Рет қаралды 138
မင်္ဂလာသုခ အဖြာဖြာ ခံစားနိုင်ကြပါစေ။
ချစ်သော မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ကျေးဇူးရှင်၊ အလှူရှင် အပေါင်းတို့ . .
ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း-မြစ်ကြီးနား၏ "ငါတို့၏ပန်းတိုင် ငါတို့၏လုပ်ဆောင်ချက်" ဆိုသည့် သီချင်းသစ်လေးနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ကြည့်ရှု့ခံစားလိုက်ကြစို့နော် .. ။
KMSS-Myitkyinaမှာ အမိကက်သလစ်အသင်းတော်ကြီး၏ Catholic Social Teaching (CST) လမ်းညွှန်မှုနှင့်အညီ အငယ်ဆုံးသောသူအား ဖေးမကူညီပံ့ပိုးပေးနေသည့် အဖွဲ့ဖြစ်ပေသည်။ ဤ သီချင်း၏ Composer, Vocal ပိုင်း၊ ရိုက်ကူးရေးပိုင်းနှင့် Edit & Creation ပိုင်းကို ဝန်ထမ်းများကိုယ်တိုင် ကြိုးစားအားထုတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ သီချင်းသစ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီပေးသူ အားလုံးအပေါ်၌လည်း ဘုရားရှင်သာ၍ ကောင်းချီးပေးပါစေ ..။
ကရုဏာလုပ်ငန်း ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် ဆက်လက်ကူညီပေးကြဖို့ရန်လည်း တစ်ပါတည်း ဖိတ်ခေါ်အပ်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။