မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ဘက်မှာတိုက်ပွဲ ပြင်းထန်နေ | MAWKUN

  Рет қаралды 2,706

MawKun Magazine

MawKun Magazine

Ай бұрын

မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ဘက်မှာတိုက်ပွဲ ပြင်းထန်နေ
မိုးကုတ် - ၂၀၂၄ ဇွန် ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်အနောက်ဘက်မှာ ဒီနေ့ နံနက် ၁၀း၀၀ ဝန်းကျင်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဒေါ်နန်းကြည်တောင်အနောက်ဘက် ဘားဂါးကျေးရွာနဲ့ ရေထွက်ကြီးကျေးရွာတို့ဘက်မှာ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်နဲ့ အခုပစ်ခတ်နေတဲ့ အဖွဲ့တွေဟာ ဘယ်အဖွဲ့တွေလဲဆိုတာ မသိရသေးဘူးလို့ မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
" အတွဲလိုက်ပစ်သံကော၊လက်နက်ကြီးတွေနဲ့ကော၊အပြန်လှန်ပစ်သံကောကြားနေရတယ်၊မီးခိုးလုံးတွေပါမြင်နေရတယ်၊နှစ်မိနစ်လောက်ခနငြိမ်ပြီးဆက်တိုက်ပြန်ကြားရတာ"လို့ သူကပြောပါတယ်။
အခုတိုက်ပွဲ ဖြစ်နေတဲ့နေရာဟာ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေလှုပ်ရှားလေ့ရှိတဲ့နေရာတစ်ခုဖြစ်ပြီး ဒီနေ့မှာပဲ ရှမ်းမြောက် ကျောက်မဲနဲ့နောင်ချိုမြို့တွေမှာ မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ TNLAတပ်တို့တိုက်ပွဲတွေ တပြိုင်နက်ဖြစ်နေပါတယ်။
မိုးကုတ်မြို့ဒေါ်နန်းကြည်​တောင်အနောက်ဘက်က ပင်သပြေသွားတဲ့လမ်းဘက်မှာ အာဏာသိမ်းစစ်တပ်အခြေချထားတဲ့စခန်းရှိပြီး အဲဲဒီဘက်ကို စစ်သားတွေ ဒီနေ့နံနက်အစောပိုင်းက အင်အားဖြည့်ထားတယ်လို့ မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
" ခုထိဆက်တိုက်ပစ်နေတာ(နေ့လည် ၁၂း၀၀နာရီ) / မြို့ထဲကအကုန် တိတ်ဆိတ်ကုန်ပြီ၊ လမ်းမှာစစ်သားပဲရှိတယ်၊စစ်သားတွေအုပ်လိုက်ကြီးလမ်းလျှောက်နေတယ်"လို့ သူကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာတိုက်ပွဲ ပြင်းထန်နေတာကြောင့်စျေးဆိုင်ခနး်တွေပိတ်ထားပြီးပြည်သူအသွားအလာလည်း ရှင်းနေတယ်လို့ သူကပြောပါတယ်။
မိုးကုတ်မှာ ပြီးခဲ့တဲ ၂၀၂၃ အောက်တိုဘာ နောက်ပိုင်းကစလို့ TNLA ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တဖြည်းဖြည်း တိုက်ပွဲတွေ နည်းပါးလာခဲ့ပြီး ငြိမ်သက်သွားတဲ့အထိဖြစ်လာကာ ဒီနေ့မှာတော့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာပါ။
ဗီဒီယို - ပေးပို့
မြင်ကွင်း - ယနေ့နံနက် စတင်ဖြစ်ပွားနေသည့် မိုးကုတ်၊ ဒေါ်နန်းကြည်တောင်ဘက် တိုက်ပွဲ
Website
mawkun.com
Telegram
t.me/MawkunMM
KZbin
/ @mawkunmagazine494
TikTok
/ mawkunmagazine
X
x.com/MawKunMM
Linktree
linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

Пікірлер: 1
@user-nt2ml1sq9e
@user-nt2ml1sq9e 28 күн бұрын
ဘယ်လိုကြီးလဲကွာ
TNLA က စစ်အင်အားကို ထုတ်ပြ
3:00
Smart Sigma Kid #funny #sigma #comedy
00:26
CRAZY GREAPA
Рет қаралды 7 МЛН
A clash of kindness and indifference #shorts
00:17
Fabiosa Best Lifehacks
Рет қаралды 111 МЛН
Clowns abuse children#Short #Officer Rabbit #angel
00:51
兔子警官
Рет қаралды 73 МЛН
Back to the Moon - Part 2 | VOANews
55:34
Voice of America
Рет қаралды 4,4 М.
မိကသိုက သူကြီးမ | MAWKUN
5:10
MawKun Magazine
Рет қаралды 14 М.