မေတ္တသုတ် နှင့် ၂၄ ပစ္စည်းပဌာန်းဒေသနာတော်

  Рет қаралды 20,702

The Taste Of Knowledge - TTOK

The Taste Of Knowledge - TTOK

Жыл бұрын

🙏🙏🙏
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ပဋ္ဌာန်း( ၂၄) ပစ္စည်း (မြန်မာပြန်)
══════════════════
ပဋ္ဌာန်း(၂၄) ပစ္စည်းပါဠိ၏ မူရင်းအနက်အဓိပ္ပါယ်ကို
ပရမတ္ထဝိဘာဝိနီဋီကာခေါ်မူရင်းဋီကာကျော်ပါဠိစာ
အုပ်မှ ရှာဖွေထုတ်နှုတ်၍အနက်မြန်မာပြန်ဆိုဖေါ်ပြ
ပေးလိုက်ပါသည်။
(၁)ဟေတုပစ္စယော-
သစ်ပင်၏ရေသောက်မြစ်ကဲ့သို ဟိတ်ခြောက်ပါးတို၏ အကြောင်းတရားအနေအားဖြင့်အတူဖြစ်ဘက်ရုပ်နာမ်တရား တိုကိုကျေးဇူးပြုခြင်း၊
(၂)အာရမ္မဏပစ္စယော-
အားနည်းသူဆွဲမှီရာတောင်ဝှေးစသည် ကဲ့သို အာရုံခြောက်ပါးတို၏ အာရုံအပြုခံသဘောအားဖြင့်စိတ်စေတသိက်တရားတိုကို ကျေးဇူးပြုခြင်း၊
(၃)အဓိပတိပစ္စယော-
ဆန္ဒ၊ဝီရိယ၊စိတ်၊ ဝီမံသ (ပညာ)တည်းဟူသော တရားလေးပါး တို၏ မိမိနှင့်စပ်၍ဖြစ်ဘက်တရားတိုကိုအကြီးအမှုးပြုသောအား ဖြင့် ကျေးဇူးပြုခြင်း၊
(၄)အနန္တရပစ္စယော-
စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တိုကို ရှေ့နောက်အကြား မရှိအောင် ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၅)သမနန္တရပစ္စယော-
ပုံသဏ္ဌာန်မရှိသဖြင့် စိတ်ဖြစ်စဉ်တစ်ခ ုအတွင်း စိတ်စေတသိက်တိုကို အကြားကာလမရှိစေဘဲ ကောင်းစွာကျေးဇူးပြုခြင်း၊
(၆)သဟဇာတပစ္စယော-
ဆီမီး၏အလင်းရောင်ကဲ့သို အတူဖြစ်ဘက်ရုပ်နာမ်တရားတိုကို အတူဖြစ်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၇)အညမညပစ္စယော-
အချင်းချင်းထောက်မထားသော ဒုတ်သုံးချောင်းကဲ့သို မိမိအား ကျေးဇူ းပြုတတ်သော ရုပ်နာမ်တရားတိုကို ပြန်လည်ထောက်မ သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၈)နိဿယပစ္စယော-
အ၀တ်၊စက္ကူစသည်သည် ပန်းချီ၏မှီရာဖြစ်သကဲ့သို၎င်း၊ မြေကြီးသည် သစ်ပင်တောတောင် စသည်တို၏မှီရာဖြစ်သကဲ့သို၎င်း အတူဖြစ်ဘက် ရုပ်နာမ်တရားတိုကိုမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၉)ဥပနိဿယပစ္စယော-
အတူဖြစ်ဘက်ရုပ်နာမ်တိုကို အားကြီးသောမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၀) ပုရေဇာတပစ္စယော-
မှီရာခြောက်ပါးနှင့် အာရုံခြောက်ပါးတို၏အကျိုးတရားမဖြစ်မီ ရှေးဦးစွာ ဖြစ်ပေါ်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၁) ပစ္ဆာဇာတပစ္စယော-
လင်းတငှက်ငယ်တို၏ အစာရနိုးမျှော်ကိုးရင်းအသက်ရှင်ရခြင်းကဲ့သို နောက်နောက်ဖြစ်ပေါ်သော စိတ်စေတသိက်တရားတို့၏ မျှော်လင့်ချက်ကင်းမဲ့နေသော ကိုယ်ကို ထောက်ပံ့ (မျှော်လင့်ချက်ပေး)သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၂) အာသေ၀နပစ္စယော-
ကျမ်းစာကို အဖန်တလဲလဲ လေ့လာဆည့်ပူးရခြင်းကဲ့သို ကုသိုလ်/အကုသိုလ်တရားများကို အဖန်တလဲလဲ အားကောင်းအောင် ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၃) ကမ္မပစ္စယော-
စေတနာ၏ အတူတကွဖြစ်ဖေါ်ဖြ စ်ဘက်အကျိုး (ဝိပါက်)တရားများနှင့် ( ကမ္မဇ)ရုပ်တရားများကို လှုပ်ဆော်သောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၄) ဝိပါကပစ္စယော-
မိမိတိ ု့ကိုယ်တိုင် လုံလမပြု ငြိမ်သက်မှုရှိသော အကျိုးဝိပါက်စိတ် စေတသိက်တရားတို၏တကွဖြစ်ဘက် ရုပ်နာမ်တရားများကို မိမိတိုနည်းတူ လုံလမပြုငြိမ်သက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊
(၁၅) အာဟာရပစ္စယော-
အာဟာရလေးပါးတို၏ ရုပ်နာမ်တရားများကို ထောက်ပံကူညီသော အားဖြင့်ကျေးဇူးပြုခြင်း၊
(၁၆) ဣနြ္ဒိယပစ္စယော-
ထိုထိုကိစ္စတို၌အကျိုး(ပစ္စယုပ္ပန်) တရားတိုကို မိမိအလိုသို လိုက်စေသော အားဖြင့်ကျေးဇူးပြုခြင်း၊
(၁၇) စျာနပစ္စယော-
အာရုံကို ကြံစည်တတ်သော ဝိတက် စသည်တို၏ဆိုင်ရာအာရုံကို ကပ်၍ရှု မှတ်ခြင်း၊ လက္ခဏာကိုကပ်၍ ရှုကြည့်ခြင်းအားဖြင့် ကပ်ရောက်၍ ကျေးဇူးပြုခြင်း၊
(၁၈) မဂ္ဂပစ္စယော-
သမ္မာဒိဋ္ဌိ (အမြင်မှန်မှု)စသည်တို၏ သုဂတိ/ဒုဂ္ဂတိနှင့် ကောင်းမှု/မကောင်းမှုတိုမှထွက်မြောက်စေသောအားဖြင့်ကျေးဇူးပြုခြင်း၊
(၁၉) သမ္ပယုတ္တပစ္စယော-
နာမ်တရားတို၏ပရမတ္ထ (အရှိသဘော) အားဖြင့် ကွဲပြားသော်လဲ တစ်မျိုးတည်း၊ တစ်ခုတည်းကဲ့သိုဖြစ်ရလေအောင် အတူဖြစ်ခြင်းစ သောယှဉ်ဘက်သဘော လက္ခဏာအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၀) ဝိပ္ပယုတ္တပစ္စယော-
မှီရာရုပ်တရားများနှင့် စိတ်စေတသိက်တို၏အချင်းချင်းဆက်စပ်ယှဉ်တွဲနေ သော်လဲကွဲပြားစေလျှင် မရောနှောအောင်ပြုခြင်း၊ တစ်ခုစီ၊ တစ်မျိုးစီ ဖြစ်စေခြင်းအားဖြင့် ကျေးဇူးပြုခြင်း၊
(၂၁) အတ္ထိပစ္စယော-
အတူဖြစ်ဘက်တရားများနှင့် ကြိုတင်ဖြစ်ပေါ်သောတရားများ၏လက်ရှိ ပစ္စုပ္ပန်အရှိသဘောဖြင့် ယင်းသိုသဘောရှိသောတရားများကို ထောက်ပံ့ ကူညီသောအားဖြင့်ကျေးဇူးပြုခြင်း၊
(၂၂) နတ္ထိပစ္စယော-
အခြားမဲ့၌ ချုပ်ပြီးချုပ်ပြီးကုန်သော စိတ်စေတသိက်တရားတို၏ နောက်ထပ် ဖြစ်ပေါ်မည့်စိတ်စေတသိက်တရားတိုကို ဖြစ်ခွင့်ပေးခြင်း (နေရာပေးခြင်း)အားဖြင့်ကျေးဇူးပြုခြင်း၊
(၂၃) ဝိဂတပစ္စယော-
မိမိတိုသဘောဘဘာ၀နှင့် မကင်းသဖြင့် ဖြစ်ပေါ်ခွင့်မရသော စိတ်စေတ သသိက်တိုကို ဘောသဘာ၀ကင်းအောင်ပြုခြင်းဖြင့် ကျေးဇူးပြုခြင်း၊
(၂၄) အဝိဂတပစ္စယော-
အတူဖြစ်ဘက်တရား၊ ကြိုတင်ဖြစ်ပေါ်သောတရားတည်းဟူသော အရှိတရား တိုကိုမချုပ်မပျောက်အောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း သည်၊ အတ္ထိ-မုချမသွေ ရှိပါပေ၏၊
ဣတိ-ဤသို၊ဗောဓေနံ္တ-ကောင်း စွာထိုးထွင်း သိမြင်ခြင်းရှိတော်မူသော မြတ်စွာဘုရားကို၊
၀န္ဒာမိ-သဒ္ဓါရိုကျိုး၊လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။ 🙏🙏🙏
တရားတော်များ ပရိတ်တော်များ ဓမ္မအကြောင်းများ
စဉ်ဆက်မပြတ် နာယူနိုင်ရန် တင်ဆက်ပေးသွားပါမည်။
ဓမ္မမိတ်ဆွေများအနေနှင့် အခြားသော မိတ်ဆွေများနာယူနိုင်ရန်ရန်အတွက် ဖြစ်စေ ၊
ဓမ္မမိတ်ဆွေ စဉ်ဆက်မပြတ် တရားနာယူနိုင်ရန်ဖြစ်စေ အနီရောင် Subscribe ခလုတ်လေး နှိပ်သွားပေးလိုရပါတယ်ရှင်
The Taste Of Knowledge Channel မှလည်း
မိတ်ဆွေများ Subscribe လေးနှိပ်သွားပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်
The Taste Of Knowledge Channel link ⬇️
kzbin.info/door/cIM...
ဗုဒ္ဓ ဓမ္မတရားတော်များကို
ပူဇော်နာယူနိုင်ကြပြီး တရားထူး တရားမြတ်များ ရရှိနိုင်ကြပါစေ 🙏🙏🙏
တရားတော်များကိုနာကြားရင်း စိတ်နှလုံး အေးချမ်းပျော်ရွှင်နိုင်ကြပါစေ ။
၃၁ဘုံသား ဝေနေယျများ ဓမ္မ၌ပျော်မွေ့ ကျင့်ကြံနိုင်ကြပါစေ။
သူတော်ကောင်းတရားများ ပွားများအားထုတ်နိုင်ကြစေရန် ရည်ရွယ်၍ ......🙏🙏🙏
The Taste Of Knowledge Channel
#ပဌာန်းဒေသနာတော်
#ပဌာန်းတရားတော်
#မေတ္တာပို
#မနက်ခင်းတရားတော်
#ပရိတ်ကြီး၁၁သုတ်
#ပရိတ်ပဌာန်း
#မနက်တိုင်းဖွင့်
#၇ရက်သားသမီးမေတ္တာပို
#နံနက်ခင်းတိုင်းဖွင့်နားထောင်ပါ

Пікірлер: 2
@thitthitlwin3154
@thitthitlwin3154 Жыл бұрын
သာဓု သာဓု သာဓုပါ ဘုရား
@user-mh9fk7mo2v
@user-mh9fk7mo2v Жыл бұрын
Ilp❤4😊olll O 😊
EVOLUTION OF ICE CREAM 😱 #shorts
00:11
Savage Vlogs
Рет қаралды 6 МЛН
Женская драка в Кызылорде
00:53
AIRAN
Рет қаралды 476 М.
ဗုဒ္ဓအမိန့်တော် ကမ္မဝါစာ
34:32
DhammaThitsar(ဓမ္မသစ္စာ)
Рет қаралды 2,8 МЛН
EVOLUTION OF ICE CREAM 😱 #shorts
00:11
Savage Vlogs
Рет қаралды 6 МЛН