်မှ လိုက်တာပဲ။ ဒီလို အလှူခံဖို့ဘာဖို့ဆိုတာတော့ ဘယ်မှမလိုက်ဘူး-လို့” စသည်ဖြင့် မိန့်ကြားထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေး ကုသိုလ်ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။