Рет қаралды 42,667
ဘယ်အချိန်ကာလကမှ ငြိမ်းချမ်းမှုမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လုပ်နေတယ်ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆိုတာဟာ တကယ်တမ်း ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အသစ် လိုနေပါပြီလား၊ ဘယ်လို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုး လိုအပ်နေပါသလဲ၊ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုးကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပြီး ဘယ်သူတွေက ကမကထပြု စတင် လုပ်ဆောင်သင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
တော်လှန်လူငယ်တဦးလည်းဖြစ်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာသူတဦးလည်းဖြစ်တဲ့ မဟင်္သာ၊ မြန်မာပြည်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ကိုအောင်ကိုကိုတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
လုံခြုံရေးအခြေအနေအရ မဟင်္သာက အသံနဲ့ပဲ ပါဝင်ဆွေးနွေးထားပါကြောင်း ကြိုတင် အသိပေးလိုပါတယ်။
#Editors’Talk
#ငြိမ်းချမ်းရေး
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
bit.ly/2VhJ12U
Subscribe now and join the Mizzima TV family to get insights into Burma's culture and people.
Subscribe our channel
/ @mizzimanewstv
Become a member to our channel
/ @mizzimanewstv
Facebook | Myanmar Language - bit.ly/3BuWBSJ
Facebook | English language - bit.ly/3d5g1V2
Facebook | Mizzima+TV - bit.ly/3eGNjdl
Twitter - bit.ly/3Dbvqh1
Telegram - bit.ly/3RRn2rk
Tiktok - www.tiktok.com/@mizzimadaily?...
Get Mizzima TV App Free - onelink.to/jnuwak/
Website - www.mizzimaburmese.com/