Рет қаралды 202,083
စာပေဟောပြောပွဲ
ခေါင်းစဉ် - နတ်သမီး
ဟောပြောသူ - ဆရာဦးဘုန်း (ဓာတုဗေဒ)
နေရာ - စစ်ကိုင်း
နေ့စွဲ - ၃၀ ၈ ၂၀၁၁ (အင်္ဂါနေ့)
ဧရာဝတီဟာ မြန်မာပြည်ရဲ့ အသည်းနှလုံး
အသက်ဇီဝတို့ရှင်သန်ရာ ပင်မမြစ်ကြီးတစ်စင်း၊
ဧရာဝတီဟာ ကချင်ရေခဲတောင်တွေဆီကနေ အစပြုလို့
စပါးကျီမြစ်ဝကျွန်းပေါ်ဒေသအထိတိုင် ဖြတ်သန်းစီးဆင်း၊
ငါတို့နိုင်ငံတစ်ဝှမ်းလုံးကို
သိမ်းကျုံးထောက်ပံ့ကျွေးမွေးထားသူ၊
မြစ်ဆုံဟာ ဧရာဝတီရဲ့ မူလအရင်းအမြစ်တည်ရာ
သဘာဝတရားရဲ့ လက်ဆောင်မွန်တစ်ခု၊
ဧရာဝတီနဲ့ မြစ်ဆုံဟာ ရာစုနှစ်ပေါင်းများစွာ
ငါတို့ကို အထောက်အပံ့ပြုခဲ့တဲ့
ငါတို့ရဲ့ ကျေးဇူးရှင်ကြီးတွေ၊
ဧရာဝတီဟာ လူသန်းပေါင်းများစွာ စားသုံးဖို့ရာ
စပါးခင်းတွေကို စိမ်းမြစေခဲ့သူပါ၊
ဧရာဝတီဟာ ငါတို့နိုင်ငံအတွက်
စားရေရိက္ခာ ရေသတ္တဝါငါးတွေကိုလည်း
ထောက်ပံ့ပေးထားသူပါ၊
ဧရာဝတီဟာ ရေငတ်နေတဲ့
မိသားစုပေါင်း မြောက်မြားစွာကိုလည်း
ရေငတ်ပြေစေခဲ့သူပါ။
- Uploaded by Si Thu Hein
Subscribe Me - kzbin.info?su...
My Official Page - www.sithuhein.net
FB - / sithuhein.net