No video

မင်္ဂလာမန္တလေးအိမ်ရာ ငွေလွှဲလုပ်ငန်းမှ ငွေကျပ် သိန်း ၃,၀၀၀ ခန့်ကို ကော်သေနတ်သုံး ဓားပြတိုက်မှုရုပ်သံ

  Рет қаралды 11,293

MizzimaTV

MizzimaTV

Күн бұрын

မင်္ဂလာမန္တလေးအိမ်ရာ ငွေလွှဲလုပ်ငန်းမှ ငွေကျပ် သိန်း ၃,၀၀၀ ခန့်ကို ကော်သေနတ်သုံး ဓားပြတိုက်မှု ရုပ်သံ
-------------------
မန္တလေးမြို့၊ မင်္ဂလာမန္တလေး အိမ်ရာဝင်းအတွင်းရှိ ငွေလွှဲလုပ်ငန်းတစ်ခုကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက် ညနေပိုင်းတွင် သေနတ်များကိုင်ဆောင်ထားသည့် လူလေးဦးက ဝင်ရောက်ဓားပြတိုက်ပြီး ငွေကျပ်သိန်း ၃,၀၀၀ ခန့် ယူဆောင်သွားကြောင်း အဆိုပါ အိမ်ရာဝင်းအတွင်းနေသူထံမှ သိရသည်။
“အဲဒီအခန်းက ငွေလွှဲလုပ်ငန်းလုပ်တာဗျ။ အဲဒါကိုဝင်ဓားပြတိုက်သွားတာပါ။ ကျပ် သိန်း ၃,၀၀၀ ပါသွားတယ်လို့ ရဲအသိုက်အဝန်းကပြောတယ်။ ရဲစခန်းမှာ အမှုဖွင့်တော့ အဲဒီလိုဖွင့်တယ် ထင်တာပါ။ လူလေးယောက်က သေနတ်တစ်ယောက် တစ်လက်နဲ့ ဝင်တိုက်သွားတာပါ” ဟု မင်္ဂလာမန္တလေးအိမ်ရာတွင် နေသူတစ်ဦးက ပြောသည်။
ဓားပြတိုက်ခံရသည့် ငွေလွှဲလုပ်ငန်းရှိရာ ရုံးခန်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲကင်းနှင့် အိမ်ရာလုံခြုံရေးဝန်ထမ်းများလည်းရှိပြီး၊ မင်္ဂလာမန္တလေး အိမ်ရာဝင်းနှင့် ကပ်လျက် အနောက်ဘက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် စစ်ကောင်စီလက်နက်ကိုင်များ တပ်ဆွဲထားကြသည်။
မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္ဂလာ ၂ လမ်းနှင့် ၃ လမ်းကြား၊ တိုက်နံပါတ်(၃) အခန်းနံပါတ်(၃)နေ ဦးအားယုံ(ကိုယ်ရေးစိစစ်ဆဲ)၏ နေအိမ်တွင် ဝန်ထမ်း ၁၄ ဦးတို့က ရွှေလွယ်အင် ကုမ္ပဏီပိုင်ငွေများ ရေတွက်နေစဉ် 9C 4145 Toyota Estima အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် အမျိုးသားလေးဦး သေနတ်အရှည် လေး လက်ဖြင့်ရောက်ရှိလာပြီး၊ ခေါင်းတွေငုံ့ထားဟု ပြောဆိုကာ ၎င်းတို့ရေတွက်နေသည့်ကုမ္ပဏီပိုင် ငွေကျပ်သိန်း ၃,၀၀၀ ခန့်အား ဆာလာအိတ်များဖြင့်ထည့်၍ ယူဆောင်သွားကြောင်း နယ်မြေအပိုင် ရဲစခန်းနှင့် နီးစပ်သည့် အသိုက်အဝန်းထံမှသိရသည်။
ယနေ့နံနက်ပိုင်း နောက်ဆက်တွဲ ထွက်ပေါ်လာသည့် သတင်းတွင်မူ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ကော်သေနတ်၊ကားနှင့် ဓားပြတိုက်ယူခဲ့သည့် ငွေကျပ် သိန်း၃၀၀ကို မင်္ဂလာမန္တလေးအိမ်ရာအနီးရှိ အောင်မြင်သူ ကုမ္ပဏီပိုင်ခြံတစ်ခုအတွင်း တွေ့ရှိပြီဖြစ်ကြောင်း၊ ဓားပြများကိုင်ဆောင်သည့် သေနတ်များသည် ကော်သေနတ်များဖြစ်ကြောင်း၊ ပီနံအိတ်ဖြင့်ထုတ်ထားသော တစ်ထောင်တန်ငွေစက္ကူကျပ်သိန်း ၃၀၀ ရာနှင့်အတူ ယမန်နေ့ည ၈ နာရီ၀န်းကျင်ကဖမ်းမိခြင်း ဖြစ်ကြောင်း၊ ခြံစောင့်အမျိုးသားနှစ်ဦးကိုရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးနေကြောင်း စစ်အုပ်စုနှင့်နီးစပ်သည့်သတင်းများကဖော်ပြကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : bit.ly/2VhJ12U
Subscribe our channel
to get more update news of what happening in Myanmar.
Follow us :
Facebook ( Myanmar Language)
/ mizzimadaily
Facebook (English language)
/ mizzimamyanmarnews
Twitter / mizzimanews
Telegram t.me/mizzimatv
Download Mizzima TV App Free : onelink.to/jnuwak
Website :
www.mizzima.com
www.mizzimaburmese.com
www.mizzima.tv
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
We bring Burmese news and views to you on a regular basis, podcast through the Internet. At the same time, we are also working hard to extend our reach to other broadcast networks, whether, terrestrial, satellite or via the Internet. Please Tune-in or Subscribe to our contents using iTunes or other Podcatching applications.
......................................................
DISCLAIMER:
Copyright© Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research. Fair use is a use permitted by copyright statute that might otherwise be infringing.

Пікірлер: 1
နေ့လယ်ခင်းသတင်း (၂၀၂၄ သြဂုတ် ၂၇ ရက်)
7:12
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 185 М.
Magic? 😨
00:14
Andrey Grechka
Рет қаралды 19 МЛН
Вы чего бл….🤣🤣🙏🏽🙏🏽🙏🏽
00:18
Get 10 Mega Boxes OR 60 Starr Drops!!
01:39
Brawl Stars
Рет қаралды 19 МЛН
Ip Man 2 | The Boxing Competition
15:57
Cinewatch
Рет қаралды 7 МЛН
အ မေချစ်တဲ့ သားကြီး is live!
အ မေချစ်တဲ့ သားကြီး
Рет қаралды 440
Fighting scene, Donnie Yen vs Darren Shahlavi/Ip Man vs Twister
11:54
Fierce Fights with ASARGAS
Рет қаралды 75 МЛН
Magic? 😨
00:14
Andrey Grechka
Рет қаралды 19 МЛН