မုံကုံးရှိ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းနှစ်ခုကို ကိုးကန့်တပ်ဖွဲ့သိမ်းပိုက် | MAWKUN

  Рет қаралды 310

MawKun Magazine

MawKun Magazine

9 ай бұрын

မုံကုံးရှိ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းနှစ်ခုကို ကိုးကန့်တပ်ဖွဲ့သိမ်းပိုက်
ကိုးကန့် - ၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း)
ဒီကနေ့ အောက်တိုဘာ ၂၈ နေ့လယ်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့(MNDAA)ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းနှစ်ခုကို ထပ်ပြီးသိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်မီဒီယာကနေ ‌အသိပေးထားပါတယ်။
မုံးကိုးဒေသ ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်နေရာက အာဏာသိမ်းတပ်ရဲ့ စခန်းနဲ့ ရန်တော်ရှမ်းအိုင်လဆိုတဲ့နေရာက စခန်းနှစ်ခုဖြစ်ပြီး နေ့လယ်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
မနေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအောင်းတပ်ဖွဲ့ (TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) တို့နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကိုးကန့်ဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၃၀ ကျော် သိမ်းပိုက်ထားကြောင်း ကိုးကန့်ဘက်ကပြောပါတယ်။
ဒီကနေ့မှာ ကိုးကန့်တပ်ဖွဲ့က ကိုးကန့်ဒေသမှာရှိတဲ့ စစ်ဘက်၊ အရပ်ဘက်အဖွဲ့ဝင်တွေ လက်နက်ချပြီး အလင်းဝင်ဖို့ သတိပေးလိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ဆိုပါတယ်။
စစ်ရေးသတင်းတွေမှာဆိုရင် အာဏာသိမ်းစစ်တပ်ဘက်က တင့်ကားနှစ်စီးကို ကိုးကန့်တပ်ဖွဲ့ဘက်က ဖျက်ဆီးထားပြီး ဖမ်းဆီးရမိသူတွေနဲ့ စခန်းသိမ်းပွဲတွေမှာ ကျဆုံးတဲ့ အာဏာသိမ်းစစ်တပ်ဘက်က အလောင်းတွေကိုလည်း တွေ့နေရပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်အင်အားတွေ မနေ့ကတည်းက ဖြည့်တင်းနေသလို လေကြောင်းကနေလည်း တိုက်ခိုက်နေပြီး မြေပြင်ကနေ အတွဲလိုက်ပစ်မစ်ဆိုင်းဒုံးတွေ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်ပြီး ခုခံနေရပါတယ်။
ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ပြည်သူလူထုဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကိုးကန့်ဘက်ကတော့ ၁၀၀၀ လောက်ကို ဘေးကင်းရာကို ပို့ဆောင်ထားတယ်လို့ပြောပါတယ်။

Пікірлер
Little girl's dream of a giant teddy bear is about to come true #shorts
00:32
Fabiosa Animated
Рет қаралды 4,7 МЛН
Зачем он туда залез?
00:25
Vlad Samokatchik
Рет қаралды 3,2 МЛН
Дарю Самокат Скейтеру !
00:42
Vlad Samokatchik
Рет қаралды 8 МЛН
yangon protest @DVBLive
4:25
DVB TV News
Рет қаралды 14 М.
Myanmar pots protest against military coup
2:37
DVB TV News
Рет қаралды 3,4 М.
Family Guy Roasting Different Countries
17:29
BOB ROSS
Рет қаралды 13 МЛН
Little girl's dream of a giant teddy bear is about to come true #shorts
00:32
Fabiosa Animated
Рет қаралды 4,7 МЛН