ငရုတ်သီးစိမ်းထောင်း_ pounded. chilli

  Рет қаралды 13,459

Moe kaung kin channel

Moe kaung kin channel

3 жыл бұрын

ငရုတ်သီးစိမ်းထောင်း
🌶 🌶🌶🌶🌶🌶🌶
အဆီပြန်ဟင်းတွေနဲ့ပဲစားစား ၊ ကြ က်ပေါင်းလေးနဲ့ပဲ တွဲတွဲ ၊ချဥ်ချဥ်စပ်စပ် အရသာလေးက ခံတွင်းပျက်ပြီး အစားမစားချင် ဖြစ်နေသူတွေကို စားချင်စိတ်ပေါ်လာအောင် ကူညီပေးမဲ့အရံဟင်းလေး တခွက်ပါ။ လုပ်နည်းကတော့မခက်ပါဘူး....
ပါဝင်ပစ္စည်း လေးတွေအရင်ပြောပြမယ်...
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶
၁.ငရုတ်သီးစိမ်း..............လက်၂ဆုပ်
၂. ကြ က်သွန်ဖြူ.............လက်တဆုပ်
၃.ဆား..........................လက်ဖက်စားတဇွန်း
၄.အချိုမှုန့်............. လက်ဖက်စားဇွန်းတဝက်
အချိုမှုန့် အစားအသားမှုန့်သုံးလဲရပါတယ်
၅.သံပုရာသီး.............. ၂လုံး
၆.မက်ခါသီးစေ့........လက်ဖက်စားဇွန်းတဝက်
မက်ခါသီးစေ့မထည့်လည်းရပါတယ်...သွေးလည်ပတ်မှုကို အားကောင်းစေတယ်၊လို့ တွေ့ထားလို့ ကြိုက်လို့ထည့်တာပါ။ မရှိလဲ အပေါ်က ၅မျိုးနဲ့တင် အရမ်းစားကောင်းတဲ့ အထောင်းကိုရပါတယ်။
ပြုလုပ်ပုံ
🌶🌶🌶🌶
ကြ က်သွန်ဖြူကိုခွာပြီးရေဆေးထားပါ။ ငရုတ်သီးကိုအညှာချွေ...ရေဆေးပါ။ အစိမ်းထောင်းလေးထောင်းပြပေးပါ့မယ်။
ပုံလေးတွေမှာထောင်းနည်းလေးတွေ ကြည့်ပေးပါ။
ကြ က်သွန်ဖြူကိုညက်အောင်ထောင်းပါ။ ညက်လျှင်ငရုတ်သီးထည့်ထောင်းပါ။ဆား၊အချိုမှုန့်သို့ အသားမှုန့်ကိုထည့်ထောင်းပါ။ ညက်စပြုလျှင် မက်ခါစေ့ကိုထည့်ထောင်းပါ။(မရှိလို့မထည့်ရင်လည်းရပါတယ်)အားလုံးကြေ ညက်သွားလျှင် သံပုရာသီးကို အရည်ညှစ်ထည့်ပြီး ရွှဲရွှဲဆမ်းပါ။ ထမင်းမစားမီ နာရီဝက်လောက်ကြိုတင် နှပ်ထားပါ။ ထမင်းပူပူကို ငရုတ်သီး ထောင်းလေးနှင့် အသားဟင်းတခွက်...သို့မဟုတ် အရည်သောက်ဟင်းတခွက်ဖြင့် လိုက်ဖက်စွာ သုံးဆောင်ပါ။
.

Пікірлер
လျှာလည်​အောင်ငပိ​ထောင်း(Spicy Shrimp Paste)
9:25
Oo Naing A Sar Ta Line Cooking And Eating
Рет қаралды 148 М.
Mama vs Son vs Daddy 😭🤣
00:13
DADDYSON SHOW
Рет қаралды 46 МЛН
ငရုတ်သီး ဆားထောင်း
3:36
ဖိုးဝလေး ရဲ့ စားဖိုဆောင်
Рет қаралды 33 М.
ငရုပ်သီးဆားထောင်း
4:01
Food Bkk Vlog
Рет қаралды 20 М.
ငရုပ်သီးထောင်း
4:25
Food Bkk Vlog
Рет қаралды 7 М.