ငါတို့လူငယ်ဘဝ(ခရမ်းပြာထက်လူ)

  Рет қаралды 143

Poems & Readers Channel  (DREAMS)

Poems & Readers Channel (DREAMS)

Күн бұрын

#ငါတို့လူငယ်ဘဝ
ဖဲချပ်တွေ ဖွင့်ဆိုလိုက်တဲ့ အနက်အဓိပ္ပါယ်မှာ
စပိတ်တစ်ကို အကြိုက်ဆုံးပဲ။
အဲ့ဒီတုန်းက ငါတို့ လူငယ်
လပြည့်ညနဲ့တွေ့တိုင်း ကျောင်းပြေးနေကျ။
ရင်သားကို
အရမ်းဘာသာပြန်မိတဲ့ ယောက်ျားတွေထဲ ငါတို့ မပါခဲ့။
နို့ရည်ဟာ
နောက်တစ်ခေတ်ကို နှိုးမယ့်သွေးလို့ ငါတို့ ယုံကြည်ခဲ့။
အဲ့ဒီတုန်းက
ငါတို့ လက်မဖြောင့်သေးဘူး
လွဲချော်မှုများပေါ် လေ့လာနေတုန်း။
လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်
လနဲ့ လိုက်ဖက်မယ့်အသံကို ရှာကြတယ်။
လယ်ကွင်းပြင် လေတဟူးဟူးမှာ စွန်လွှတ်ကြတယ်
ဘဝကိုစွန့်လွှတ်ဖို့တော့ ဘယ်တော့မှ မကြိုးစားခဲ့။
စတိုးဆိုင်ထဲ ဝင်မိရင်
သေနတ်ကို ကိုင်မိသူနဲ့
ဓားကို စမ်းမိသူနဲ့
အဝတ်အထည်ပေါ် ပြိုကျမိသူနဲ့
ငါကတော့
စားပွဲပေါ်တင်ထားတဲ့
စားပွဲတင် ကမ္ဘာလုံးပုံလေး အကြိုက်ဆုံးပဲ။
အဲ့ဒီတုန်းက ငါတို့ဟာ
သူတစ်ပါး ထင်းကို ခုတ်ပေးခဲ့ကြတယ်
သူတစ်ပါး အိမ်ကို မိုးပေးခဲ့ကြတယ်
သူတစ်ပါး ကလေးကိုတောင် ဝိုင်းထိန်းပေးခဲ့ကြ။
ငါတို့ ယုံကြည်မှုအတွက်တော့
ငါတို့ကို ဘယ်သူမှ မထိန်းနိုင်ခဲ့ဘူး။
အဲ့ဒီတုန်းက ငါတို့ဟာ
မှားသလား မှန်သလား မေးခွန်းတွေ မရှိဘူး
ရေနာရီ နေနာရီ လက်ပတ်နာရီ မသိဘူး။
ငါတို့ဟာ ကမ္ဘာကြီးနောက်ကို မလိုက်ဘူး
ကမ္ဘာကြီးသာ ငါတို့နောက်လိုက်ရမယ်
Follow me မိုရှေဒါယန် တံဆိပ်နဲ့။
အဲ့ဒီတုန်းက ငါတို့ လူငယ်
ကမ္ဘာကို မဝယ်နိုင်သေးပေမယ့်
ကမ္ဘာကို ကယ်နိုင်ဖို့ စတင်နေပြီ။ ။
#ခရမ်းပြာထက်လူ#poems #poetry #audiolibrary #audiobook #podcast #saiphyowai #revolution

Пікірлер
WORD OF GOD. REV. THANG LAM MUNG /SUNDAY MAIN SERVICE/ 15 SEP 2024
56:06
Goshen Church (Kalaymyo)
Рет қаралды 3 М.
My daughter is creative when it comes to eating food #funny #comedy #cute #baby#smart girl
00:17
Teaching a Toddler Household Habits: Diaper Disposal & Potty Training #shorts
00:16
Секрет фокусника! #shorts
00:15
Роман Magic
Рет қаралды 113 МЛН
ဆောင်းဦးလှိုင် // Best of Saung Oo Hlaing
25:58
တောလား - အောင်ချိမ့် #အောင်ချိမ့် #တောလား
16:18
𝙱𝚘𝚗 𝚂𝚒𝚗𝚎 𝙿𝚘𝚎𝚝𝚛𝚢 - ဘုံဆိုင်🌻📜
Рет қаралды 212
‌အလောင်းလှေ(သန်းတင့်)
9:34
Poems & Readers Channel (DREAMS)
Рет қаралды 206
ဘုရားပေးတဲ့ ဘဝဆိုတာ ဘယ်လိုများလဲ?
1:13:45
Break Free Ministry Media ( ကောင်းကင်ကလူ )
Рет қаралды 1,2 М.