နိုင်ငံတကာ ရေပိုင်နက်ထဲ တရုတ် တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်ခြင်းရဲ့ နောက်ကွယ်မှာ | People's Spring

  Рет қаралды 25,068

People's Spring

People's Spring

Күн бұрын

နိုင်ငံတကာ ရေပိုင်နက်ထဲ တရုတ် တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်ခြင်းရဲ့ နောက်ကွယ်မှာ
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ အများမျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုအဖြစ် နိုင်ငံတကာ ရေပိုင်နက်ထဲကို တိုက်ချင်းပစ်ဒုံးကျည် (ICBM)တစ်စင်း ပစ်ခတ်လိုက်ပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က ပစိဖိတ် သမုဒ္ဒရာထဲကို ICBM ပစ်လွှတ်ခဲ့ခြင်းဟာ PLA ဒုံးကျည်တပ်ဖွဲ့ရဲ့ သမားရိုးကျ လုပ်ထုံးလုပ်နည်းတွေနဲ့ တော်တော်ကြီး ကွဲလွဲနေတာ အမှန်ပါပဲ။ ဒေသတွင်းမှာ တခြားနိုင်ငံ တချို့နဲ့ တင်းမာမှုတွေ ရှိနေချိန်၊ အမေရိကန်နဲ့ အားပြိုင်မှုတွေ မြင့်တက်နေချိန်မှာ အခုလုပ်ရပ်ဟာ တွေးစရာတွေ အမျိုးမျိုး ဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။
ပြီးတော့ PLAရဲ့ ဒုံးကျည် တပ်ဖွဲ့ ဆိုတာဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် အရင်းအမြစ်တွေကို ထိန်းသိမ်းထားတဲ့ အင်အားစု ဖြစ်ပြီး ဖွဲ့စည်းပုံအရ အရမ်းအရေးပါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အရာရှိတွေရဲ့ အဂတိ လိုက်စားမှုလို ပြဿနာတွေကြောင့် သိက္ခာကျစရာ အခြေနေတွေကို ဖြတ်သန်းခဲ့ရတယ်။ ဒီတော့ စက်တင်ဘာ ၂၅ ရက်နေ့ ICBM ပစ်ခတ်မှုဟာ ပြည်ပ အားပြိုင်မှုတွေနဲ့ ပတ်သက်ပြီး အင်အားပြတာရော၊ ပြည်တွင်းမှာ စိတ်ဓာတ်ရေးရာ မြှင့်တင်တာ အတွက်ပါ ရည်ရွယ်ထားတဲ့ အခင်းအကျင်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံတကာ စစ်ရေးသုတေသီတွေ အံ့ဩကြတဲ့ အဓိက အချက်ကတော့ ICBM စမ်းသပ်ခြင်း ဆိုတာထက်၊ နိုင်ငံတကာ ရေပြင်ကို ချိန်ရွယ်ပြီး စမ်းသပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ တရုတ်ဟာ ၄၄ နှစ်ကျော် ကြာတဲ့ထိ၊ တိတိကျကျ ပြောရရင် ၁၉၈၀ ပြည့်နှစ်၊ မေလနောက်ပိုင်း နိုင်ငံတကာ ရေပိုင်နက်ထဲ ICBM ပစ်ခတ် စမ်းသပ်တာမျိုး မရှိခဲ့ပါဘူး။ ဒါဟာ တရုတ်က နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ စစ်လက်နက်တွေကို လုံးဝ မစမ်းသပ်ခဲ့တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အဲဒီကြားကာလအတွင်း ICBM စမ်းသပ်မှုတွေကို တရုတ်ဟာ နိုင်ငံပိုင်နက်ထဲ၊ အထူးသဖြင့် ရှင်းကျန်းဒေသက သဲကန္တာရထဲမှာပဲ အဓိက လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ စစ်ရေးနည်းပညာနဲ့ ပတ်သက်ရင် သိုသိပ် လျှို့ဝှက်ချင်တဲ့ PLAရဲ့ သဘောထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ အခုလို နောက်ခံအခြေအနေတွေ ရှုပ်ထွေးနေတဲ့ ကာလမှာ PLAရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ မူလစံနှုန်းတွေကနေ ဖယ်ခွာပြီး ပစိဖိတ် သမုဒ္ဒရာထဲ ICBM ပစ်လွှတ်လိုက်တဲ့အခါ သဘောတရားဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ စင်ကာပူ အခြေစိုက် ရာဂျာရက်နမ် နိုင်ငံတကာ လေ့လာရေးကျောင်းရဲ့ အကြီးတန်း သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဘားနတ်ဒ်လူးကတော့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ တရုတ်ဟာ နျူကလီးယား လက်နက် စွမ်းရည်ကို ထုတ်ပြလာတာလို့ မှတ်ချက် ပေးခဲ့ပါတယ်။ တရုတ်က ပစ်လွှတ်ခဲ့တဲ့ ICBMဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်ပေမယ့် စမ်းသပ်မှုမှာတော့ ထိပ်ဖူးအတု တစ်ခုကို အစားထိုးထားတာ ဖြစ်ပါတယ်။
ဒေါက်တာလူးက တရုတ်ဟာ သူတို့ရဲ့ ဒုံးကျည် စွမ်းဆောင်ရည်ကို အကဲဖြတ်ရုံ သက်သက်ဆိုရင် နိုင်ငံတကာ ရေပိုင်နက်ထဲ လူသိရှင်ကြား ပစ်လွှတ်ပြစရာ အကြောင်းမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း တရုတ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ တင်သွင်းခွင့်ပိတ်ဖို့ အမေရိကန်က ပြင်ဆင်နေတာကြောင့် နှစ်ဖက် ဆက်ဆံရေး ပိုမို တင်းမာနေချိန်မှာ အခုလိုမျိုး အမေရိကန် ရေတပ် အားကောင်းရာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ဆီ တရုတ်က ICBM ပစ်ခတ်ပြိလိုက်တာဟာ အရမ်းရိုးရှင်းတဲ့ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူးလို့ သူက ဆိုတယ်။
ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့ အခြေစိုက် မဟာဗျူဟာ လေ့လာရေးဌာနရဲ့ သုတေသီ ဒေါက်တာ ချန်ချင်ကတော့ PLA ဒုံးကျည်တပ်ဖွဲ့ဟာ လှောင်ပြောင်စရာ အရှက်တကွဲ အခြေအနေတချို့ ကြုံတွေ့ခဲ့တဲ့နောက် တကယ်တမ်း သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ဟာ လျှော့တွက်လို့ မရဘူး ဆိုတာမျိုး ကမ္ဘာသိ ပြသတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဒုံးကျည်တပ်ဖွဲ့ရဲ့ မဟာဗျူဟာ တိုက်ခိုက်ရေး ဒုံးကျည်ပစ်စင်တွေဟာ တကယ်တမ်း အလုပ်မလုပ်တာမျိုး ကိစ္စတွေကြောင့် သိက္ခာကျခဲ့သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ တပ်ဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေ ဖယ်ရှား ရှင်းလင်း ခံခဲ့ရပါတယ်။ အတည်ပြုဖို့ ခက်ပေမယ့် အမေရိကန် ထောက်လှမ်းရေး အရာရှိ တချို့ရဲ့ အဆိုအရ ဒုံးကျည်ပစ်လွှတ်မယ့် လောင်စာဆီတွေအစား ရေတွေထည့်ထားတာကို စစ်ဆေးတွေ့ရှိလို့ သမ္မတ ရှီကျင့်ဖျင်တစ်ယောက် ဒေါသပေါက်ကွဲခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း လူပြောများခဲ့ပါတယ်။
အဲဒီလို အပြောအဆိုတွေကို တိတိကျကျ ချေဖျက်ဖို့ဆိုရင် နိုင်ငံတကာ ရေပိုင်နက် တစ်နေရာကို ICBMတစ်စင်း ပစ်လွှတ်ပြခြင်းထက် ပိုကောင်းတဲ့ ဖြေရှင်းမှု နည်းလမ်း မရှိပါဘူး။ ICBMအဆင့် သတ်မှတ်ခံထားရတဲ့ တာဝေးပစ် ဒုံးကျည်တွေ ဆိုတာဟာ အနည်းဆုံး ကီလိုမီတာ ၅၅၀၀ လောက် ခရီးပေါက်အောင် ပျံသန်းနိုင်ပါတယ်။ တရုတ် ပြည်မကြီးကနေ ပစ်ခတ်မယ်ဆိုရင် ထိုင်ဝမ်ကျွန်းကို အသာလေး လက်လှမ်းမီရုံသာမက အမေရိကန် ပိုင်နက်တချို့ကိုပါ ရောက်ရှိနိုင်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
တစ်ဖက်က ကြည့်ရင်လည်း သဘောထားရေးရာ ရှုထောင့်မှာ တရုတ်အတွက် စွန့်စားရင်းနှီးရတာမျိုးတွေ ရှိနိုင်ပါတယ်။ လောလောဆယ်မှာတောင် အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ တင်းမာမှုတွေ ရှိနေရာမှာ ဒီလို ICBM စမ်းသပ်မှုက ဆက်ဆံရေးတွေ ပိုမို ခါးသီးသွားစေနိုင်တာကြောင့်ပါ။ ပြီးတော့ တရုတ်ရဲ့ ဩဇာဖြန့်ကျက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ တောင်တရုတ်ပင်လယ် ဒေသတွင်း နိုင်ငံတွေ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို ပြိုင်ဘက်တွေကလည်း တရုတ်ဟာ ပိုရန်လိုလာတဲ့ အဓိပ္ပါယ်လား ဆိုတာမျိုး ဆန်းစစ်လာကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ ပြိုင်ဘက်တွေနဲ့လည်း စီးပွားရေး၊ သံတမန်ရေး ထိတွေ့မှုတွေ လိုအပ်နေတဲ့ အခြေအနေမှာ ဒီကိစ္စမျိုးက တရုတ်အတွက် ကောင်းမွန်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Пікірлер: 57
@sansansoe8563
@sansansoe8563 Күн бұрын
မင်္ဂလာပါသမီးလေးဂျောင်မုန်းအဖွဲ့သားများကျန်းမာချမ်းဘေးရန်ကွာကောင်းကျိုးမှန်သမျှပြည့်ကြပါစေ
@UChitKo-oh8tc
@UChitKo-oh8tc Күн бұрын
Thank you so much People's Spring and so beautiful sweet Jar Mone❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@myochitmin6620
@myochitmin6620 21 сағат бұрын
😂😂 နိုင်ငံတကာရေပိုင်နက်ထဲ ဗုံးခွဲနေတဲ့တရုတ်ကတော့ နိုင်ငံတကာကို စော်ကားလိုက်တာဘဲ😢😢😢
@KingLove-g1c
@KingLove-g1c Күн бұрын
မင်္ဂလာပါ မြေးလေး ကျန်းမာသန်စွမ်း အောင်မြင်မှုတွေ ရပါစေ
@FhfhhrHfhfjf
@FhfhhrHfhfjf Күн бұрын
အဒါအပ်တမာဏဘာမျာအကျိုရှိမှာလည်လူသေးတာဘဲ့အဖတ်တင်မယ်လောကလည်မကောင်သန်သရာမှာလည်မကောင်မဖြစ်သင်ဘူအဒါမျိုးနဲ့ဂုန်မယူဘူး ဓမနဲ့ အဓမ ခွဲခြာနိုင်မှအေးချမ်းသာရာမှာပါ မေတ္တာတစ်ရာခေါင်ဘာမှု့ဘဲ့ ❤
@kokhin501
@kokhin501 Күн бұрын
မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖💖
@user.asxxkksz
@user.asxxkksz Күн бұрын
ဘာပဲဖြစ်ဖြစ်ကျိုးတင်ပြင်ဆင်ထာတာအကောင်းဆုဲပဲ
@UWinMaung-g3d
@UWinMaung-g3d 15 сағат бұрын
နဂါးက နေရာတကာ အမောက်ထောင်နေတယ် ကမ္ဘာ့သမိုင်းမှန်သမျှ စစ်ပွဲကိုစတင်သူ ရန်လိုတတ်သူ မှန်သမျှဟာ နောက်ဆုံး အရှုံးနဲ့ဘဲ ရင်ဆိုင်ရတာပါဘဲ...အရပ်စကားနဲ့ပြောရင် ကြွတဲ့ကောင် ခံရတာများတယ်...
@myochitmin6620
@myochitmin6620 22 сағат бұрын
😂😂 နိုင်ငံတကာရေပိုင်နက်ဖြစ်တဲ့ ပစ်စိဖိတ်သမုဒ္ဒရာ အတ္တလန်တိတ်သမုဒ္ဒရာတွေထဲ ဗုံးတွေခွဲနေတဲ့တရုတ်ကို မေတိကန် ပြင်သစ်က ထိုင်ကြည့်နေလို့မဖြစ်တော့ဘူး ကုလလုံခြုံရေးကောင်စီ တင်ပြအရေးယူသင့်နေပြီ😂😂
@KingLove-g1c
@KingLove-g1c 19 сағат бұрын
ဒီမြေးလေးလည်း ---- ဂေါ်ရခါး ရှိတဲ့နိုင်ငံဆီကို ပို့ရမယ် ။ မင်္ဂလာပါ မြေးလေး ကျန်းမာ ပျော်ရွင်ပါစေ
@kakyokakyo2690
@kakyokakyo2690 17 сағат бұрын
အမေရိကန်နှင်တရုတ်ဆိုတာ ကမ္ဘာ ကိုပုံမှာရိုက်စားလုပ်မေတဲ့ မိစ္ဆာ နှစ်ကောင်ပါ။လူသားတွေကို အကျိုးပြုခြင်းထက်အဆိုးပေးခြင်းက ပိုများပါတယ်။
@JoungGyi
@JoungGyi 19 сағат бұрын
ယူလိုက်😂😂❤❤😂😂❤⛄🔥❄️☃️🔥🌋🏜️🌝🌩️🌨️🌨️⛅🌥️🌦️⚡☔💧🌊🌀🌬️🌈🌝🌚🌜🌛⭐💫🌙☄️✨🪐🌑🙉🙈🌘🌗🌕🌌🌏🪐🌑🌠🐻‍❄️🐺🐶🐯🙈🙊🐵🐽🐮🦊🐰🐰🦄🐴🦎🐁🐸🐴🐖🐘🐂🐏
@MhMh-k6e
@MhMh-k6e 17 сағат бұрын
ဂျာမုန်းကျေးဇူးပါ။ကျန်းမာပျော်ရွင်နိုင်ပါစေ။သတင်းကြေငြာတာပီသကြည်မြနေပါတယ်။သနဲ့တနဲမကွဲတဲ့သတင်းတွေနဲ့မိုးနဲ့မြေလောက်ကွာပါ့။
@KingLove-g1c
@KingLove-g1c 22 сағат бұрын
မင်္ဂလာပါ မြေးလေး မိုးရွာပြီ မြေးလေ မိုးဒေဝါ နတ်ကို - ငါက မေးတယ် စိတ်ဆိုးသလားလို့။ ကျန်းမာ ပျော်ရွှင်ပါစေ။
@NyanLin-w8k
@NyanLin-w8k 18 сағат бұрын
မိုက်ရူရဲဆန်ပြတာပဲဖြစ်လာမှာပါ တရုပ်ကသူကိုယ်သူဆရာကြီးဖြစ်ချင်နေပုံရတယ် မြန်မာလိုပြောရရင် စိတ်ကြီးဝင်နေတာတခုပဲ
@UChitKo-oh8tc
@UChitKo-oh8tc Күн бұрын
ဂျာမုန်း အင်ကျီလေးက တန်ခိုးရှင်မလေး ကြနေတာဘဲ လှချက်🎉🎉🎉🎉❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@htoosawsawsa
@htoosawsawsa 15 сағат бұрын
တရုတ်တွေရုရှားတွေမြောက်ကိုရီးယား အိန္ဒိယ အီရန် အကုန်ပေါင်းပြီးသာ အနောက်အုပ်စုကိုတိုက်တော့
@gyitkal3844
@gyitkal3844 14 сағат бұрын
အထင်မကြီးပါနဲ့..တရုတ်ဒုံးကျည်က..သံစည်ပိုင်းနဲ့လုပ်ထားတာပါ
@UChitKo-oh8tc
@UChitKo-oh8tc Күн бұрын
တယုတ်ရေ တည်ဆောက်ဆဲ ရေငုတ်သင်းဘောကြီးဘဲ ပြန်ဆယ်အုံး😊😊😊😊😅😅😅😅😂😂😂😂😂😂😂😂
@user.asxxkksz
@user.asxxkksz Күн бұрын
သူတို့လုပ်ရပ်တိုင်ကိုတန်ပြန့်ဖိုဆင်စာရမယ်
@UNyintWin-n9z
@UNyintWin-n9z 17 сағат бұрын
မင်္ဂလာပါ မိဂျာရေ့ ဘေးကင်းကျန်းမာပါစေ
@koaung-lb2dy
@koaung-lb2dy Күн бұрын
အမေရိကန် တရုတ်ကိုမတိုက်ရင် (5)နှစ်ဆိုရင်အမေရိကန်စစ်ရှုံးမယ်
@aungzinko-vz3wz
@aungzinko-vz3wz Күн бұрын
ဂျာမူံးရယ်
@hteehtar019
@hteehtar019 15 сағат бұрын
တယုတ်(ရုတ်)ကစိတ်ဓာတ်အယုတ်ဆုံးသောနိုင်ငံ.
@TayzarAung-p2z
@TayzarAung-p2z 16 сағат бұрын
❤❤❤ တော်လှန်မနက်ခင်းပါ💪 ❤❤❤
@sansanyuu9474
@sansanyuu9474 Күн бұрын
တော်လှန်ညချမ်းပါဂျာမုန်းလေးရေ
@NayThuAung-qj1vr
@NayThuAung-qj1vr Күн бұрын
ညီမဂျာမုန်းကျန်းမာဘေးကင်းပြီးဘဝလုံခြုံအေးချမ်းမှုရှိပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါရစေခင်ဗျာ။ဒီကနေ့ကျွန်တော်နဲ့ညီနောင်များဟာနင်းမိုင်းလက်ကျန်အများဆုံးရှိနေတဲ့သဲချောင်းကျေးရွာဘက်မှမိုင်းကွင်းကိုအထူးသတိတရားထားရှိကာအလောတကြီးမကိုင်တွယ်ပဲညီငယ်တွေနဲ့အတတ်နိင်ဆုံးရှင်းလင်းပေးနေပါတယ်ခင်ဗျာ။408စကစအကြမ်းဖက်တပ်ရင်းနဲ့မောရဝတီရေတပ်ပူးပေါင်းပြီးထောင်ထားတဲ့M14နဲ့လက်လုပ်များဖြစ်ပြီးအတော်များပြားပြီးဒေသခံရွာသူရွာသားများတောတက်မှိုရှာမျှစ်ချိုးထင်းခွေရင်းနင်းမိုင်းမိလျှင်ကျွန်တော်တို့တောပုန်းကြီးနှင့်ရေဖြူPDFကရမ်းသမ်းလျှောက်ထောင်ထားသောပဒက်ခွက်ခေါက်တွေရဲ့မိုင်းများဟုရွာခံထားဝယ်တိုင်းရင်းသားများအားလိမ်ညာကာအရှက်မဲ့စွာနဲ့အပြစ်ပုံချခေါင်းရှောင်လေ့ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာမှန်သမျှတွေဝေတုံ့ဆိုင်းမှုမရှိပဲလုပ်နေပါတယ်၊အကြမ်းဖက်အစွန်းရောက်စစ်ဝါဒီမင်းအောင်လှိုင်ခိုင်းစေနေသည့်စကစဒေါက်တိုင်အုပ်ကြီး၊ရာအိမ်မှူးနဲ့အပေါင်းအပါများလည်းသန်းခေါင်စာရင်းကိုစကစမတစ်ရာသားတွေအားကိုးနဲ့အတင့်ရဲစွာကောက်ယူမည်ဆိုပါကသင်တို့ရေးတဲ့‌‌ဇာတ်ညွှန်းမှာကျွန်တော်တို့ကိုပုံသွင်းထားတဲ့အတိုင်းဗီလိန်‌နေရာမှဝင်ရောက်သရုပ်ဆောင်ပါမည်။People's Spring အဖွဲ့သူအဖွဲ့သားများအားလုံးတော်လှန်ရေးအောင်သည်အထိကျွန်တော်တို့နဲ့အတူတူရှိနေပေးပြီးညီမဂျာမုန်းလည်းကျန်းမာအောင်နေထိုင်‌ပါ၊ကျွန်တော်အဝေးကနေကြည့်ရင်းညီမအတွက်စိုးရိမ်နေမိတာအမှန်တရားတစ်ခုပါပဲခင်ဗျာ။ကျွန်တော့်ညီမလေးကတော့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာအပြုံးမပျက်ပဲကျန်းမာနေလို့လေးစား‌‌မိ‌ခဲ့ပါတယ်၊အားလုံးသန်မာအောင်အထူးဂရုစိုက်ပြီးနေထိုင်ပါ၊ပြီးပြည့်စုံပြီးအေးချမ်းသောSundayညချမ်းလေးဖြစ်ပါစေခင်ဗျာ။🦚🦚🦚🦚🦚🚩
@KingLove-g1c
@KingLove-g1c 20 сағат бұрын
မင်္ဂလာပါ မြေးလေး
@gyitkal3844
@gyitkal3844 14 сағат бұрын
ပိုက်ဆံပေါနေတာလုပ်ပေါ့..အများအကျိုးပြုလုပ်ရင်ကုသိုလ်ရနေမယ်
@MyoThan-k2q
@MyoThan-k2q Күн бұрын
မုန်းကိုချစ်
@kokyawniang-y9p
@kokyawniang-y9p Күн бұрын
မင်ဂလာပါ
@Ooooooooopk
@Ooooooooopk Күн бұрын
တယုတ်
@BawGa-p9s
@BawGa-p9s 8 сағат бұрын
ကိုယ်အတတ်နဲ့ကိုယ့်စူးမဲ့တယုတ်နိုင်ငံကြဆုံးပါစေ
@KyaukemKme
@KyaukemKme Күн бұрын
🎉❤😂😅😊
@JoungGyi
@JoungGyi 19 сағат бұрын
😂😂😂😂Tlosa khotso ho motho ea mabifi?😅😅😅😅
@lifestory2324
@lifestory2324 19 сағат бұрын
Morning Ja Mone
@wailinhtet4816
@wailinhtet4816 Күн бұрын
❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉
@KyawNyunt-s5o
@KyawNyunt-s5o 17 сағат бұрын
hello
@soewin7108
@soewin7108 Күн бұрын
thank
@AyeNaing-t7k
@AyeNaing-t7k Күн бұрын
ဂျာမုန်ကိုချစ်လိုယူချင်တယ်ဗျာ
@TaunggyiThar-m3w
@TaunggyiThar-m3w Күн бұрын
ယူမလားငါ့အိမ်မှာရှိတယ်ယူချင်ရင်ငါ့ကိုဆက်သွယ်ကွာ😝😝😝😝
@ASPOtada669
@ASPOtada669 5 сағат бұрын
မင်္ဂလာပါဗျ။
@AungKoKo-k2t
@AungKoKo-k2t Күн бұрын
🎉🎉🎉🎉🎉🎉😊😊😊
@laynaingmyo2318
@laynaingmyo2318 14 сағат бұрын
❤❤❤❤❤
@BawGa-p9s
@BawGa-p9s 8 сағат бұрын
မဂ်လာပါဂျာမုန်း❤
@hlanaing8636
@hlanaing8636 Күн бұрын
🎉🎉🎉
@khunkyawsai3095
@khunkyawsai3095 Күн бұрын
❤🎉❤🎉❤🎉
@heinnyi1546
@heinnyi1546 Күн бұрын
❤❤❤
@ukhamkyaw216
@ukhamkyaw216 13 сағат бұрын
မင်္ဂလာပါ
@ukhamkyaw216
@ukhamkyaw216 13 сағат бұрын
မင်္ဂလာပါ
@FhfhhrHfhfjf
@FhfhhrHfhfjf Күн бұрын
တစ်ရုပ်တဲ့ ရုပ်တယ်
@KoKhant-h6i
@KoKhant-h6i 23 сағат бұрын
မင်ာဂလာပါ
@kozawzaw9657
@kozawzaw9657 Күн бұрын
မင်္ဂလာပါညီမဂျာမုန်း❤❤❤
А ВЫ ЛЮБИТЕ ШКОЛУ?? #shorts
00:20
Паша Осадчий
Рет қаралды 9 МЛН
Minecraft Creeper Family is back! #minecraft #funny #memes
00:26
Amazing Parenting Hacks! 👶✨ #ParentingTips #LifeHacks
00:18
Snack Chat
Рет қаралды 23 МЛН
Пришёл к другу на ночёвку 😂
01:00
Cadrol&Fatich
Рет қаралды 11 МЛН
နေ့လယ်ခင်းသတင်း (၂၀၂၄ စက်တင်ဘာ ၃၀ ရက်)
6:36
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 131 М.
ညနေခင်းသတင်း/ People's Spring
6:59
People's Spring
Рет қаралды 20 М.
А ВЫ ЛЮБИТЕ ШКОЛУ?? #shorts
00:20
Паша Осадчий
Рет қаралды 9 МЛН