မိုးကုတ်မြို့မှာ စားသောက်ကုန် ပြတ်လပ်၊ မြို့ခံတချို့ စားရမဲ့၊သောက်ရမဲ့ အခြေအနေ စကြုံ၊

  Рет қаралды 4,406

Mandalay Free Press - MFP

Mandalay Free Press - MFP

27 күн бұрын

ဇူဇူး(Newsland)၊ ဇူလိုင် - ၁၂
မန္တလေးတိုင်း အထက်ပိုင်း၊ မိုးကုတ်မြို့မှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ပိတ်ဆို့နေပြီး ကုန်စည်စီးဆင်းမှု မရှိတော့ဘဲ ဆန်၊ဆီ၊ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ မြို့ခံ‌တွေက MFP ကို ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ စတင် ဖြစ်ပွားတဲ့ ဇွန်(၂၅)ရက်ကနေ ဇူလိုင်(၁၁)ရက် အထိ ကားလမ်းတွေ ပိတ်ဆို့နေပြီး ကုန်စည်စီးဆင်းမှု လုံးဝ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်တဲ့ မိုးကုတ်မြို့ဟာ ပတ္တမြားနဲ့ တွင်းထွက် ကျောက်မျက် ရတနာလုပ်ငန်းကို အဓိကထား လုပ်ကိုင်တဲ့ တောင်ပေါ်မြို့ ဖြစ်ပြီး ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားသောက်ကုန်‌တွေ အပါအဝင် စားသောက်ကုန် အများစုကို အခြားမြို့တွေကနေ တင်သွင်းရပါတယ်။
"ခြောက်လပိုင်း (၂၅)ရက်နေ့ ကတည်းက ကုန်ကားတွေ ပေးမဝင်တော့ မြို့ထဲမှာ ပြတ်ပြီပေါ့၊ ဘာမှ မရှိတော့ဘူးလေ၊ မြို့ထဲကနေလည်း ပေးမထွက်ဘူး၊ စားရမဲ့သောက်ရမဲ့တွေ ဖြစ်ကုန်ပြီ၊ ဆန်တွေ ဈေးတက်ကုန်တယ်၊ ဆန်တွေ ဝယ်မရတော့ဘူး" လို့ မြို့ခံအမျိုးသားက ပြောပါတယ်။
မိုးကုတ်မြို့နဲ့ (၃၉)မိုင်အကွာ၊ မန္တလေး - မိုးကုတ်လမ်း၊ သပိတ်ကျင်းနယ်၊ ကျောက်လှည်းဘီးရွာ အနီးမှာ ရှိတဲ့ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) - ၁၄၈ က အားလုံးကို ဖြတ်သန်းသွားလာခွင့် မပေးဘဲ တားဆီး ပိတ်ပင်ထားတယ်လို့ မြို့ခံ‌တွေက ပြောပါတယ်။
"ဘာဆို ဘာမှ ပေးမဝင်ဘူး၊ ကားတွေက ဘာကားမှ ပေးမဝင်ဘူး၊ လူစီးကားလည်း ပေးမဝင်ဘူး၊ လမ်းလျှောက် ပြီး သွားမယ်ဆိုတောင် ပေးမပြန်ဘူး" လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံရတာ နှစ်ပတ်ကြာလာချိန် ကြက်ဥတစ်လုံးကို ကျပ်(၁၀၀၀)ဝန်းကျင်၊ ကန်စွန်းရွက် တစ်စည်းကို ကျပ်(၂၀၀၀)ဝန်းကျင်၊ ဓာတ်ဆီတစ်ဂါလံ ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်နေပြီး လက်ထဲငွေရှိလျှင်တောင် စားသောက်ကုန်နဲ့ ဓာတ်ဆီကို လိုသလောက် ဝယ်မရဘုးလို့ မြို့ခံတွေက ပြောပါတယ်။
"ခက်တာက ပိုက်ဆံရှိပြီး ဆန်မရှိဘူး ဖြစ်နေတာ၊ ပိုက်ဆံရှိပြီး စားသောက်ကုန် မရှိဘူး ခက်ခဲနေတာ" လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြို့ခံတွေ အငတ်ဘေးမကြုံရစေဖို့ မြို့နေပြည်သူအချင်းချင်း ကူညီဖေးမ ဖြေရှင်းနေကြပြီး တချို့ ဆန်ဆိုင် ပိုင်ရှင်တွေက လက်ကျန်ရှိသလောက် ဆန်တွေကို ဈေးတက်ခြင်း မရှိဘဲ အခြေခံ လူတန်းစားတွေကို အချိုးကျ ရောင်းချ ပေးနေသလို အဝေးရောက် မိုးကုတ်သူ မိုးကုတ်သား‌တွေကလည်း စုပေါင်းပြီး မြို့နေ ပြည်သူတွေ အတွက် ငွေကြေး ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ထဲမှာ ဆန်ရရှိနိုင်ဖို့ မလွယ်တော့တဲ့အတွက် မိုးမိတ်မြို့ဘက် တောလမ်းကနေ ရနိုင်သလောက် ဆန်တွေကို ခက်ခဲပင်ပန်းစွာ သယ်ယူနေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
"ပေးလည်းမထွက်ဘူး၊ စားလို့ရအောင် သောက်လို့ ရအောင်လည်း ပေးလည်း မဝင်ဘူး၊ အဲ့တော့ မိုးကုတ်သူမိုးကုတ်သားတွေသည် သေနတ်နဲ့ သေရမှာလား အငတ်ဘေးနဲ့ သေရမှာလား၊ သေဖို့နှစ်မျိုးထဲက တစ်မျိုးကို ထိုင်စောင့်နေရသလိုပဲ" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ မိုးကုတ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာချိန် ဇွန်(၂၇)ရက်က စလို့ လျှပ်စစ်မီး ပြတ်တောက် နေတဲ့အတွက် ဆိုလာနဲ့ မီးစက်တွေကိုပဲ အသုံးပြုနေရပြီး စက်သုံးဆီတွေလည်း စျေးမြင့်တက်ကာ ပြတ်လပ်တော့မယ့် အခြေအနေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"မီးစက်တွေကလည်း ရှိတုန်းက နှိုးနှိုးနှိုးနဲ့ အခု ဆီတစ်ဂါလံကို ခြောက်သောင်း၊ ခုနှစ်သောင်းဆိုတော့ ဘယ်သူက မီးစက် နှိုးနိုင်တော့မှာလဲ၊ အဲ့တော့ ဆီ(ဓါတ်ဆီ)လည်း ပြတ်တယ်၊ မီးလည်း ပျက်တယ်။ ဆိုလာတွေပါ ကုန်ပါပြီဗျာ"
လက်ရှိမှာ မိုးကုတ်မြို့အနောက်ပိုင်း (ကျပ်ပြင်)ကို တအာင်းတပ်မတော် - TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ် ထားပြီး မိုးကုတ် မြို့လုံးကျွတ် သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေပါတယ်။
ဗျူးဟာကုန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေ ရှိတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ကြိုးကြားပစ်ခတ်မှုတွေ ရှိနေပြီး မြို့ပြင်မှာတော့ တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။
ဇူလိုင်(၉)ရက်က မိုးကုတ်အရှေ့ပိုင်း၊ မြို့ပြင်က စစ်အုပ်စု စခန်းတွေဖြစ်တဲ့ မိုင်တိုင်(၅)စခန်းနဲ့ ယောမူး စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ အဝင်အထွက်တွေကို TNLA က ပိတ်ဆို့ထားတာ မရှိဘူးလို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောပါတယ်။
"မိုးကုတ်မြို အဝင်အထွက်တွေကိုပေါ့နော် ကျွန်မတို့ ဘက်ကတော့ ပိတ်ကာထားတာ မရှိဘူး၊ သို့ပေမယ့် မြို့တွေရဲ့ အပြင်ဘက်ဆိုရင်တော့ စစ်ကောင်စီက အဝင်အထွက်တွေ ပိတ်တာမျိုး၊ စစ်ဆေးတာမျိုးတွေတော့ ကျွန်မတို့ ကြားသိရပါတယ်"
တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန် မိုးကုတ်မြို့က ထောင်ချီတဲ့ ပြည်သူတွေဟာ မန္တလေးဘက်ကို စစ်ဘေးရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် မန္တလေး - မိုးကုတ်လမ်း စဉ့်ကူးနဲ့ မတ္တရာနယ်ထဲ တိုက်ပွဲတွေဖြစ်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ မန္တလေးမြို့အထိ ရောက်အောင်သွားလို့မရသေးဘဲ လမ်းမှာ ပိတ်မိနေတာလည်း (၁၀)ရက်ကျော် ကြာပြီ ဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း လေကြောင်းဗုံးကြဲခံရမှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ သံဃာအပါအဝင် ဒေသခံ(၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

Пікірлер: 8
@KokoaungKokoaung-gc8nr
@KokoaungKokoaung-gc8nr 21 күн бұрын
စစ်ပွဲဖြစ်ရင် မြို့ရွာတွေမပိတ်ထားသင့်ပါ
@khantkhant2696
@khantkhant2696 21 күн бұрын
မြို့ကို သိမ်းပါတယ်ဆိုတဲ့
@12sai720
@12sai720 21 күн бұрын
😢😢😢
@chineselanguagesharing2945
@chineselanguagesharing2945 21 күн бұрын
Taunggyi လာနေကြပါ အစစအရာရာ Safe ဖြစ်တယ် ❗❗❗
@UChitKo-oh8tc
@UChitKo-oh8tc 21 күн бұрын
Thank you so much MFP🎉🎉🎉🎉❤❤❤❤❤❤❤❤❤❤❤
@aungtheinhlaing5945
@aungtheinhlaing5945 21 күн бұрын
သူတို့ဖိတ်ခေါ်ပြီးစောင့်မျှော်နေတဲ့အဖွဲ့တွေရောက်လာပြီပဲ။သူတို့က မထောက်ပံ့ဘူးလား။လမ်းကိုပိတ်ထားတာကလည်း ပြည်သူ့တွေအတွက်ဆိုပြီး အော်နေတဲ့ အဲဒီအဖွဲ့တွေပဲလေ
@user-gs2qm5oh7z
@user-gs2qm5oh7z 21 күн бұрын
မိုးကုတ်မြို့နယ် အင်းကျောက်တို့ ဗားနပ်စျေး ပြောင်ဂေါင်းဘက်ကိုပြေးလို့မရဘူးလား
@USawLwin-qu5mt
@USawLwin-qu5mt 19 сағат бұрын
ကဲသိပြီလား
Каха заблудился в горах
00:57
К-Media
Рет қаралды 10 МЛН
НРАВИТСЯ ЭТОТ ФОРМАТ??
00:37
МЯТНАЯ ФАНТА
Рет қаралды 8 МЛН
Sayar Goshal Lay Good news Talk show 06 Aug 2024
23:32
Burmese into English
Рет қаралды 289 М.
MFP နေ့စဉ် အညာမြေသတင်း
4:33
Mandalay Free Press - MFP
Рет қаралды 1 М.
Каха заблудился в горах
00:57
К-Media
Рет қаралды 10 МЛН