Рет қаралды 795,981
မိုးခါးရေ
ရေး/ဆို-ဆောင်းဦးလှိုင်
Photo From ..
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
unsplash.com/p...
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သီချင်းစာသား .....................................................................
မိုးခါးရေ
ရေး/ဆို-ဆောင်းဦးလှိုင်
ငါလေအမှန်အတိုင်းပဲစကားတွေဆို အဖြူထည်ငါ့နှလုံးသားမယိမ်းယိုင်ဖို့
လျှောက်တဲ့လမ်းအတိုင်းဖြောင့်တန်းအောင် စဉ်းစားမိသမျှညီမျှအောင်
စာနာတတ်သော လူသားတစ်ယောက်ဖြစ်ချင်တယ်
လူတွေကိုငါခွင့်လွှတ်တတ်လာတယ် တစ်ခါတစ်ရံမျှော်လင့်သလောက်မဖြစ်ပေမယ့်
အမြဲတမ်းအရှုံးပေးနေတဲ့ငါ့ကို ချနင်းပြီးဟားတိုက်လှောင်ဦးမလား
ခံနိုင်ရည်ရှိသော လူသားတစ်ယောက်ဖြစ်ချင်တယ်
တကယ်ဆိုရင် လူ့ဘဝတိုတောင်းလွန်းလှပါတယ်
(စာနာစိတ်များနည်းပါးမသွားစေနဲ့ /မာန်မာနများ ရန်ငြိုးများမရှိစေနဲ့)
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
လောကသစ္စာ အမှန်ဆိုတာ ငုပ်လျှိုးလည်းခဏ
ယုံကြည်ရာဆီ အပြုံးမပျက်သွား
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ