မိဘမဲ့ ဆင်ကလေးတွေတဲ့❤💔🐘🐘🐘

  Рет қаралды 13,374

Naw Htike, Traveller from Myanmar

Naw Htike, Traveller from Myanmar

4 жыл бұрын

ပြီးခဲ့တဲ့အပတ်က ဝင်္ဂဘော်ဆင်စခန်းကိုရောက်တုန်း စိတ်မကောင်းစရာ မိဘမဲ့ဆင်ကလေးတွေအကြောင်း သိခဲ့ရတယ် …
Video လေးကို HD နှိပ်ပြီး သူတို့လေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြည့်လိုက်ကြပါဦး ... ❤🐘
ဆင်ကလေးတွေ ဖြစ်တာတောင်မှ မိဘမဲ့လေးတွေတဲ့ .. ပုံမှန်ဆိုရင်တော့ ဆင်ကလေးတွေဆိုတာ သူတို့ဆင်မေမေကြီးရဲ့ အမြှီးကိုချိတ်ဆွဲပြီး မေမေ့နောက်တစ်ကောက်ကောက် လိုက်နေကြတဲ့ ကလေးလေးတွေပေါ့ …
ကံကြမ္မာက ရက်စက်တယ်ပြောမလား .. လောဘသားတို့ရဲ့ အတ္တလို့ပြောမလား .. ဆင်မုဆိုးတို့ရဲ့ မညှာမတာညှင်းဆဲသတ်ဖြတ်တာ ခံရတဲ့ ဆင်မေမေတွေခမြာ သူတို့ဆင်ကလေးတွေနဲ့ ထာဝရဝေးကွာသွားကြတယ် ..
အရင်ကတော့ ဆင်ထီးတွေပဲ အသတ်ခံရတာပေါ့။ ဆင်ထီးကြီးတွေရဲ့ အစွယ်ဟာ မှောင်ခိုဈေးကွက်မှာသိပ်ဈေးကောင်းရတာကိုး။ အခုအခြေအနေကတော့ ဒီထက်အများကြီးဆိုးနေပါပြီ။ ဆင်ထီးတွေကိုသာမက ဆင်စွယ်မရှိတဲ့ဆင်မကြီးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ကြလို့ အရေခွံတွေကို အရှင်လတ်လတ် ဆုတ်ယူကြကုန်တယ်တဲ့။ ဘာအတွက်လဲဆိုတော့ လူတွေရဲ့ အသားအရည်လှပဖို့အတွက် Skin Care လုပ်ဖို့ပါတဲ့။ ရက်စက်လိုက်ကြတာ။ လူသားတစ်ယောက်ရဲ့ အရေပြားတစ်ထောက်စာအတွက် သတ္တဝါတွေကို ရက်ရက်စက်စက်သတ်နိုင်လိုက်ကြတာ … 😔😔😔
ဆင်မကြီးတွေကိုပါ အသတ်ခံရတဲ့အခါ အရွယ်မရောက်သေးတဲ့ နို့စို့အရွယ် ဆင်ကလေးတွေခမြာ မိဘမဲ့လေးတွေဖြစ်လို့။ အမြန်လမ်း (၃၉)မိုင်က ဝင်္ဂဘော်ဆင်စခန်း သစ်တောထိန်းသိမ်းရေးမှာ စောင့်ရှောက်ထားရတယ်။ တချို့ဆင်လေးတွေက (၁၅)ရက်သားလေးတွေနဲ့ မိဘမဲ့လေးတွေ ဖြစ်ပြီး ရောက်လာကြတယ်။ တချို့ဆင်လေးတွေကျ (၁)လသားလေးတွေ (၂)လသားလေးတွေ။ ဆင်လေးတွေက သိပ်ငယ်လွန်းတဲ့အခါ လူကလေးငယ်ငယ်လေးတွေလိုပါပဲ။ သိပ်သနားစရာကောင်းတယ်။ ချစ်စရာလည်းကောင်းတယ်။ အဲ့ဒီက ဆင်ဦးစီးတွေကလည်း သိပ်တော်ရှာပါတယ်။ သူတို့သား၊သမီးတွေလိုပဲ ပြုစုစောင့်ရှောက်ပေးတယ်။ ချစ်ပေးကြတယ်။
ကိုယ်တိုင်က သူတို့အသတ်ခံရတဲ့ အပေါ်မှာ ဘာမှမလုပ်ပေးနိုင်ပေမယ့် သူတို့ဇာတ်လမ်းကိုသိပြီး သူတို့လေးတွေကို တွေ့လိုက်ရတဲ့အခါမှာ တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တယ်လို့ထင်လို့ ဒီ Documentary လေးကိုရိုက်ပြီး မျှဝေပေးလိုက်ပါတယ်။ မနက်ခင်း ရေချိုးတဲ့ အချိန်မှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ဟန်လေးတွေ၊ သူတို့ဇာတ်လမ်းလေးတွေကို ဒီDocumentary လေးမှာ တွေ့နိုင်ပါတယ်။ ကြည့်ရှုပေးပြီး သူတို့လေးတွေအတွက် တစ်ခုခုခံစားရလိမ့်မယ်လို့ ဆုတောင်းရင်း ….
ကျေးဇူးအများကြီးတင်ပါတယ်
❤❤❤🐘🐘🐘
Script - Naw Htike
Cinematography/Editor - Phyo Nge (PS Flims)
တကူးတက အပင်ပန်းခံ လိုက်ရိုက်ပေး၊ Edit လုပ်ပေးတဲ့ PS Films ကမောင်ငယ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
ဆင်ကလေးတွေရဲ့ အကြောင်းကို ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ ဒီPage မှာလေ့လာလို့ရပါတယ် ..
/ voicesformomos

Пікірлер: 3
@soemyat2847
@soemyat2847 Жыл бұрын
ရပ်သွားတယ် အသားရည်ဆိုပြီး
@hlaingwaiwai2461
@hlaingwaiwai2461 Жыл бұрын
😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍
@soemyat2847
@soemyat2847 Жыл бұрын
ကြော်ငြာတွေတက်နေတယ် နောက်ထပ်မတင်တော့ဘူးလား။
Suda - The Painting Elephant
15:51
FSchleyhahn
Рет қаралды 23 МЛН
Pizza Nway Oo
12:52
Naw Htike, Traveller from Myanmar
Рет қаралды 6 М.
ИРИНА КАЙРАТОВНА - АЙДАХАР (БЕКА) [MV]
02:51
ГОСТ ENTERTAINMENT
Рет қаралды 400 М.
когда достали одноклассники!
00:49
БРУНО
Рет қаралды 4,2 МЛН
I Need Your Help..
00:33
Stokes Twins
Рет қаралды 168 МЛН
Phuket Elephant Care
5:59
Life of a Girl
Рет қаралды 414
A taste of Taungoo
7:16
Naw Htike, Traveller from Myanmar
Рет қаралды 10 М.
ИРИНА КАЙРАТОВНА - АЙДАХАР (БЕКА) [MV]
02:51
ГОСТ ENTERTAINMENT
Рет қаралды 400 М.