NDAK administeation area yawng n zing shi yang

  Рет қаралды 149

Seng Noi

Seng Noi

Күн бұрын

ကချင်အထူးဒေသ ၁ သတ်မှတ်ချက်မရှိတော့ကြောင်း KIO ကြေညာ
---------------
နိုဝင်ဘာလ၊၂၈
ကချင်အထူးဒေသ(၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် ဒီကနေ့ကစပြီး မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဗဟိုကော်မတီကနေ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ကချင်လူမျိုးတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူးရေးအတွက် ပြည်ထောင်စုဖွဲ့စည်းမှု အဆင့်ဆင့်မှာ ပါဝင်ကြိုးပမ်းခဲ့ပေမဲ့ လွှတ်တော်အတွင်း ညှိနှိုင်းကြိုးပမ်းမှုတွေ မအောင်မြင်တဲ့အတွက် မလွှဲမရှောင်သာတဲ့ အဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီလိုအခြေအနေမှာ အရင်က စစ်အာဏာရှင်အစိုးရတွေဟာ သူတို့အာဏာခိုင်မြဲဖို့အတွက် ကချင်အထူးဒေသ(၁) ဆိုပြီး ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့တာကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးညီညွှတ်မှုကို ထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်။
ကချင်လူမျိုးတွေသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ(၁) လို့ ခွဲခြားသတ်မှတ်ထားတဲ့ နယ်မြေတွေကို တပေါင်းတစည်းတည်းဖြစ်အောင် ပြန်လည်အရယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာထောက်ထားမှုခံအခြေခံတဲ့ မူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစားတည်ဆောက်သွားမယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အရင်က ကချင်အထူးဒေသ(၁) အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဌာနေပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နဲ့ပူးပေါင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ခွဲထွက်သွားခဲ့တဲ့ ဦးဇခုန်တိန်းယိန်းဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK)ကို အရင်တုန်းက စစ်အာဏာရှင်အစိုးရတွေဟာ သူတို့ရဲ့ အာဏာခိုင်မြဲစေဖို့အတွက် နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေး အသွင်ပြောင်းလဲကာ အုပ်ချုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူတို့အဓိက အုပ်ချုပ်ခွင့်ရတဲ့ ဒေသတွေကတော့ ပန်ဝါမြို့(ဌာနချုပ်ရှိရာ) ဒေသ၊ ဖီမော်ဒေသ၊ တရုတ်-မြန်မာ တရားဝင်ကုန်သွယ်ရေးနယ်စပ်ဂိတ်ရှိရာ ကန်ပိုက်တီမြို့၊ချီဖွေ၊ ဆော့လော်မြို့နယ်နဲ့ ကျေးရွာတချို့လည်းပါဝင်ပါတယ်။
ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဲဒီတပ်ရင်း ၃ ရင်းနဲ့ အထူးဒေသ (၁) တစ်ခုလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တစ်လလောက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အခုချိန်မှာတော့ ကချင်ပြည်နယ်အတွင်း KIA အနေနဲ့ တရုတ်- မြန်မာ တရားဝင်ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့နယ်၊ ဆဒုံး၊ ဆင်ဘိုမြို့၊ မြို့လှ၊ မိုးမောက်မြို့၊ မံစီမြို့၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ပန်ဝါမြို့၊ ဖီမော်စရှိတဲ့ ဒေသတွေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Пікірлер
မနက်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၈ ရက်)
8:08
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 53 М.
黑天使被操控了#short #angel #clown
00:40
Super Beauty team
Рет қаралды 61 МЛН
How Strong Is Tape?
00:24
Stokes Twins
Рет қаралды 96 МЛН
Try this prank with your friends 😂 @karina-kola
00:18
Andrey Grechka
Рет қаралды 9 МЛН
Sigma Kid Mistake #funny #sigma
00:17
CRAZY GREAPA
Рет қаралды 30 МЛН
黑天使被操控了#short #angel #clown
00:40
Super Beauty team
Рет қаралды 61 МЛН