မြန်မာဇာတ်လမ်းတွဲကောင်း ချိန်ခွင်လျှာဘယ်ညာပြေး အလေးမခိုးကြေး အပိုင်း - (၁)

  Рет қаралды 96,638

Saung Nya Pyar Tho - ဆောင်းညပြာသို Entertainment

Saung Nya Pyar Tho - ဆောင်းညပြာသို Entertainment

Күн бұрын

ချိန်ခွင်လျှာဘယ်ညာပြေး အလေးမခိုးကြေး - Chain Kwin Shar Bal Nyar Pyay A lay Ma Khoe Kyay Episode - 1
မိတစ်ဆိုးလေးမို့လို့ ငယ်ငယ်ထဲက အလိုလိုက်ထားတဲ့ ❝ထူးထူး❞ နဲ့ ❝သွန်းသွန်း❞ မောင်နှမနှစ်ယောက်ဟာ စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ ထူးခြားလွန်းပါတယ်။ ထူးထူးကတော့ ယောကျ်ားလေးပီပီ အိမ်အလုပ်စိတ်မဝင်စား၊ တစ်နေကုန် ဖုန်းနဲ့မျက်နှာ မခွာဘဲ ဂိမ်းဆော့ရင်းသာ အချိန်ကုန်လေ့ရှိပြီး သွန်းသွန်းကတော့ မိန်းကလေးသဘာဝ အလှအပ အသန့်အပြန့်ကြိုက်ကာ ပွစိပွစိ ပြောတတ်တဲ့ ကောင်မလေး တစ်ယောက်ပဲဖြစ်ပါတယ်။ သွန်းသွန်းမှာ အလှဖန်တီးရှင် ❝သုထက်အိန္ဒြေ❞ ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိပြီး မောင်ဖြစ်သူကို မျက်စိကျနေတာကြောင့် ❝သုသု❞ဟာ အစ်မဖြစ်သူနဲ့တည့်အောင်ပေါင်းကာ အမြဲတမ်း အလှပြင် ခေါင်းလျှော်ပေးလေ့ရှိပါတယ်။
တစ်ရက်မှာတော့ ထူးထူးနဲ့ သွန်းသွန်းတို့အဖေက ရိပ်သာဝင်သွားပြီး အမွေကိစ္စခွဲဖို့ ဦးလေးဖြစ်သူ ❝ဦးပုစိ❞ကို အိမ်သို့ လွှတ်လိုက်ပါတော့တယ်။ အဖေဖြစ်သူရဲ့ဆန္ဒကတော့ အမွေအားလုံးထဲမှာ အိမ်ကိုမခွဲဘဲ မောင်နှမနှစ်ယောက် အတူနေထိုင်ပြီး ကျန်တဲ့ပစ္စည်းများကို အိမ်ထောင်အရင်ကျသူကို ပေးမည်ဟု မှာကြားခဲ့ပါတယ်။ ဒီလိုနဲ့ ထူးထူးကလည်း ပိုက်ဆံတွေ ဂိမ်းရှုံးတိုင်း အကြွေးတင်နေတာကတစ်ဖက် သွန်းသွန်းကလည်း အလှပြင်ဆိုင်ဖွင့်ဖို့ ငွေလိုနေတာဆိုတော့ သူ့ထက်ငါအပြိုင် အမွေလုရန် ရည်းစားရှာဖို့ ကြိုးပမ်းကြပါတော့တယ်။
- မောင်နှမနှစ်ယောက်ထဲမှာ ဘယ်သူက အရင်အိမ်ထောင်ကျမလဲ?
- အမွေကိစ္စနဲ့ပက်သက်ပြီး ဖခင်ဖြစ်သူရဲ့ဆန္ဒပြည့်အောင် လုပ်ဆောင်နိုင်ပါ့မလား?
- အချစ်စစ်နဲ့ရော တွေ့ဆုံနိုင်ပါ့မလားဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
မြန်မာရုပ်ရှင် ဇာတ်ကားကောင်းတွေကို ကြည့်ရှုဖို့ Saung Nya Pyar Tho - ဆောင်းညပြာသို Channel လေးကို Subscribe လုပ်ထားပေးနော်
_________________________________________
ရုပ်ရှင်ကို အစအဆုံး ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Saung Nya Pyar Tho - ဆောင်းညပြာသို ရဲ့ channel လေးကို Like and Subscribe လုပ်ပီး နောက်ထပ် video အသစ်တွေကို စောင့်မျှော်ကြည့်ရှုလို့ရပါပြီ ❤
#saungnyapyartho
#myanmarmovies
#myanmaractor
#myanmaractress
#film
#yoteshin

Пікірлер: 7
@MyowinNaing-bz3os
@MyowinNaing-bz3os Ай бұрын
မမသွန်းကအရမ်းချစ်ဘို့ကောင်း❤❤❤❤❤❤
@swesweaung-c4r
@swesweaung-c4r 20 күн бұрын
ချစ်ဖို့ကောင်းတဲ့ သွန်း
@user-un4ou9cr1s
@user-un4ou9cr1s Ай бұрын
တန်ဖိုးရှိတဲ့ ယောက်ျားဘဝကို တန်ဖိုးမထားဘဲ ကျော်ကြားမှု အောင်မြင်မှု ငွေကြေးရလိုမှုအတွက်နဲ့ ရှင်သန်ရတဲ့ဘဝ နှမြောစရာကောင်းလိုက်ပါဘိ ပေါ့ပေါ့လေးမတွေးနဲ့ နပုန်း ပဏ္ဍုတ် ဘဝဖြစ်ရတာ ဟာ ဘဝအဆက်ဆက်က အကုသိုလ်ကြောင့်ဆိုတာ မမေ့ဖို့လိုပါတယ် အနုပညာခေါင်းစဉ်အောက်မှာဝင်ပီး ကိုယ့်အရှက်ကိုဖော်ပြနေသလိုဖြစ်နေတာတောင်မသိမှတော့ ဘယ်မှာလဲ လူ့တန်ဖိုး
@youngnitun
@youngnitun Ай бұрын
ကျေးဇူးပါ
@aungwinkyaw4857
@aungwinkyaw4857 Ай бұрын
သွန်းသွန်း အရမ်းလှလာတယ်မမရေ ချစ်ဘို့ကောင်း
@Taemaymay906
@Taemaymay906 Ай бұрын
မယ်သုညည်းအေ မင်္ဂလာဆောင်ဝတ်စုံလေးတော့ အားနာပါအေ ဖိနပ်ကြီးက😂😂😂 ဟာသလုပ်မှန်းတော့သိပါတယ်😅
@KoKo-se6xp
@KoKo-se6xp 3 күн бұрын
မသိလို့ ပုလင်းကွဲရှတော့မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ😅😅😂
What will he say ? 😱 #smarthome #cleaning #homecleaning #gadgets
01:00
Фейковый воришка 😂
00:51
КАРЕНА МАКАРЕНА
Рет қаралды 6 МЛН
English or Spanish 🤣
00:16
GL Show
Рет қаралды 16 МЛН
Incredible Dog Rescues Kittens from Bus - Inspiring Story #shorts
00:18
Fabiosa Best Lifehacks
Рет қаралды 37 МЛН
A Picnic to Hlawgar with Neta  #Neta #brandambassador #evဆိုNeta
12:37
Alexander and Christopher
Рет қаралды 11 М.
အိုမားရေးတဲ့ ဖူးစာ" - The Series Episode - 1
31:31
Saung Nya Pyar Tho - ဆောင်းညပြာသို Entertainment
Рет қаралды 197 М.
What will he say ? 😱 #smarthome #cleaning #homecleaning #gadgets
01:00