စကြာဝဠာ အတွင်းက အအေးဆုံး အရပ်ဒေသ

  Рет қаралды 37,460

MM Pop Science

MM Pop Science

Жыл бұрын

လက်ရှိ အချိန်ထိ စကြာဝဠာ တွင်းမှာ ရှာတွေ့ပြီးသမျှ ရပ်ဝန်းတွေ ထဲမှာ အအေးဆုံး အရပ်ဒေသကို ပြပါဆိုရင် ဘူးမရန်း နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီး (Boomerang Nebula) ကို ပြရမှာ ဖြစ်ပါတယ်။ ဒီ ဘူးမရင်း နက်ဗြူလာရဲ့ အပူချိန်ဟာ စကြဝဠာရဲ့ နောက်ခံ အပူချိန် ဖြစ်တဲ့ (cosmic microwave background) ထက်တောင်မှ ပိုပြီး အေးနေပါသေးတယ်။
ဒီ နက်ဗြူလာ ဓါတ်ငွေ့ တိမ်တိုက် ကြီးဟာ ကမ္ဘာက နေဆို အလင်းနှစ် ၅,၀၀၀ ခန့် ဝေးတဲ့ အရပ်မှာ တည်ရှိပါတယ်။ သူ့ကို ရှာတွေ့ ခဲ့တာက ဩစတြေးလျ နက္ခတ် ပညာရှင် နှစ်ဦး ဖြစ်ပါတယ်။ သူတို့က ဒီ နက်ဗြူလာဟာ ဩစတြေးလျက ဌာနေ တိုင်းရင်းသားတွေ သုံးတဲ့ လက်နက် တစ်မျိုး ဖြစ်တဲ့ boomerang နဲ့ တူတယ် ဆိုပြီး ဒီနာမည် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ရိုက်ကူးတဲ့ ဓါတ်ပုံတွေ မှာတော့ ဒီ နက်ဗြူလာဟာ ဘူးမရင်း ပုံ မဟုတ်ပဲ​ hour glass ခေါ် သဲနာရီပုံ ဖြစ်နေတာကို တွေ့ကြရပါတယ်။ သို့ပေမယ့်လဲ မူလ နာမည် ဘူးမရင်း လို့ပဲ​ဆက်ပြီး ခေါ်ခဲ့ ကြပါတယ်။
ဒီ Boomerang Nebula ရဲ့ ကတော့ နှစ်ဖက်စွန်း အကွာအဝေးဟာ အလင်းနှစ် ၂ နှစ်လောက် ကွာဝေးပါတယ်။​ဆိုလိုတာက ဒီ ကတော့ရဲ့ တဖက်စွန်း ကနေ အခြား တဖက်စွန်းကို အလင်းရောင် ရောက်ဖို့ အချိန် ၂ နှစ်တောင် ကြာမှာ ဖြစ်ပါတယ်။ ဒီ အကွာအဝေးကို အကြမ်းဖြင်း ပြောရရင် ကျွန်တော်တို့ နေနဲ့ အနီးဆုံး ကြယ်ဖြစ်တဲ့ Proxima Centauri ကြယ်နဲ့ ကမ္ဘာဟာ အလင်းနှစ် ၄ နှစ်ကျော် ကွာဝေးပါတယ်။ ဒါ့ကြောင့် နေနဲ့ Proxima Centauri ကြားထဲမှာ အခု Boomerang Nebula နှစ်ခု ဝင်ဆန့်မှာ ဖြစ်ပါတယ်။
ဘူးမရင်း နက်ဗြူလာဟာ planetary nebula (ဂြိုဟ် နက်ဗြူလာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီ နက်ဗြူလာ အမျိုးအစားဟာ ကြယ်တစ်စင်းရဲ့ နောက်ဆုံး ရုပ်ကြွင်းလဲ ဖြစ်ပါတယ်။
ကြယ်တွေဟာ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့ကို အဏုမြူ ဓါတ်ပြု လောင်ကျွမ်းပြီး စွမ်းအင် အဖြစ် ထုတ်လွှတ် ပေးပါတယ်။ လောင်ကျွမ်းစရာ လောင်စာတွေ ကုန်သွားတဲ့ အခါ ကြယ်ရဲ့ အူတိုင်ဟာ တည်ငြိမ်မှု ပျက်ပြား သွားတဲ့ အတွက် ကြယ်ရဲ့ အပြင် အကာအလွှာဟာ အာကာသ ထဲကို ပေါက်ကွဲပြီး ထွက်သွားပါတယ်။
ဒီလို ပေါက်ကွဲပြီး ဖြစ်ပေါ်လာတဲ့ နက်ဗြူလာ တွေဟာ အများအားဖြင့် ဂြိုဟ်တစ်စင်း ပုံ လုံးလုံး ဝိုင်းဝိုင်း ပုံစံ တွေ့ရ တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို planetary nebula တွေလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ (planet ခေါ် ဂြိုဟ် နဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိပါဘူး၊ တင်စားပြီး ခေါ်တာသာ ဖြစ်ပါတယ်။)
ဒါပေမယ့် အခု ဘူးမရင်း နက်ဗြူလာ ကတော့ ထူးထူး ဆန်းဆန်း လုံးဝန်းတဲ့ ပုံသဏ္ဍာန် မရှိပဲ သဲနာရှိလို ပုံစံ ဖြစ်နေပါတယ်။ နောက်ပြီး ဒီ နက်ဗြူလာ ကနေ မြောက်များလှ စွာသော အက်တမ်တွေကို အလွန် လျင်မြန်တဲ့ အလျင်နဲ့ မှုတ်ထုတ် နေပါတယ်။ ဒီလို မှုတ်ထုတ်နေတာ အနည်းဆုံး နှစ် ၁,၅၀၀ လောက် ရှိခဲ့ပြီလို့ ခန့်မှန်း ကြပါတယ်။ ဒီ နှစ် ၁၅၀၀ လောက် အတွင်းမှာ သူ မှုတ်ထုတ်ခဲ့တဲ့ အက်တမ် တွေရဲ့စုစုပေါင်း ဒြပ်ထု ပမာဏဟာ ကျွန်တော်တို့ နေ ၁ စင်း ခွဲခန့် ပမာဏ ရှိမယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။
ဒီ နက်ဗြူလာရဲ့ အပူချိန်ကို ၁၉၉၅ ခုနှစ်က ပထမဆုံး တိုင်းတာခဲ့တာ ဖြစ်ပါတယ်။ ဒီ တိုင်းတာမှုကို ဆွီဒင် နက္ခတ် ပညာရှင် နှစ်ဦးက တောင်အမေရိကတိုက် ချီလီ နိုင်ငံမှာ ရှိတဲ့ Swedish ESO Submillimetre Telescope နဲ့ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာရဲ့ အပူချိန်ဟာ 1 Kelvin ပဲ ရှိတာ သွားတွေ့ ရပါတယ်။ ဒါဟာ ရေခဲမှတ်အောက် အမှုန် ၂၇၂ ဒီဂရီ စင်တီဂရိတ် အပူချိန် ဖြစ်ပြီး absolute zero temperature ထက် ၁ ဒီဂရီပဲ ပိုမြင့်ပါတယ်။ ဒီ အပူချိန်ဟာ စကြာဝဠာရဲ့ နောက်ခံ အပူချိန် ဖြစ်တဲ့ 3 Kelvin ထက်တောင်မှ ပိုနိုမ့်နေပါတယ်။
ဒီ နက်ဗြူလာကနေ မြောက်များလှ စွာသော ဓါတ်ငွေ့ အက်တမ်တွေကို အရှိန်အဟုတ်နဲ့ မှုတ်ထုတ် နေတယ် ဆိုတာကို အပေါ်မှာ ပြောခဲ့ပါတယ်။ ဒီလို မှုတ်ထုတ်တဲ့ အရှိန်ဟာ တစ်နာရီကို ကီလိုမီတာ ၅ သိန်းနှုန်းနဲ့ မှုတ်ထုတ်နေတာ ဖြစ်ပါတယ်။
ဒီ အချက်ဟာ ဘူးမရင်း နက်ဗြူလာ ဘာ့ကြောင့် စကြာဝဠာ ထဲမှာ အအေးဆုံး နေရာ ဒေသ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ကနေ ဒီလို အက်တမ်တွေ အရှိန်ပြင်းပြင်း နဲ့ အမြောက်အများ မှုတ်ထုတ်နေ တာမို့ ဒီ နက်ဗြူလာရဲ့ အရွယ်အစားဟာလဲ အလွန် လျင်မြန်စွာ ကြီးထွား ပြန့်ကားလို့ လာနေပါတယ်။ ဒီလို အလျင်အမြန် ပြန့်ကား လာတဲ့ အတွက် သူ့ရဲ့ အပူချိန် ကလဲ လျင်မြန်စွာ ကျဆင်း သွားပါတယ်။ (ဓါတ်ငွေ့တွေ ပြန့်ကားလာရင် သူတို့ရဲ့ အပူချိန်ဟာလဲ ကျဆင်း လာပါတယ်။ Air con ဟာ ဒီ သဘောတရားကိုပဲ အသုံးပြု ထားတာ ဖြစ်ပါတယ်။ )
ဒီနေရာမှာ နက်ဗြူလာရဲ့ အအေးလှိုင်း လွှမ်းခြုံတဲ့ ရပ်ဝန်းဟာ အခု မြင်ရတဲ့ နက်ဗြူလာ ဖန်ကတော့ပုံ နှစ်ခုထက် ၁၀ ဆ လောက် ပိုပြီး ကြီးပါတယ်။ အခုပုံမှာ အပြာရောင် ရေးရေးလေး မြင်ရတာသည် ဒီ အအေးလှိုင်းတွေ လွှမ်းခြုံနေတဲ့ နေရာရပ်ဝန်း ပဲ ဖြစ်ပါတယ်။

Пікірлер: 33
@uthantint2977
@uthantint2977 Жыл бұрын
သာမန်လူတွေနားလည်အောင်တင်ပြနိုင်တာကိုက မိတ်ဆွေရဲ့အရည်အချင်းထင်ပါတယ် ဘာသာရပ်တတ်ကျွမ်းတာလဲတွေ့ရပါတယ် - ကျုပ်တို့ကံကောင်းတာပေါ့
@khinmaungthein2624
@khinmaungthein2624 11 ай бұрын
အင်မတန် နက်နဲ ရှုပ်​ထွေးလွန်းတဲ့ အာကာသ ​ရေးရာ​တွေကို အရမ်းနားလည်လွယ်​အောင် ရှင်းပြ​ပေးလို့ အရမ်း​ကျေးဇးတင်ပါတယ်ဗျာ။👍👍👍👍👍❤❤❤
@mayaugust
@mayaugust 2 ай бұрын
ကျေးဇူးတင်ပါတယ် ဆရာ ဗဟုသုတအသိပညာတိုးတက်စေပါတယ်
@thanhtike926
@thanhtike926 Жыл бұрын
လေးလေးစားစားနားထောင်ကြည့်ရူ့ခဲ့ရပါတယ်ဗျာ့ ကျေးဇူးတင်ပါတယ်ဗျာ့
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါ ခင်ဗျာ
@user-yn3yx3fh6u
@user-yn3yx3fh6u 11 ай бұрын
ကျေးဇူးပါဆရာ 🙏
@maythu6554
@maythu6554 9 ай бұрын
ရှင်းလင်းပြတ်သားစွာ တင်ပြပေးလို့ ကျေးဇူးအထူးတင်ပါတယ် ဆရာ .. အားပေးလျက်ပါ 👏
@lamintun123
@lamintun123 Жыл бұрын
ကျေးဇူးတင်ပါတယ် ဆရာ
@MMPopSci
@MMPopSci Жыл бұрын
Thanks for your support
@itksharing
@itksharing 6 ай бұрын
ဆရာ့ video ​တွေအရမ်းကြိုက်ရပါတယ်
@pyaesoneperfect3581
@pyaesoneperfect3581 Жыл бұрын
Dark energy အကြောင်းလေးလုပ်ပါဦး
@saikhunkhay3617
@saikhunkhay3617 Жыл бұрын
အံ့ဩစရာပါပဲ
@rzansongs
@rzansongs 11 ай бұрын
နောက် တခါကျရင် ဆရာ့အကြာင်းလေးလဲ သိပါရစေဗျ..❤
@sanmyat4306
@sanmyat4306 Жыл бұрын
အမြဲတမ်းအားပေးနေပါတယ်
@MMPopSci
@MMPopSci Жыл бұрын
ကျေးဇူးပါခင်ဗျာ
@heinminsoe5634
@heinminsoe5634 Жыл бұрын
ငယ်ငယ်ကစာသငိကောင်းတယ့်ဆရာနဲ့တူတယ် နားထောင်ကောင်းတယ် စာသင်တယ့်ဆရာများလားဗျ
@soegyikyeit6030
@soegyikyeit6030 8 ай бұрын
အားကျတယ်ဗျာ ခုပြောနေတဲ့သူက ကိုယ်တိုင်သွားပီး နက်​​ဗျူလာကြီးနားသွား​လေ့လာခွင့်ရတာ 😅
@myogyi5289
@myogyi5289 Жыл бұрын
အလင်းနှစ်တွက်ရင်ကမ္ဘာပေါ်ကအချိန် နှစ်တစ်နှစ်နဲ့ပဲတွက်တာလာခင်ဗျ သိချင်လို့ပါခင်ဗျ မရှင်းလိုပါ
@MMPopSci
@MMPopSci Жыл бұрын
ကမ္ဘာပေါ်က နှစ်နဲ့ပဲ တွက်ပါတယ် ခင်ဗျ
@lwanwayaung6271
@lwanwayaung6271 Жыл бұрын
သက်ရှိတွေအသက်ရှင်နိုင်တဲ့ အပူချိန်နဲ့ ရေခဲမှတ် ဘယ်လောက်ဆိုရင် သက်ရှိတွေအသက်မရှင်နိုင်ဘူးလဲဆိုတာ ဖြေပေးပါခင်ဗျ။
@MMPopSci
@MMPopSci Жыл бұрын
အခုထိ ရှာတွေ့သမျှထဲမှာ အမြင့်ဆုံး အပူချိန်က ၁၂၂ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး Methanopyrus kandleri ဆိုတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ အနိုမ့်ဆုံး ကတော့ -၂၀ ဒီဂရီ စင်တီဂရီတ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီ အပူချိန်အောက် မှာ အစားအသောက်တွေ ကို လနဲ့ချီ အေးခဲ ထားနိုင်တာ ဖြစ်ပါတယ်။
@htaygyi7331
@htaygyi7331 Жыл бұрын
အလင်းနှစ်ငါးထောင်အကွာမှာရှိတဲ့ နက်ဗြူလာက လွန်ခဲ့တဲ့ နှစ်ပေါင်း ေထာင့်ငါးရာထဲက အမှုန်တွေလွင့်ထုတ်နေတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ထောင့်ငါးရာကတည်းက လွင့်ထုတ်နေတယ်လို့ ပြောချင်တာလားဗျ
@joejoe8642
@joejoe8642 Жыл бұрын
မှန်တာပေါ့ဗျာ
@user-bx2zc5ll1m
@user-bx2zc5ll1m 9 ай бұрын
ကြယ်ကြွေတဲ့အကြောင်လေပြောပြပါလား ဆရာ
@linzawko6887
@linzawko6887 6 ай бұрын
အဲကွန်းအကြီးစားကြီးပဲ
@aungmyomin1181
@aungmyomin1181 Жыл бұрын
wormhole
@user-el3wo4yb6j
@user-el3wo4yb6j 27 күн бұрын
CatEyeNebula
@gumogumonopistol7491
@gumogumonopistol7491 11 ай бұрын
သိပ်နားမလည်တာက လွန်ခဲ့တဲ့နှစ်​ပေါင်း၁၅၀၀ က nebula ဓါတ်​ငွေ့​တွေစမှုတ်ထုတ်တယ်​ပြောထားပြီး ကမ္ဘာနဲ့ nebula အကွာအ​ဝေးကအလင်းနှစ်၅၀၀၀ လို့​ပြောထားတယ်။ အနည်းဆုံးအနှစ်၅​ထောင်မှ အဲ့ကိစ္စကို ကျွန်​တော်တို့မြင်ရသိရမှာမဟုတ်လား။ မရှင်းလို့ ​မေးတာပါ။
@yenaungsoekaungkyaw-ms1jc
@yenaungsoekaungkyaw-ms1jc 11 ай бұрын
ဟုတ်ပါတယ် နှစ်၅ထောင်ကအကွာအဝေးပါ နှစ်၁၅၀၀ကအချိန်ပါသူမှုတ်ထုတ်နေတာ1500ကြာပါပြီ ကိုယ်တွေမြင်ရတာက5000ကြာမှပါဒါဆိုနှစ်6500ကြာပြီလို့ယူဆရမယ်လို့ထင်ပါတယ်ဗျ
@alanroonizt1820
@alanroonizt1820 7 ай бұрын
@@yenaungsoekaungkyaw-ms1jc နားမလည်ဘူးဗျအလင်းနှစ်ကအကွာအဝေးပဲမဟုတ်ပဲအချိန်ရောပါတာလားဗျ
@mnwmnw4981
@mnwmnw4981 9 ай бұрын
အလင်းရှိပြီးတော့ဘာလို့အေးနေရတာလဲဗျ ex sun
@aungsoe8316
@aungsoe8316 Жыл бұрын
Pin pls!
@MMPopSci
@MMPopSci Жыл бұрын
အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
Wolfram Physics Project Launch
3:50:19
Wolfram
Рет қаралды 1,7 МЛН
لقد سرقت حلوى القطن بشكل خفي لأصنع مصاصة🤫😎
00:33
Cool Tool SHORTS Arabic
Рет қаралды 28 МЛН
Doing This Instead Of Studying.. 😳
00:12
Jojo Sim
Рет қаралды 21 МЛН
Jumping off balcony pulls her tooth! 🫣🦷
01:00
Justin Flom
Рет қаралды 28 МЛН
Clown takes blame for missing candy 🍬🤣 #shorts
00:49
Yoeslan
Рет қаралды 49 МЛН
ရုရှား
1:01:43
My Notes
Рет қаралды 430 М.