Рет қаралды 381,922
#football
#brasil
#neymar
ဘရာဇီးလ် ဘောလုံးသမား တော်တော်များများရဲ့ တူညီတဲ့ အချက်တစ်ချက်က တစ်ဦးချင်း စွမ်းရည် ပြည့်ဝပြီး ဘောလုံးကို လှလှပပ ကစားတတ် ကြတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားတဲ့ ဘရာဇီးလ် နိုင်ငံမှာ ဘောလုံးသမား အများစုဟာ အောက်ခြေ လူတန်းစားတွေ ထဲကနေ ထွက်ပေါ် လာကြတာ ဖြစ်ပါတယ်။
ဆင်းရဲကြလွန်းလို့ ဘောလုံးကိုပဲ သူတို့ဘဝရဲ့ ထွက်ပေါက်အဖြစ် ယုံကြည်ပြီး ကြိုးစားခဲ့ ကြတဲ့ သူတွေဟာ အောင်မြင်တဲ့ ဘောလုံးသမားတွေ ဖြစ်လာကြပါတယ်။
အဲဒီလို ဘဝနာခဲ့တဲ့ ကစားသမားတွေထဲက လက်ရှိ PSG တိုက်စစ်မှူး နေမာ ဂျူနီယာလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။
#soccer88
#nsaleonyoutube