Рет қаралды 1,126,881
"နိုင်ငံရေးအရမားမားမတ်မတ်ရပ်တည်ပြီး စစ်အုပ်စုကို ရပ်တန်းက ရပ်သွားအောင် ကြိုးစားပေးနိုင်တဲ့လုပ်ပိုင်ခွင့်ကို အထူးသံကိုမပေးထားဘူး။ ဘယ်လောက်ပဲတော်နေပစေ သူ့ရဲ့လုပ်ပိုင်ခွင့်ကိုနည်းနည်းပဲပေးထားပြီးတော့ ဒီလောက်ကြီးတဲ့စိန်ခေါ်မှုကြီးကိုဖြေရှင်းဖို့အတွက်တာဝန်ပေးတာကတော့ဘယ်လိုမှ အောင်မြင်စရာမရှိဘူး"
"ကုလအတွင်းရေးမှူးချုပ်က ဂါဇာ ယူကရိန်းချက်ချင်းသွားတယ်။ ဒါပေမဲ့ကျွန်မတို့နိုင်ငံကိစ္စကို တစ်ခါမှသူကိုယ်တိုင်ဖြေရှင်းတာ လာတာမတွေ့ရဘူး။ သူက ကြားထဲကနေ အထူးကိုယ်စားလှယ်ခန့်ပြီးမှ ကျွန်မတို့နိုင်ငံရဲ့ဆိုးရွားနေတဲ့ပြဿနာတွေကိုတစ်ဆင့်နှိမ့်ပြီးမှ သူ့ကိုကူမယ့်အကူတစ်ယောက်ထားပြီးမှ ဖြေရှင်းဖို့ လုပ်တဲ့ကိစ္စကို မကြိုက်ပါဘူး"
"ဘယ်သူမှမရှိတာထက်စာရင်ရှိတာကောင်းသလားပေါ့။ ဒါပေမဲ့ ဘာမှမလုပ်နိုင်ဘဲနဲ့ ခန့်ထားတဲ့ ဒီလူကို သွားစကားပြောနေရတာကတော့လက်တွေ့မကျဘူး။ အကျိုးမရှိဘူးလို့ မြင်ပါတယ်"
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ပထမဆုံးတံခါးဖွင့်အစည်းအဝေးက ဘာတွေထူးခြားသလဲ။ ဒီအစည်းအဝေးကနေ မြန်မာ့အရေးဖြေရှင်းဖို့ ဘယ်လိုလမ်းစတွေ ရှိလာသလဲ။ ဗီတိုအာဏာကိုင်ထားသူ တရုတ်နဲ့ရုရှားတို့ရဲ့ သံတမန်ရေးရာအကာအကွယ် ရရှိနေတဲ့ စစ်ကောင်စီကို ဘယ်လိုနည်းလမ်းတွေနဲ့ဖိအားပေးနိုင်မှာပါလဲ။ မနေ့က ခန့်အပ်လိုက်တဲ့မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံအသစ်က မြန်မာ့အရေး ဖြေရှင်းနည်းအသစ်တွေရော ယူဆောင်လာနိုင်မှာပါလား။ မြန်မာ့အရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားဆောင်ရွက်နေတဲ့ Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာနဲ့ မေးမြန်းချက် ရုပ်သံမှာကြည့်ပါ။
#ဘီဘီစီမြန်မာပိုင်း #ကုလသမဂ္ဂ #ပြည်တွင်းစစ် #လူ့အခွင့်အရေး #မြန်မာ