Рет қаралды 176,614
‘ကိုယ်က Single Mother ဖြစ်လို့ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာ မလိုဘူး။ ကိုယ် နဲ့ အဆင်မပြေတဲ့ လူကို အရမ်းသည်းခံပြီး လက်တွဲနေမယ့် အတူတူ ကိုယ့်ကိုယ်ကို လင်းလက် တောက်ပအောင် နေလို့ ရပါတယ်’ လို့ ပြောလာတဲ့ မန်းချောင်းသာ ပိုင်ရှင် မအင်ကြင်းငွေ နှင့် ခဏတာ။
မန်းချောင်းသာ Water Park မိသားစု မှ သိန်းသောင်းချီ အကုန်အကျခံပြီး ပြုလုပ်တဲ့ ဘုရား၊ မြေ၊ ကျောင်း ရေစက်ချ နှင့် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော် မင်္ဂလာကြီးကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မန္တလေး၊ ပုသိမ်ကြီးမြို့၊ နှမ်းကြဲကျေးရွာ အုပ်စု၊ အရှေ့ရိုးမတောင်ခြေ၊ အေးမြမြိုင် ကျောင်းတိုက်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။ သရုပ်ဆောင် အောင်ရေချမ်း၊ ရွှေစင်၊ ဒီဇိုင်နာ မျိုးမင်းစိုး တို့က ပါဝင်အားဖြည့် ကုသိုလ်ယူ ခဲ့ကြပါတယ်။
@MyanmarCelebrity Update: The Donation of Man Chaung Thar Water Park was held in Mandalay on December 15, 2023. #မန်းချောင်းသာ #ManChaungTharWaterPark #အောင်ရေချမ်း #မျိုးမင်းစိုး #ရွှေစင် #AungYayChan #MyoMinSoe #ShweSin #MyanmarCelebrityPromo #မန္တလေးမန်းချောင်းသာ