မုန့်ကတိုးဝါ လုပ်နည်းလေးပါ Myanmar traditional snack

  Рет қаралды 18,017

Cook for K1

Cook for K1

Күн бұрын

မြန်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ မုန့်ကတိုးဝါလေးပါ။
မနက်ဟင်း‌စျေးတွေမှာ တခါတလေ ‌ရောင်းကြလေ့ရှိပါတယ်။ မုန့်လုပ်နည်းလေးက မြန်မာ့ရိုးရာ မုန့်လုပ်နည်းများစာအုပ်ထဲက အတိုင်း ပြန်လုပ်ထားပါတယ်ခင်ဗျာ။
မုန့်အစာသွပ်ရန်အတွက် ပဲလွန်းကို နို့ဆီဗူး တဝက်လောက် ရေဆေးပြီး ၁ ည ရေစိမ်ထားပေးပါ။ ရေခဲသေတ္တာထဲထည့်ပြီး စိမ်ထားတာတော့ ပိုကောင်းပါတယ်။ အခန်းအပူချိန်ဆို အခန့်မသင့်ရင် ချဉ်သွားတတ်ပါတယ်။ ရေစိမ်ထားတဲ့ပဲတွေကို ရေသန့်နဲ့ နူးအိတဲ့အထိ ပြုတ်ပေးပါ။ လက်နဲ့ဖိလိုက်လို့ ပျော့အိသွားရင် ရပြီဖြစ်ပါတယ်။ ပြီးရင် ရေစစ်ထားပေးပါ။ ပဲအနှစ်လုပ်ဖို့အတွက် မုန့်လုပ်ထန်းလျက် ၅ ခဲလောက်ကို ရေထည့်။ ဆားထည့် ပြီး ကျိုထား‌ပေးပါ။
ပြုတ်ထားတဲ့ပဲတွေကို ငရုတ်ဆုံနဲ့ ထောင်းလို့ရသလို ကြိတ်စက်နဲ့ ကြိတ်ပေးပါ။ ပြီးရင် ဒယ်အိုးထဲထည့်ပြီး ခုနက ကျိုထားတဲ့ ထန်းလျက်ရည်တွေပါ ထည့်ပြီး မီးအပူပေးပါ။ မိမိစိတ်ကြိုက်အချိုထည့်လို့ရပြီး ပဲနှစ်ပုံစံဖြစ်ပြီဆိုရင် ရပြီဖြစ်ပါတယ်။
မုန့်သားလုပ်ရန်အတွက် ကောက်ညှင်းကိုနို့ဆီဗူး ၂ ဗူး။ ဆန်မှု်န့ကို နို့ဆီဗူး ၄ ပုံ၁ပုံ ။
မုန့်ဖုတ်ပေါင်ဒါ - အနည်းငယ်
ဆား - အနည်းငယ်
ထည့်ပြီး အမှုန့်တွေကို နှံစပ်အောင်မွှေပေးပါ။
ပြီးရင် ‌ရေအေး သို့ ရေနွေးကို နို့ဆီဗူး ၁ ဗူးစာထည့်ပါ။ တခါတည်း အကုန်မထည့်ဘဲ ဖြည်းဖြည်းချင်းထည့်ပေးပါ။မုန့်သားပျော့ပျော့လေးရပြီဆိုရင် နာရီဝက်လောက်နှပ်ထားပေးပါ။
မုန့်လုံး‌ကြီးလုပ်သလိုပါပဲ. မုန့်သားကို တဆုပ်ယူပြီး ပဲနှစ်တွေထည့်ပေးပါ။ မုန့်ကတိုးဝါမှာ ပဲနှစ်လေးက ချိုချိုလေးဖြစ်နေမှ ပိုစားကောင်းပါတယ်။
ပြီးရင် မုန့်တွေကို ဆီနဲ့ မီးအားနည်းနည်းလေးပဲ ထားပြီး ကြော်ပေးပါ။ မီးအားပြင်းရင် ‌မုန့်ပေါက်တတ်ပါတယ်။
မုန့်က ကြော်ရင်းနဲ့ ပွလာပါလိမ့်မယ်။ မိမိစိတ်ကြိုက် အဝါရောင်ဖျော့ဖျော့ သန်းလာရင် ဆယ်ပြီး သုံးဆောင်နိုင်ပါပြီ.
အလွယ်တကူ အိမ်မှာလုပ်စားနိုင်တဲ့ မြန်မာ့ရိုးရာမုန့်လေးတခုလည်းဖြစ်ပါတယ်။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

Пікірлер: 45
Don't look down on anyone#devil  #lilith  #funny  #shorts
00:12
Devil Lilith
Рет қаралды 25 МЛН
Когда отец одевает ребёнка @JaySharon
00:16
История одного вокалиста
Рет қаралды 8 МЛН
မုန့်လင်မယားလုပ်နည်း
4:51
Myanmar Chef Recipe
Рет қаралды 2,4 М.
ကန်စွန်းဥမုန့်
6:50
Cook for K1
Рет қаралды 49 М.