နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ ဆဌမနေ့“အကျင့်ပါသောယုံကြည်ခြင်း”

  Рет қаралды 82

Myo Khaing

Myo Khaing

Күн бұрын

နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ ဆဌမနေ့
“အကျင့်ပါသောယုံကြည်ခြင်း”
ဖတ်ရန်ကျမ်းချက် - ကမ္ဘာဦးကျမ်း ၁၅း၁-၆
“အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” ကမ္ဘာ ၁၄း၂၀
ဗျာဒိတ်တော်နှင့်ပဋိညာဉ်ကတိတော်လက်ခံရရှိခြင်း
မင်းလေးပါးကိုအောင်ပွဲရရှိခဲ့သော်လည်း ကတိတော်မှလွဲ၍ အာဗြံဘဝတွင် မြေကြီး(သို့)သားသမီးမရသေးပါ။ အမွေစား အမွေခံအဖြစ် ရည်မှန်းထားသည့် တူဖြစ်သူလောတကလည်းသူနှင့်ခွဲကာ ခါနန်ပြည်ပြင်ပတွင်နေသည်။ သူ့ကျွန် ဒမသက်မြို့သား ဧလျှာဇာကိုသာအမွေပေးရန် ကျန်တော့သည်။
စိတ်ဓာတ်ကျနေသော အာဗြံကို ဘုရားသခင်အပြစ်မတင်ပဲ၊
၁။ အားပေးသည် - “မစိုးရိမ်နှင့်၊ ငါသည်သင့်အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှပေ၏ (၁၅း၁ခ)”
၂။ ကတိတော်ကိုလေးနက်စေသည် - က) ကိုယ်မှ မွေးသောသားကိုအမွေပေးရမည်၊ ခ) အမျိုးအနွယ်ကို များပြားစေမည်။
၃။ နိမိတ်လက္ခဏာပေးခြင်၊ အားဖြင့် ရှိပြီးသားဂတိတော်ကို ထပ်မံအတည်ပြု၊ လေးနက်စေသည်။
အာဗြံက ရိုးရိုးသားသားမေးခွန်းများနှင့်တုံ့ပြန်သည်။ ဘုရားသခင်ကိုလူများက အပြစ်တင်သည့်ပုံစံမဟုတ်ပဲ၊ စုံစမ်းလို၍ အသနားခံမေးသော မေးခွန်းများကိုဘုရားသခင် လက်ခံသည်၊ ပြန်ဖြေသည်။ ဘုရားသခင်စကားကို အာဗြံ ယုံကြည်သည်။ “အာဗြံသည်ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏”(၁၅း၆)။
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည့် အချက်ကို ရှင်ပေါလုက အလေးအနက်ခံယူကာ ပြန်လည်ခွန်အားပေးထားသည် (ဂလာတိ၃း၆- ၁၄၊ ယာကုပ်၂။၂၄) ။ အာဗြံသည် အကျင့်(သို့)အလုပ်အားဖြင့် ကောင်းမြတ်စုံလင်သူမဟုတ်သော်လည်။ သူ၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ဘုရားသခင်လက်ခံသည်။ သူ၏ယုံကြည်ခြင်းကိုလည်း သူ့၏အသက်ရှင်ခြင်း (သို့)အလုပ်အားဖြင့် သက်သေပြုသည်။
ဆင်ခြင်ရန် - “အကျင့်ပါသောယုံကြည်ခြင်း” သည်ခရစ်ယာန်အသက်တာအတွက်အရေးပါသည်။
ဆုတောင်းရန် - သခင်ဘုရား ကျွန်ုပ်တို့အား ယုံကြည်ခြင်းအရာမှာ အားကြီးလျှက်၊ မိမိယုံကြည်ခြင်းကို မိမိအကျင့်အကြံ၊ အလုပ်အကိုင်၊ အပြုအမူအားဖြင့် သက်သေထူအကောင်အထည်ဖော်နိုင်သောသူများဖြစ်စေပါ။ အာမင်

Пікірлер: 1
@WYPaing-ud3oy
@WYPaing-ud3oy 3 ай бұрын
x
ဘုရားပွဲတော် သွားစို့နော် - မင်းလူ
44:45
Nway Oo Narathein နွေဦးနရသိန်
Рет қаралды 4,3 М.
Brawl Stars Edit😈📕
00:15
Kan Andrey
Рет қаралды 46 МЛН
when you have plan B 😂
00:11
Andrey Grechka
Рет қаралды 62 МЛН
သင်းအုပ်ဆရာဦး​စောလွန်ကြည် (၂၇.၆.၂၀၂၄ ကြာသပ​တေး​နေ့)
11:35