နာမည်ကြီး ဝက်သားဟင်းချက်နည်း | Tamarind Pork Curry

  Рет қаралды 971,417

Phyu Home Cooking

Phyu Home Cooking

Күн бұрын

တစ်ခါစားဖူးတာနဲ့ တစ်သက်လုံးစွဲလမ်းသွားစေမယ့် ဝက်သားဟင်းချက်နည်းလေးပါ။
စားဖူးသမျှဝက်သားဟင်းတွေထဲမှာ အကောင်းဆုံးပဲလို့ ပြောရတဲ့အထိကိုနာမည်ကြီးတဲ့ ကျမအဖွားရဲ့ ဝက်သားဟင်းချက်နည်းလေးဖြစ်ပါတယ်။
ပုံမှန်ဝက်သားဟင်းတွေထက် အနံ့ အရသာပါ တမူထူခြားပြီး ထမင်းအရမ်းမြိန်စေတဲ့ ဟင်းကောင်းလေးတစ်ခွက်ဖြစ်လို့ ချက်စားကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ဘုန်းကြီးဆွမ်းပဲကပ်ကပ်၊ အလှူပဲလုပ်လုပ် ဘယ်နေရာမှာမဆို ဒီဟင်းလေးက စားဖူးတဲ့သူတိုင်း အရမ်းကြိုက်ကြတဲ့ နာမည်ကြီးဟင်းလေး ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်
👇👇👇👇👇
/ @phyuhomecooking
----------------------------------------------------
လွယ်ကူရိုးရှင်း အိမ်ချက်ဟင်းလျာများ
ကြက်မွကြော် အလွယ်လုပ်နည်း
• ကြက်သားမွကြော် အလွယ်လု...
ငါးသေတ္တာဗူးနဲ့ မုန့်ဟင်းခါးချက်စားရအောင်
• မုန့်ဟင်းခါး အိမ်ချက် ...
ပုသိမ်ဟာလဝါ မာမာလေးထိုးနည်း
• ပုသိမ် ဟာလဝါ မာမာလေးထိ...
ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း
• ဆေးဖက်ဝင် ရှောက်ယိုထို...
ကတ်ကြေးကိုက် အလွယ်ကြော်နည်း
• ကတ်ကြေးကိုက်ပုံစံတူ ညှ...
အရမ်းစားကောင်းတဲ့ ကြက်ဥမွှေကြော်
• ကြက်ဥမွှေကြော် အိအိထွေ...
အသီးအရွက်တွေ ကြာရှည်ခံအောင်
• Frozen Vegetablesတွေ အ...
----------------------------------------------------
Music From:
--------------------
Audio Library
----------------------------------------------------
🙏🙏🙏
Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ...
🙏🙏🙏
#pork #porkcurry #porkrecipe #tamarind #curry #dishes #ဝက်သားဟင်း #ဝက်သားဆီပြန် #ဝက်သားမန်ကျည်းသီးအနှစ်ချက် #braisedpork #gravycurry
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef

Пікірлер: 417
@aungmon3984
@aungmon3984 Ай бұрын
ဝက်သားကို ဒီလိုပုံစံချက်နည်းလေး တစ်ခါမှ မချက်ဖူးပါဘူး..။ စားလို့ကောင်းမယ့်ပုံစံပါဘဲ...။ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်..❤
@phyuhomecooking
@phyuhomecooking Ай бұрын
တကယ်စားကောင်းလို့ ချက်စားကြည့်ပါရှင် 😊😊😊
@boltbro5920
@boltbro5920 Ай бұрын
WoW 😍😍 👍
@phyuhomecooking
@phyuhomecooking Ай бұрын
😊😊😊
@NaingNaingOo-o9g
@NaingNaingOo-o9g 23 күн бұрын
ခင်များတို့အဖွားခေတ်မှာကြက်သားမှုန့်ပေါ်နေပီလား
@jijicookies
@jijicookies 5 ай бұрын
ခနခနဖွင့်မကြည့်ခင် ဘယ်နှမိနစ်ထားပီးမှမွှေရလဲကြက်သွန်ကြေအောင်
@phyuhomecooking
@phyuhomecooking 5 ай бұрын
မီးအေးအေးနဲ့ ၂ မိနစ် - ၃ မိနစ်လောက် ထားပြီးရင် မွှေပေးလို့ရပါတယ်ရှင့်။ ဝက်သားက ရေမထွက်ဘူးဆိုရင်တော့ တောက်လျှောက်မွှေပေးပါနော်။အောက်က တူးမှာစိုးလို့ပါ။😊😊😊
@nyinyisoe219
@nyinyisoe219 Жыл бұрын
မဆလာ မထည့်ရဘူးလားလို့ ဝက်သားက
@phyuhomecooking
@phyuhomecooking Жыл бұрын
မဆလာမကြိုက်ရင် မထည့်လို့ရပါတယ်ရှင့်။ ဝက်ကလယ်ချက်မှာဆိုလည်း ဝက်သားကို မဆလာနဲ့ချက်ကြပါတယ်။ အားပေးလို့ ကျေးဇူးပါ 😍😍😍
@myintzaw199
@myintzaw199 Жыл бұрын
အရသာရှိလားမရှိလာတော့မသိဘူး ချက်ထားတာတော့ အရမ်းကိုစားကောင်းမှာနော်
@phyuhomecooking
@phyuhomecooking Жыл бұрын
စားလို့အရမ်းကောင်းပါတယ်ရှင့်။ အားပေးလို့ ကျေးဇူးပါ 🥰🥰🥰
@vanthiang6014
@vanthiang6014 Жыл бұрын
ချက်ကြည့်ပြီးပြီ စားလို့အရမ်းကောင်းပါတယ် မျှဝေပေးလို့ကျေးဇူးပါ
@phyuhomecooking
@phyuhomecooking Жыл бұрын
အခုလိုကြားရလို့ ဝမ်းသာပါတယ်ရှင့်။ အားပေးလို့ ကျေးဇူးပါ🥰🥰🥰
@NweNweAye-tp2mz
@NweNweAye-tp2mz 5 ай бұрын
ကျေးဇူးပါ
@HninHninSwe-q4o
@HninHninSwe-q4o Ай бұрын
ဝက်သားကိုမဆလာထည့်ပြီးတခါမှမစားဘူးသေးဘူး... ချက်စားကြည့်အုန်းမယ်...
@phyuhomecooking
@phyuhomecooking Ай бұрын
ဟုတ်တယ်ရှင့်။ မဆလာက မကြိုက်ရင်လည်း မထည့်လို့ရပါတယ်။ ဝက်သားကို ကုလားမဆလာထည့်ချက်တော့ မဆလာနံ့ သင်းသင်းလေးနဲ့ စားလို့တစ်မျိုးကောင်းပါတယ်။😊😊😊
@NyiNyi-pv2kr
@NyiNyi-pv2kr Жыл бұрын
ကြည့်ပြီးသရေတောင်ကျတယ်ဝက်သားကြိုက်သူပါဖြူရေ😋😋😋
@phyuhomecooking
@phyuhomecooking Жыл бұрын
အတူတူပါပဲရှင်။ 😘😘😘
@sandar2019-c3w
@sandar2019-c3w 9 ай бұрын
မဆလာက တရုတ်မဆလာလား, ဆိတ်သား​ချက်တဲ့ကုလား​လေးမဆလာအမျိုးစားပါလားရှင် ​ကျေးဇူးတင်ပါတယ်
@phyuhomecooking
@phyuhomecooking 9 ай бұрын
ကျမကတော့ ကုလားမဆလာရိုးရိုး လူတိုင်းအသုံးများတဲ့ ဟင်းမွှေးမဆလာကိုပဲ သုံးထားပါတယ်ရှင့်😊😊😊
@sandar2019-c3w
@sandar2019-c3w 9 ай бұрын
​ကျေးဇူးတင်ပါတယ် ချက်စားကြည့်ပါတယ်၊ အရမ်း​ကောင်းလို့ အိမ်ကကြိုက်ကြပါတယ်။🙂🙂🙂
@memephyu
@memephyu Жыл бұрын
စားချင်စရာကြီး ကြည့်ရတာ သွားရည်တောင်ကျတယ် 😋
@phyuhomecooking
@phyuhomecooking Жыл бұрын
အရမ်းစားကောင်းလို့ ချက်စားကြည့်ပါရှင်။ 🥰🥰🥰
@htetnay3308
@htetnay3308 Жыл бұрын
အရမ်းကောင်းပါ လှူပွဲဟင်းကြနေတာပဲဗျာ ကျေ‌ဇူးနော် မမရေ ❤❤❤
@phyuhomecooking
@phyuhomecooking Жыл бұрын
အားပေးလို့လည်း ကျေးဇူးပါရှင်။ 😊😊😊
@Warwar-fu2gu
@Warwar-fu2gu 2 ай бұрын
ခုချက်နေတာငရုတ်ကောင်းတမျိုးပဲမပါတာ❤❤❤❤အရမ်းကောင်းသုံးထပ်သားလေးနဲ့မကျဉ်းရွက်ဟင်ချိုနဲ့ရှယ်မိုက်❤❤
@phyuhomecooking
@phyuhomecooking 2 ай бұрын
ငရုတ်ကောင်းက မကြိုက်ရင်မထည့်လို့ရပါတယ်ရှင်။ ကြားရတာနဲ့တင် စားချင်နေပါပြီရှင်😊😊😊
@tinayeZan
@tinayeZan 6 ай бұрын
မရမ်းပြားနဲ့လဲချက်ကြည့်ပါ မွှေးပြီးစားကောင်းပါတယ်
@phyuhomecooking
@phyuhomecooking 6 ай бұрын
ဟုတ်ကဲ့ နောက်တခါ ချက်စားကြည့်ပါမယ်ရှင်😊😊😊
@Juliahaukhek
@Juliahaukhek 11 ай бұрын
မဆလာက တရုတ်မဆလာလား၊ အမဲသားကိုပဲ မဆလာထည့်ချက်ဖူးပါတယ်၊ ဝက်သားကိုတော့ မဆလာထည့်မချက်ဖူးဘူး။
@phyuhomecooking
@phyuhomecooking 11 ай бұрын
ကုလားမဆလာပါရှင်။ 😊😊😊
@xtetmyatthu3663
@xtetmyatthu3663 9 ай бұрын
၀က်သား 25 သားလောက်ဆို မကျည်းရည်ဘယ်နှစ်စွန်းထည့်ရလဲမင်မင် ကြက်သွန်နီဥဘယ်လောက်လောက်သုံးရမလဲ ပြောပြပေးပါလား
@phyuhomecooking
@phyuhomecooking 9 ай бұрын
၂၅ ကျပ်သားဆိုရင် ကြက်သွန်နီ ၃ ဥ လောက်ထည့်ပါနော်။ မန်ကျည်းရည်ကတော့ အပျစ်အကျဲပေါ် မူတည်ပြီး ချိန်ထည့်ပါနော်။ တစ်ဇွန်းလောက်အရင်ထည့်ကြည့်၊ အရသာမြည်းပြီးလိုအပ်ဆိုမှ ထပ်ထည့်ပါနော်။ စားကောင်းပါစေရှင် 😊😊😊
@shingyi530
@shingyi530 7 ай бұрын
ပြောရမှာ ဂုဏ်လဲယူပါတယ် ရှက်လည်းရှက်ပါတယ် 😅 ငံပြာရည်လဲမပါဘူး ထန်းလျှက်လဲမပါဘူး ကြက်သားမှုန့်လဲမပါဘူး ကြက်သွန်နီက ၄ လုံးဘဲရှိတယ် တော်သေးတယ် အချိုဓာတ်လေးက သကြားကယ်သွားလို့ ချက်ပီးတော့ မကောင်းဘူးထင်တာ အကုန်ကြိုက်ကြတယ် 😁😁
@phyuhomecooking
@phyuhomecooking 6 ай бұрын
ဟုတ်ကဲ့ ကြိုက်ကြတယ်ဆိုလို့ ဝမ်းသာပါတယ်ရှင့်။ ဒီကာလမှာတော့ အကုန်လုံး ဒီလိုပါပဲရှင်။ ဘာပဲဖြစ်ဖြစ် စားကောင်းဖို့က အဓိကပဲ မဟုတ်လားနော်။😊😊😊
@shingyi530
@shingyi530 6 ай бұрын
များများတင်ပေးပေးပါဗျ အားပေးနေပါတယ် ဗဟုသုတလဲရပါတယ်
@phyuhomecooking
@phyuhomecooking 6 ай бұрын
ဟုတ်ကဲ့ ကြိုးစားပါ့မယ်ရှင်။ အားပေးလို့လည်း ကျေးဇူးပါရှင်။🥰🥰🥰
@thetthet7166
@thetthet7166 5 ай бұрын
မဆလာကတရုတ်မဆလာလား
@soenaing6228
@soenaing6228 4 ай бұрын
​p
@holyflower5881
@holyflower5881 Жыл бұрын
ချက်စားမယ်မဖြူရေကျနော်ကအိမ်မှာဆိုစာဖိုမူးလုပ်နေရတာငယ်ငယ်တည်းကကျေးဇူးပါနည်းလေးသိရလို့
@phyuhomecooking
@phyuhomecooking Жыл бұрын
ဟုတ်ကဲ့ အားပေးလို့ကျေးဇူးပါရှင် 🥰🥰🥰
@ayesandarpyae3747
@ayesandarpyae3747 11 ай бұрын
၀က်သားက ရေအဲ့လောက်ထွက်လားဟင် အဖုံးမဖွင့်နဲ့ဆိုလို့ မဖွင့်ပဲထားထားတာ တူးသွားတယ် ရေလည်းမထွက်ဘူး
@phyuhomecooking
@phyuhomecooking 11 ай бұрын
ရေထိုးထားတဲ့ အသားဆို ရေထွက်တာများတယ်။ ရေလွတ်တဲ့အသားဆိုရင်တော့ အများကြီးမထွက်ဘူး ညီမ​ရေ။ အစစ အရာရာစျေးကြီးနေတဲ့ကာလမှာ ဟင်းအိုးလေးတူးသွားလို့ စိတ်မကောင်းပါဘူးရှင့်။ နောက်တခါ အဆင်ပြေပါစေနော်😘😘😘
@paxely19990
@paxely19990 2 ай бұрын
အမ မီးအေးအေးလေးဆိုတာ ဘယ်လိုထားရမလဲ‌ဗျ ၊ တကယ်မသိလို့ပါ😢
@phyuhomecooking
@phyuhomecooking 2 ай бұрын
ကျမကတော့ ၆၀၀ လောက် ထားပါတယ်ရှင်။ 😊😊😊
@myatchal2478
@myatchal2478 11 ай бұрын
အချိုမုန့်သာမထည့်တာ..ဟဟ.ကြက်သားမုန့်လည်းချို ကြာညို့လည်းချို ကြက်သွန်နီလည်း ချို.အမ​လေး​တော်ပါပြီ..အချိုမကြိုက်တဲ့ကျမအတွက်​တော့အဆင်မ​ပြေဘူး..😂😂
@SaiSai-hp3sd
@SaiSai-hp3sd Жыл бұрын
ထမင်းမစားချင် ဒါကြည့်ရင် ဗုိက့်ဆာလာပြီ ကျေးဇူးပါ😁
@phyuhomecooking
@phyuhomecooking Жыл бұрын
😍😍😍
@DawKhinMohMohLwin
@DawKhinMohMohLwin 2 ай бұрын
သထုံ၊မော်လမြိုင်ချက်လေးနော်အရမ်းကြိုက်ပါတယ်သမီးရေ❤❤
@phyuhomecooking
@phyuhomecooking 2 ай бұрын
ဟုတ်ပါတယ်ရှင့်။ ကျမရဲ့ အဖွားက သထုံကပါရှင်🥰🥰🥰
@shineshine1168
@shineshine1168 10 ай бұрын
ချကိစားကြညိ့ppကောင်းတယ် မအီဘူး ကျေးဇူးပါအမ
@phyuhomecooking
@phyuhomecooking 10 ай бұрын
😊😊😊
@wahwahshwe7063
@wahwahshwe7063 3 ай бұрын
ချက်ကြည့်ပြီးပြီ စားကောင်းတယ် မျှဝေပေးလို့ကျေးဇူးတင်ပါတယ်
@phyuhomecooking
@phyuhomecooking 3 ай бұрын
ဟုတ်ကဲ့ ခုလိုလေး ကြားရတာဝမ်းသာပါတယ်ရှင်😊😊😊
@ThandarSoe-f2o
@ThandarSoe-f2o Ай бұрын
မဆလာက တရုပ်မဆလာလား ကုလားမလားရှင့်
@phyuhomecooking
@phyuhomecooking Ай бұрын
ကုလားမဆလာပါရှင်။ 😍😍😍
@ThiriThiri-fb1cl
@ThiriThiri-fb1cl 6 ай бұрын
အခုပဲလိုက်ချက်ကြည့်တာအရမ်းအရမ်းစားကောင်းတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်😊
@phyuhomecooking
@phyuhomecooking 6 ай бұрын
အခုလိုလေးပြန်ကြားရလို့ ဝမ်းသာပါတယ်ရှင့်။ 😊😊😊
@AungThit-w7p
@AungThit-w7p Жыл бұрын
စိတ်က မသန့်ရင် ခန္ဓာကိုယ်က ယားတယ်. အစားအသောက် လည်း အဲလိုပဲ / အော်ကလီဆန်တယ် (အန်ထုတ်လိုက်မှသက်သာတယ်) လူရှေ့သူရှေ့တော့.မလုပ်ကောင်းဘူးပေါ့။ မလွယ်ဘူးနော်/အဲဒီဖြစ်ရပ်တွေ။
@cowboykoko2502
@cowboykoko2502 Жыл бұрын
အဖွားတို့ခတ်ကလက်အိပ်မရှိသေဘူးအမ
@BaBaGyi-zg8gk
@BaBaGyi-zg8gk 9 ай бұрын
ဇီးဖြူသီးခြောက်အနဲငယ်ထည့်ချက်ရငိပိုစားကောင်းပါ၏
@phyuhomecooking
@phyuhomecooking 9 ай бұрын
ဟုတ်လားရှင့်။ နောက်တခါဆို အဲ့လိုလေးချက်ကြည့်ပါမယ်နော်။ ကျေးဇူးပါရှင် 😊😊😊
@TunTun-yc8xd
@TunTun-yc8xd Ай бұрын
မဆလာက ကုလားဟင်းချက်မဆလာလား ခင်ဗျ
@phyuhomecooking
@phyuhomecooking 29 күн бұрын
ကုလားမဆလာပါရှင့်။ ဟင်းမွှေးမဆလာ အမျိုးအစားကို သုံးထားပါတယ်ရှင်🥰🥰🥰
@yinyinsoe-w1i
@yinyinsoe-w1i 2 ай бұрын
ဝက်သားကို မဆလာထည့်တယ်ဆိုကတည်းက နေတော့ တရုတ်သားနဲ့ ကုလားမဆလာဘာဆိုင်လဲကွယ်
@thannyunt9641
@thannyunt9641 10 ай бұрын
မကျီးသီးနှစ်ကခရမ်းချဉ်သီးအစားထဲ့တာပေါ့နော်၊ကျေးဇူးပါ၊
@phyuhomecooking
@phyuhomecooking 10 ай бұрын
ခရမ်းချဉ်သီးနဲ့ချက်ရင်လည်း စားလို့ကောင်းပါတယ်။🥰🥰🥰
@ngenge9821
@ngenge9821 2 ай бұрын
မဆလာကတရာတ်မဆလာလားကုလားမဆလာလားရှင့်
@phyuhomecooking
@phyuhomecooking 2 ай бұрын
ကုလားမဆလာ သုံးထားပါတယ်ရှင်။ 😊😊😊
@kyikyi6684
@kyikyi6684 Жыл бұрын
ဘိတ်ကချက်တာလဲအတူတူပါဘဲ့ရှင်မေမေကိုလွမ်းမိတယ်
@phyuhomecooking
@phyuhomecooking Жыл бұрын
ဟုတ်ကဲ့ပါ မရေ။ အားပေးလို့ ကျေးဇူးပါရှင် 😍😍😍
@jackyaung8336
@jackyaung8336 8 ай бұрын
ကြက်သားမှုန့် ထည့်ကတည်းက အဖွားရဲ့နည်း မဟုတ်တော့ဘူး။
@sailaokham3296
@sailaokham3296 Ай бұрын
မဆလာက ဘုတ်ဆုံမထည့်ရမှာလား ကုလားလေး ထည့်ရမှာလားဗျ
@phyuhomecooking
@phyuhomecooking Ай бұрын
ကြိုက်တဲ့ ကုလားမဆလာ ထည့်လို့ရပါတယ်ရှင့်😊😊😊
@kofainfu5327
@kofainfu5327 11 ай бұрын
ဆိတ်သားလဲ အဲ့လိုချက်ရင်ကောင်းမဲ့ပုံပဲ၊မဆလာတော့ ပြောင်းရမယ်ထင်တယ်
@sunflower8052
@sunflower8052 Жыл бұрын
ဒီနည်းမသုံးဖူးသေးဘူး ချက်ကြည့်မယ် အတော်စားကောင်းမယ့်ပုံပဲ
@phyuhomecooking
@phyuhomecooking Жыл бұрын
အရမ်းစားကောင်းပါတယ်။ ချက်စားကြည့်ပါရှင် 😍😍😍
@nawlay4758
@nawlay4758 3 ай бұрын
အရမ်းစားလိုကောင်းတယ်ချက်စားတာကျေးဇူပါ
@phyuhomecooking
@phyuhomecooking 3 ай бұрын
ခုလိုကြားရလို့ဝမ်းသာပါတယ်ရှင့်😍😍😍
@ThanAung-g9o
@ThanAung-g9o 11 ай бұрын
၀က်ဆိုတာအဆီ အခေါက်မပါပဲချက်ရင် ၀က်သားဟင်လို့မပြောပါနဲ့😂😂😂
@Lungsaw22
@Lungsaw22 Жыл бұрын
မန်ကျီးအစားသံပုရာရလားဗျပြီးတော့အချိုဓာတ်တွက်သကြားနီသုံးလို့ရလားဗျ
@phyuhomecooking
@phyuhomecooking Жыл бұрын
မန်ကျည်းသီးအစား မရမ်းပြားသုံးလို့ရပါတယ်ရှင်။ သကြားလည်းသုံးလို့ရပါတယ်။ 😍😍😍
@drsawzayarnaing5723
@drsawzayarnaing5723 3 ай бұрын
ချက်စားကြည့်တာအရမ်းကောင်းတယ်ဗျို့
@phyuhomecooking
@phyuhomecooking 3 ай бұрын
ဟုတ်ကဲ့ ခုလိုလေးကြားရတာ ဝမ်းသာပါတယ်ရှင့်။ 😊😊😊
@ThanWynn-y6o
@ThanWynn-y6o 4 ай бұрын
ဝက်သားက သူ့ဟာသူ အရည်ထွက်မလာဖူး... တူးသွားပြီ 😅
@kyawsan9825
@kyawsan9825 Жыл бұрын
အစ်မရေ အစကတည်းက အချဉ်ထည့်ချက်တာဝက်သားက အနူးမကြာဘူးလာူ
@phyuhomecooking
@phyuhomecooking Жыл бұрын
ကျမကတော့ နူးဖို့ကြာတဲ့ အသားတွေချက်တိုင်း အနူးမြန်အောင် လျှာလကာရည်၊ သံပုရာရည်၊ ဒိန်ချဥ် ၊ မန်ကျည်းရည် စသဖြင့် အချဥ်ဓာတ် ပါတာ တစ်ခုခု အမြဲထည့်ချက်ပါတယ်။ အသားလည်းပိုနူးညံ့သွားသလို အနူးလည်းမြန်ပါတယ်။ ဒါပေမယ့် ကိုယ်က အစကတည်းက အချဥ်ထည့်ချက်တာမကြိုက်ရင် နောက်မှထည့်လို့လည်းရပါတယ်။ ကိုယ့်စိတ်ကြိုက် အဆင်​ပြေသလို ချက်လို့ရပါတယ်ရှင်။ အားပေးလို့ ကျေးဇူးပါရှင် 😍😍😍
@AungKhant-os7id
@AungKhant-os7id 3 ай бұрын
မနေ့ကချက်ထားတာခုလိုမျိုးချက်ထားတယ်တအားစားကောင်းတယ်
@phyuhomecooking
@phyuhomecooking 3 ай бұрын
ဟုတ်တယ်ရှင့်။ ဒီလိုချက်တဲ့နေ့ဆို ထမင်း ၂ ပန်းကန် အနည်းဆုံးပဲ😊😊😊
@minnkhant737
@minnkhant737 11 ай бұрын
မဆလာတော့ အတော် သုံးတယ်နော် အမတို့က နယူးဒေလီက လား?😂
@moesatmin8084
@moesatmin8084 5 ай бұрын
ချက်နေရင်းနဲ့အရမ်းမွှေးလာတယ် ခနနေကျက်တော့မယ်
@phyuhomecooking
@phyuhomecooking 5 ай бұрын
ဟုတ်ကဲ့ စားကောင်းပါစေရှင် 🥰🥰🥰
@ThandarSoe-f2o
@ThandarSoe-f2o Ай бұрын
မဆလာက တရုပ်မဆလာလား ကုလားမလားရှင့်
@arkar5275
@arkar5275 8 ай бұрын
ဝက်သားကထွက်တဲ့အရည် ဆူပြီးဆို ဘန မိနစ်လောက်ကြာလဲဗျ
@Tintshunn111
@Tintshunn111 2 ай бұрын
မဆလာက ဝက်သားမဆလာလား
@phyuhomecooking
@phyuhomecooking Ай бұрын
ကုလားမဆလာ သုံးထားပါတယ်ရှင်။ အလွယ်တကူဝယ်လို့ရတဲ့ ဟင်းမွှေးမဆလာ ပါရှင်။ 😊😊😊
@Myakyarphyu-w7t
@Myakyarphyu-w7t 7 ай бұрын
ရေအထည့်လ်ုက်တာ ဂျိုးတူးသွားလို့ဗျို့
@phyuhomecooking
@phyuhomecooking 7 ай бұрын
ဟုတ်လားရှင်။ ရေမထိုးထားတဲ့ အသားမို့ထင်ပါတယ်။ ကျမအဲ့ဒါလေးထည့်ပြောဖို့ ကျန်သွားတယ်။ sorry ပါရှင်😢😢😢
@kyikyisan1164
@kyikyisan1164 Жыл бұрын
ချက်နည်းလေးတင်ပေးတာ ကျေးဇူးပါအဲလိုချက်ကြညမ့မယ်နည်းတမျိုးရတာပေါ့
@phyuhomecooking
@phyuhomecooking Жыл бұрын
ဟုတ်ကဲ့ ချက်စားကြည့်ပါရှင် 🥰🥰🥰
@BodSt-tl9mc
@BodSt-tl9mc 3 ай бұрын
ကြက်သွန်နီကတော်တော်နဲ့မကြေဘူးဖြစ်နေတယ်အမ
@phyuhomecooking
@phyuhomecooking 3 ай бұрын
အဖုံးလေးပိတ်ပြီး မီးအေးအေးလေးနဲ့ ချက်ပါနော်။ 😊😊😊
@DeeDee-go8nj
@DeeDee-go8nj 4 ай бұрын
ဟင်းတစ်အုီးနဲ့တင် ၂နာရီလောက် ကြာနေပီ
@DarkKnight-fc3cm
@DarkKnight-fc3cm Жыл бұрын
ဟင်းချက်ပစ္စည်းပါဝင်ပစ္စည်းအစုံလင်အမျိုးအမည်များသိချင်ပါတယ်ခင်ဗျ ဘာတွေဝယ်ထားရင်ကိုယ်တိုင်ချက်ပြုတ်လို့ရလဲခင်ဗျအဆောင်မှာမို့ဆားအချိုမှုန့်ဆီဘဲရှိလို့ပါ😭😭😭
@phyuhomecooking
@phyuhomecooking Жыл бұрын
ဆား၊ ကြက်သားမှုန့်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း ၊ နနွင်း၊ ငရုတ်သီးအစိမ်းမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်း၊ မဆလာ စတာတွေက ဟင်းချက်တဲ့အခါတိုင်း အသုံးများတဲ့ ပစ္စည်းတွေပါရှင်။ ကျန်တာကတော့ ကိုယ်ချက်မယ့် ဟင်းအမျိုးအစားပေါ်မူတည်ပြီး လိုအပ်မှဝယ်ပါရှင်။ အဆင်ပြေပါစေ😍😍😍
@DarkKnight-fc3cm
@DarkKnight-fc3cm Жыл бұрын
ဟုတ်ကဲ့ခင်ဗျ ဘာတွေဝယ်ထားရင်ကောင်းမလဲမသိလို့ခင်ဗျခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ😍😍😍
@aungminning-cv8jp
@aungminning-cv8jp Жыл бұрын
ကြိုက်တယ်ဝယ်စရာပိုက်ဆံမရှိလို့ကူညီပါလား
@ThandarSoe-f2o
@ThandarSoe-f2o Ай бұрын
ထန်ညက်ရည်အစား သကြားထည့်လို့ရလားရှင့်
@phyuhomecooking
@phyuhomecooking Ай бұрын
သကြားထည့်လို့ရပါတယ်ရှင်။ 😊😊😊
@zmn1874
@zmn1874 9 ай бұрын
ပဲငံပြာရည်ဆီုတာကြာညို့ကိုပြောတာလားဗျ
@phyuhomecooking
@phyuhomecooking 9 ай бұрын
ဟုတ်ပါတယ်ရှင့်။ 😊😊😊
@aungminoo7655
@aungminoo7655 10 ай бұрын
လုံးချက်ကြီး တွေ မမိုက်ပါဘူး လုံး၀မကြိုကါ
@KK-zz4fi
@KK-zz4fi 5 ай бұрын
ကြည့်ရင်းနဲ့ ဗိုက်ပါဆာလာတယ်😋
@phyuhomecooking
@phyuhomecooking 5 ай бұрын
😁😁 အရမ်းစားကောင်းလို့ ချက်စားကြည့်ပါနော်😊😊
@kaythilwin3913
@kaythilwin3913 5 ай бұрын
‌ဟုတ် ကျေးဇူးတင်ပါတယ် ချက်စားကြည့်မယ်ရှင့်😊
@phyuhomecooking
@phyuhomecooking 5 ай бұрын
ချက်စားကြည့်ပါရှင် 🥰🥰🥰
@hninwuttyee9669
@hninwuttyee9669 9 ай бұрын
ဝက်သားဟင်းက မဆလာထည့်ချက်လို့ရလို့လား
@phyuhomecooking
@phyuhomecooking 9 ай бұрын
​မော်လမြိုင်ဘက်က ချက်တဲ့နည်း​ပါရှင့်။ မဆလာနံ့သင်းသင်းလေးနဲ့စားလို့ကောင်းပါတယ်။😊😊😊
@NwayNwayHlaing-f9t
@NwayNwayHlaing-f9t Жыл бұрын
ဝက်သားနေရာမာ အမဲသားပြောင်းချက်လို့ရလား
@phyuhomecooking
@phyuhomecooking Жыл бұрын
ရပါတယ်ရှင် 🥰🥰🥰
@Myanmar.2004
@Myanmar.2004 Жыл бұрын
အဖွားနာမည်လေးပြောပါလား နာမည်ကြီးဆိုလို့ပါ
@geniushtet8957
@geniushtet8957 Жыл бұрын
နာရီဝက်လောက်မီးအေးအေးနဲ့ထားလိုက်တာမီးတူးသွားတယ်ဗျာ
@paingpaing2971
@paingpaing2971 2 ай бұрын
မနက်ဖြန်ကျရင် ချက်စားပါ့မယ်ဗျိုးးးးးးးး
@phyuhomecooking
@phyuhomecooking 2 ай бұрын
ဟုတ်ကဲ့ပါရှင့် 😊😊😊
@TinMoeYi-ub4cr
@TinMoeYi-ub4cr 14 күн бұрын
ချက်စားကြည့်တော့မယ်ကျေးဇူးပါ
@phyuhomecooking
@phyuhomecooking 12 күн бұрын
ဟုတ်ကဲ့ ချက်စားကြည့်ပါရှင် 😊😊😊
@MgKhaing-k8p
@MgKhaing-k8p 6 ай бұрын
မဆလာကနှစ်ခါထည့်ရတာလား
@phyuhomecooking
@phyuhomecooking 6 ай бұрын
ကျမက ဟင်းအိုးချခါနီးမှ ပိုမွှေးအောင်လို့ နောက်တခါထပ်ထည့်လိုက်တာပါ။ မကြိုက်ရင် မထည့်လို့ရပါတယ်ရှင်။ အားပေးလို့ကျေးဇူးပါရှင်🥰🥰🥰
@user-hy9do5bv90
@user-hy9do5bv90 Жыл бұрын
အချဉ်အရသာလေးနဲ့လား ပျောက်သွားသေးလား
@phyuhomecooking
@phyuhomecooking Жыл бұрын
အချဥ်အရသာလေးက မပျောက်သွားပါဘူးရှင်။ အချဥ်လည်းမစူးပဲ အအီပြေရုံလောက်အနေအထားလေးပါရှင်။ 😍😍😍
@DawWinKyi-bp7fm
@DawWinKyi-bp7fm Жыл бұрын
@@phyuhomecooking,
@khinthanwin4125
@khinthanwin4125 Жыл бұрын
😊😊
@PyinnyerDipa
@PyinnyerDipa 6 ай бұрын
G yv​@@phyuhomecooking
@WaiYanMin-dn4iy
@WaiYanMin-dn4iy 8 ай бұрын
ဒယ်နီအိုးနဲ့ဆိုရင်ရောအမ😢
@phyuhomecooking
@phyuhomecooking 8 ай бұрын
အဆင်ပြေတဲ့ အိုးနဲ့ချက်လို့ရပါတယ်ရှင်။😊😊😊
@ThangHlu-et5og
@ThangHlu-et5og Жыл бұрын
ကြုိက်တယ်မချက်ဖြစ်တာကြာပြီပြန်ချက်ကြည့်အုးံမယ်❤❤❤
@phyuhomecooking
@phyuhomecooking Жыл бұрын
အချိန်ပေးပြီး ကြည့်ရှု့အားပေးလို့ ကျေးဇူးပါရှင် 😊😊😊
@maymoeoo7679
@maymoeoo7679 Жыл бұрын
မဆလာကဘာတံဆိပ်ထည့်တာလဲရှင်❤
@phyuhomecooking
@phyuhomecooking Жыл бұрын
Sweety ဟင်းမွှေးမဆလာပါရှင်😍😍😍
@MyoMyoThin
@MyoMyoThin Жыл бұрын
၀က်သားနဲ့မဆလာက လိုက်လား တစ်ကယ်မသိလို့ပါ
@phyuhomecooking
@phyuhomecooking Жыл бұрын
မဆလာနဲ့ လိုက်လားဆိုရင်တော့ ကြိုက်တဲ့သူအတွက်တော့ လိုက်ပါတယ်ရှင်။ ဒီဟင်းလေးက မဆလာနံ့ပြင်းပြင်းကြီးနဲ့ မဟုတ်ပဲ အနံ့ သင်းသင်းလေးပဲ ပါပါတယ်။ ဝက်ကလယ်ချက် မှာလည်း မဆလာထည့်သုံးကြပါတယ်။ နာမည်ကြီးပြီးစားကောင်းတဲ့ ဟင်းလေးပါ။ အားပေးလို့ ကျေးဇူးပါရှင် 😍😍😍
@YanNaingSoe-ij9lv
@YanNaingSoe-ij9lv 4 ай бұрын
လုံးချက်
@phyuhomecooking
@phyuhomecooking 4 ай бұрын
😊😊😊
@thanthanaye2814
@thanthanaye2814 Жыл бұрын
ချက်နည်းလေးကကောင်းပါတယ်စားချင်စရာ
@phyuhomecooking
@phyuhomecooking Жыл бұрын
စားလို့ကောင်းပါတယ်ရှင့်။ အားပေးလို့ ကျေးဇူးပါရှင် 😍😍😍
@piwsara7479
@piwsara7479 9 ай бұрын
အခုမမြင်ဖူးတယ်ဝက်သားချက်တာဒီနည်း
@phyuhomecooking
@phyuhomecooking 8 ай бұрын
@ThanAye-k6p
@ThanAye-k6p 7 ай бұрын
ကြည်ပီစာချင်တယ်၊ချက်စားအုံမယ်
@phyuhomecooking
@phyuhomecooking 7 ай бұрын
😊😊😊
@tunminaung9438
@tunminaung9438 10 ай бұрын
မကျည်းသီးထည့်ချက်ရင် မချဥ်ဘူးးလားဗျ
@phyuhomecooking
@phyuhomecooking 10 ай бұрын
အအီပြေတယ်ဆိုရုံ ထည့်တာဖြစ်လို့ မချဥ်ပါဘူးရှင့်။ 😊😊😊
@linlin-j7i9o
@linlin-j7i9o 11 ай бұрын
စားလို့​ကောင်းပါတယ်
@phyuhomecooking
@phyuhomecooking 11 ай бұрын
ကျေးဇူးပါရှင် 😊😊😊
@hayups
@hayups 8 ай бұрын
ထန်းလျှက်ရည်က ဘယ်လိုလုပ်ရလဲဟင်
@phyuhomecooking
@phyuhomecooking 8 ай бұрын
ထန်းလျက်ခဲကို ရေနည်းနည်းနဲ့ကျိုပြီး ဇကာလေးနဲ့စစ်လိုက်ရင် ရပါပြီရှင်။😊😊😊
@sumyatminthein
@sumyatminthein Жыл бұрын
မဆလာမကြိုက်လို့ပါ မထည့်ရင်ရလား
@phyuhomecooking
@phyuhomecooking Жыл бұрын
ရပါတယ်ရှင်။ 😊😊😊
@BlackMoon-fk6ll
@BlackMoon-fk6ll 5 ай бұрын
မီးဘယ်လောက်နဲ့ချက်ရလဲ
@phyuhomecooking
@phyuhomecooking 5 ай бұрын
စစချင်း ကြက်သွန်တွေနဲ့ မွှေနေတုန်းမှာတော့ အလယ်အလတ်လောက်နဲ့ချက်ပါတယ်။ ဝက်သားလုံးတာပြီးသွားပြီး ရေထည့်ချက်တဲ့အခါမှာတော့ မီးအားနည်းနည်းလေးနဲ့ ချက်ပါတယ်ရှင်။
@KyiPyar-lo4ly
@KyiPyar-lo4ly 3 ай бұрын
မဆာလာ က ကုလားလေးမဆလားလားရှင့်
@phyuhomecooking
@phyuhomecooking 3 ай бұрын
ဟုတ်ပါတယ်။ ကုလားမဆလာ သုံးထားပါတယ်ရှင်။ 😊😊😊
@YeHtet-s6p
@YeHtet-s6p 11 ай бұрын
မဆလာက တရုတ် မဆလာလား ကုလား မဆလာလားဗျ
@phyuhomecooking
@phyuhomecooking 11 ай бұрын
ကုလား မဆလာပါရှင်။ 😊😊😊
@NayChi-l5w
@NayChi-l5w 7 ай бұрын
ဝိုးစားချင်စရာကြီး အနှစ်တေအများကြီးပဲ အဲ့လို အနှစ်များများဆို အရမ်းကြိုက် မမရေ 😊 မမချက်သလို ချက်စားကြည့်အုံးမယ် အဲ့လိုချက်တာ တခါမှမစားဘူးသေးဘူး သရေတောင်ကျတယ်😅❤❤
@phyuhomecooking
@phyuhomecooking 7 ай бұрын
ဟုတ်တယ် ညီမရေ။ အနှစ်များများလေးနဲ့နယ်ပြီးစား အရမ်းကောင်း။😍😍😍
@HihHih-e9o
@HihHih-e9o 6 ай бұрын
အမဲးသားနဲ့ဝက်သားမှားနေတာလား
@phyuhomecooking
@phyuhomecooking 6 ай бұрын
မမှားပါဘူးရှင်။ ဝက်သားကို အဲ့လိုလေးချက်စားကြည့်ပါနော် 🥰🥰🥰
@MyoThant-c3g
@MyoThant-c3g 8 ай бұрын
မဆလာက တရုတ်မဆလာလား ကုလားမဆလာ လား ဗျ
@phyuhomecooking
@phyuhomecooking 8 ай бұрын
ကုလားမဆလာပါရှင်။ 😊😊😊
@tinzaw8918
@tinzaw8918 3 ай бұрын
ဝက်သားနံ့မဆလာပြဒါးတလမ်းသံတလမ်းပါလား။
@phyuhomecooking
@phyuhomecooking 3 ай бұрын
မဆလာက မကြိုက်ရင် မထည့်ပါနဲ့နော်။ အားပေးလို့ ကျေးဇူးပါရှင် 😊😊😊
@htunhtunLatt-ww6il
@htunhtunLatt-ww6il 17 күн бұрын
ဝက်ကုလားချက်မစားဘူးသေးလို့ဖြစ်ပါလိမ့်မယ်🤩🤩🤩
@MyatThuKo-v5p
@MyatThuKo-v5p Ай бұрын
အမဲသားနှပ်ရင်လဲ အဆင်ပြေတယ် အဲ့နည်းက
@phyuhomecooking
@phyuhomecooking Ай бұрын
ဟုတ်ပါတယ်ရှင့်။ 😊😊😊
@sandaraye3186
@sandaraye3186 Жыл бұрын
ကျေးဇူးပါ နောက်နေ့ချက်စားမယ်ရှင့်
@phyuhomecooking
@phyuhomecooking Жыл бұрын
ချက်စားကြည့်ပါရှင် 🥰🥰🥰
@lbsangalalbiaksanga6840
@lbsangalalbiaksanga6840 Жыл бұрын
Thanks what your pork frice 👍
@phyuhomecooking
@phyuhomecooking Жыл бұрын
my pleasure.😊😊😊
@AyeThiri-fo1jx
@AyeThiri-fo1jx 10 ай бұрын
တစ်ခါချက်ရင် ကြက်သွန်နီအဲလောက်သုံးရင် အိမ်ကလင်က သတ်မှာ🤣🤣🤣🤣
@ZinMarWin-i2m
@ZinMarWin-i2m Ай бұрын
အနည််းငယ်ထည့်လည်းရတယ်လို့ပြောထားပါတယ်
@user-Koung84
@user-Koung84 3 ай бұрын
အရမ်းကောင်းမယ့်ဝက်သားချက်နည်းလေးပါပဲ😊😊😊🥰🥰🥰
@phyuhomecooking
@phyuhomecooking 3 ай бұрын
အရမ်းစားကောင်းပါတယ်။ ချက်စားကြည့်ပါနော်😊😊😊
@lc-mv5yb
@lc-mv5yb Жыл бұрын
လင်းမြတ်သူနဲ့ပါသောဝက်သား
@Hlayee-j4d
@Hlayee-j4d 6 ай бұрын
ကျေးဇူးပါရှင့်
@phyuhomecooking
@phyuhomecooking 6 ай бұрын
😊😊😊
@DawsisiMyint-gr7ev
@DawsisiMyint-gr7ev 9 ай бұрын
တရုတ်မဆလာထည့်ရမှာလား
@phyuhomecooking
@phyuhomecooking 9 ай бұрын
ကုလားမဆလာ ထည့်ချက်ပါတယ်ရှင်။ 😊😊😊
@masu-qw6dd
@masu-qw6dd Жыл бұрын
ရိုးရိုး မဆလာ လားရှင့်
@phyuhomecooking
@phyuhomecooking Жыл бұрын
ရိုးရိုးဟင်းမွှေး ကုလားမဆလာ သုံးထားပါတယ်ရှင်။ 🥰🥰🥰
@winhlaing5030
@winhlaing5030 Жыл бұрын
ကြာညို့ထည့်လို့ရလာထာငက်အစား
@phyuhomecooking
@phyuhomecooking Жыл бұрын
ထည့်လို့ရပါတယ်ရှင်။ 🥰🥰🥰
@MyoLay-j3z
@MyoLay-j3z Ай бұрын
ချက်စားအုန်းမယ်
@phyuhomecooking
@phyuhomecooking Ай бұрын
ဟုတ်ကဲ့ ချက်စားကြည့်ပါရှင် 😊😊😊
ကိုစည်နဲ့‌ေအောင်မင်းတွေ့ကြပြီ
19:09
ဝက်သားနဲ့မျှစ်
9:10
Khun paoh
Рет қаралды 17 М.
အာလူးထောင်း
7:10
Oo Naing A Sar Ta Line Cooking And Eating
Рет қаралды 106 М.